"လရောင်က လှည့်စားတတ်တယ်တဲ့"
အဲ့ဒီနေ့က လရောင်အောက်မှာ ကျမတို့ရဲ့
ပထမဆုံးတွေ့ဆုံခြင်းတခု အစပြုခဲ့တယ်
အစပြုခဲ့တယ်လို့ဆိုတာက ရှေ့ဆက်မယ့်
နေ့ရက်တွေ ရှိလာတာကြောင့်
အတိအကျပြောရရင် ကျမရဲ့နှလုံးသားနယ်မြေဆီ သူမရဲ့ခြေလှမ်းတချို့ ကျူးကျော်ဝင်ရောက်လာခြင်းအစ"ဘယ်လိုမျိုးလဲ"
"ကိုယ့်မျက်ဝန်းရှေ့က လူတယောက်ကို
ချစ်မိသွားတာမျိုးပေါ့"လရောင်အောက်မှာကိုပဲ သူမရဲ့မျက်ဝန်းတွေက
တောက်ပလွန်းတယ်
ကြယ်တွေဆိုတာ ကောင်းကင်မှာပဲရှိတယ်
ထင်ထားခဲ့တာ
ကျမအတွက်တော့ သူမမျက်ဝန်းမှာ
ကြယ်တာရာတွေကို မြင်နေခဲ့ရတယ်
သူမရဲ့အကြည့်မှာ ညှို့ဓာတ်ပါနေခဲ့သလား
ကျမနှလုံးသားတခုလည်း တုန်လှုပ်လို့
သွေးထဲမှာများ အချိုဓာတ်နည်းနေခဲ့သလား
တလှပ်လှပ်ခုန်နေမိတဲ့ နှလုံးသားက
ထိန်းမရအောင်ပဲ
ပုံမှန်အတိုင်းဆို ချွဲပစ်လွန်းတဲ့
အဲ့လိုစကားလုံးတွေကို မကြိုက်ပါဘူး
သူမနဲ့ကျမှ ကျမစိတ်တွေပြောင်းပြန်ဖြစ်နေခဲ့တယ် ထင်ပါရဲ့"စကားလုံးတွေက ချိုလွန်းတော့လည်း ရင်ကျပ်တတ်တယ် ပြီးတော့ စကားတခွန်းကို အလွယ်မပြောသင့်ပါဘူး"
ကျမစကားကြောင့် သူမက ကျမအနီးကို
ထပ်တိုးလာတယ်
သူမရဲ့အကြည့်ကလည်း ပိုစူးရှလာတယ်
မျက်ဝန်းတွေက စကားဆိုတတ်ပါသလား
ကျမနှလုံးသားကပဲ သူလိုရာဆွဲတွေးပြီး
ဘာသာပြန်နေခဲ့တာလား"ကိုယ့်မျက်ဝန်းကို သေချာကြည့်ပါ
ဘာကိုမှမမြင်နိုင်တာတော့ မဟုတ်ဘူးမလား
မျက်ဝန်းတွေက စကားဆိုတတ်ပါတယ်"သူမက သေချာကြည့်ပါဆိုမှ ကျမကတော့ မျက်လွှာချမိတယ်
ရှက်ရွံ့မိတယ်ဆိုဆို သူမနဲ့ မျက်ဝန်းချင်းဆုံဖို့
ကျမမှာ သတ္တိနည်းခဲ့တယ်
လူတယောက်နဲ့မျက်ဝန်းချင်း အချိန်တခုကြာ
ဆုံမိတဲ့အခါ သူ့ကိုချစ်မိတတ်တယ်တဲ့
လရောင်က လှည့်စားတတ်သလိုပဲ
မျက်ဝန်းတွေကလည်း ရူးမိုက်ခြင်းဆီ
တွန်းပို့တတ်တယ်
လူတယောက်ကို ချစ်မိဖို့ အကြည့်တခုပဲ
လိုမယ်ထင်တယ်
ကျမမှာတော့ ပထမဆုံးအကြည့်တခုနဲ့တင်
သူမကို ချစ်မိဖို့ လုံလောက်ခဲ့တယ်
ရှေးရေစက်ပဲထင်ပါရဲ့
အချိန်တခုကြာ ခေါင်းမော့မလာတဲ့အခါ
သူမက ကျမပါးပြင်ကို ခပ်ဖွဖွထိတွေ့ပြီး
ခေါင်းမော့စေတယ်
ကျမ လူတယောက်ကို အဲ့လိုလွယ်လွယ်
မချစ်ချင်ဘူး
အလွယ်ချစ်မိတဲ့အခါ အချစ်တခုက
အလွယ်ပျောက်ပျက်မသွားပေမယ့်
နာကျင်မှုကိုတော့ အလွယ်ရတတ်တယ်
နာကျင်မှုကို မလိုချင်တော့ဘူး
စူးရှတဲ့သူမအကြည့်က နွေးထွေးခြင်းဆီ
ဦးတည်သွားတယ်
ကျမမျက်ဝန်းမှာ အဖြေတွေရှိနေခဲ့တာလား
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions