💦 mermaid 💦

291 28 0
                                    

"ရေလှိုင်းတွေက ကမ်းစပ်ကနေ ထွက်ခွာသွားတယ်လို့ထင်လား"

ကျမ ကမ်းစပ်မှာတယောက်တည်းထိုင်ပြီး
ငေးနေတုန်း ဘေးကနေကြားလိုက်ရတဲ့
အသံတခု အသံကချိုသာပေမယ့်လည်း
ရုတ်တရက်ဆိုတော့ လန့်သွားမိတာပေါ့
ကျမလှည့်ကြည့်လိုက်တော့
အပြာရောင်မျက်ဝန်းတွေကို ပိုင်ဆိုင်ထားပြီး
နီညိုရောင်ဆံနွယ်ရှည်တွေနဲ့ မိန်းမပျိုတယောက်
သူမက ကျမလန့်သွားတာကို သတိပြုမိဟန်နဲ့

"လန့်သွားစေဖို့ မရည်ရွယ်ပါဘူး မင်းက
ရေပြင်ကိုပဲ အကြာကြီးကြည့်နေတာဆိုတော့
ရေလှိုင်းတွေအကြောင်းများ တွေးနေမလားလို့"
"‌ဘာမှမတွေးပါဘူး ဒီအတိုင်းလေးပဲ ကြည်နေခဲ့တာပါ ဒါနဲ့ ရှင်ရော ရေလှိုင်းတွေနဲ့ပတ်သက်ပြီး
ဘယ်လိုထင်လဲ"

သူမက ကျမဘေးမှာ ဝင်ထိုင်လိုက်ပြီးတော့
ရေပြင်ဆီကို မျက်နှာမူထားရင်း

"ရေလှိုင်းတွေက ကမ်းစပ်ဆီမှာ သူတို့ဘဝကိုကုန်ဆုံးဖို့ အရောက်လာခဲ့တာ
နောက်ဆုံးအကြိမ်အဖြစ်နဲ့ ကမ်းစပ်ကို
မြင်ချင်ခဲ့လို့လေ သေဆုံးသွားခဲ့ရင်တောင်
ရေလှိုင်းတွေက ဝိညာဉ်အဖြစ်နဲ့ ကမ်းခြေအနားမှာပဲ ရစ်ဝဲနေဦးမှာ"

သူမက ရေပြင်ကိုငေးပြီး လွမ်းလွမ်းဆွေးဆွေးပြောပြတယ်
ကျမ သူမကိုကြည့်လိုက်တော့ သူမကလည်း
ကျမကိုပြန်ကြည့်လာတယ်
သူမမျက်ဝန်းမှာ လွမ်းဆွတ်မှုရော ပျော်ရွှင်ခြင်းပါ ရောထွေးနေတယ်
သူမမှာ နာကျင်စရာအတိတ်တခုရှိနေခဲ့တာလား
ကျမအနားကို ရုတ်တရက်ရောက်လာတဲ့သူမက
လူရောဟုတ်ပါရဲ့လား
သူမပြောသလို ရေဝိညာဉ်များလား

"ကိုယ်က ဝိညာဉ်မဟုတ်ပါဘူး"

သူမက ကျမအတွေးကို သိနေသည့်အလား
ပြုံးရယ်ပြီး ပြောလာတယ်လေ

"ကိုယ် တစုံတယောက်ကို စောင့်နေခဲ့တာ
ကိုယ့်နှလုံးသားမှာ သူကလွဲပြီး ထည့်မထားချင်တဲ့ လူတယောက် ပြန်လာမယ်ပြောပြီး ထွက်ခွာသွားတဲ့လူတယောက် ကိုယ့်အဖြစ်က ရေလှိုင်းတွေနဲ့ ပိုတူလာပြီ"

ရေလှိုင်းတွေနဲ့ တူတယ်
မဟုတ်မှ နောက်ဆုံးအချိန်ဆိုတာကို သွယ်ဝိုက်ပြောဆိုခြင်းလား
သူမစောင့်နေတဲ့လူနဲ့ရော တွေ့ခဲ့ပြီလား

🍀soul mate🍀Where stories live. Discover now