🖤 rainy night 🖤

173 10 2
                                    

ကျမဘဝထဲကို သူမရောက်လာတဲ့အချိန်က
အပြင်မှာ မိုးတွေရွာနေခဲ့တာ
လေတွေက တဝုန်းဝုန်းတိုက်ခတ်လို့
အမှောင်ယံက ဖုံးလွမ်းထားပေမယ့်
လျှပ်စီးက မကြာခဏလက်တော့
ပတ်ဝန်းကျင်ကအရာတွေကို မြင်နေရတယ်
မိုးရွာနေတာကို ပြတင်းတံခါးက ထိုင်ကြည့်နေတုန်းမှာ သူမက ကျမရဲ့အမြင်အာရုံထဲကို
ဝင်ရောက်လာခဲ့တယ်
ထီးမပါ မိုးကာလည်းဝတ်မထားပဲ
လမ်းပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ လျှောက်သွားနေတဲ့ မိန်းမပျိုတယောက်
သူမတကိုယ်လုံးက မိုးရေတွေနဲ့စွတ်စိုလို့
အအေးဒဏ်ကြောင့်လား သူမအသားအရေက
ဖြူဖျော့လွန်းနေခဲ့တယ်
ကျမလည်း သိပ်ပြီးမစဉ်းစားတော့ပဲ
သူမရှိရာ ထီးတလက်ကိုင်ပြီး အပြေးသွားလိုက်တယ်
သူမအပေါ်ကို မိုးရေတွေကျမလာတော့မှ
ခေါင်းမော့လာတဲ့သူမ
အနီရောင်မျက်ဝန်းတစုံ
သူမငိုနေခဲ့တာလား ဒါမှမဟုတ်

"အိမ်ထဲလိုက်ခဲ့မလား ရှင့်ကြည့်ရတာ
ဖြူဖျော့နေတော့လေ ထီးလည်းမပါဘူး"

သူမက ခေါင်းညိတ်ပြတယ်

ကျမရဲ့အိမ်ငယ်လေးထဲကိုရောက်တော့
သူမအတွက် အဝတ်တွေထုတ်ပေးလိုက်ပြီး

"အနောက်ခန်းထဲမှာ အဝတ်တွေသွားလဲလိုက်ပါ
အဝတ်တွေက ရေစိုနေတော့ ရှင်ဖျား‌နေလိမ့်မယ်"
"ရပါတယ် ကိုယ် ခဏပဲနေမှာ"

သူမက စကားပြောတတ်သားပဲ
ရှတတအသံနဲ့ ညှို့ဓာတ်ပါနေသလို
နားထောင်လို့တော့ကောင်းသား

"မဟုတ်တာပဲ သွားလဲလိုက်ပါ ကျမကော်ဖီဖျော်လိုက်မယ်"

ကော်ဖီဆိုတဲ့အသံကြားတော့ သူမမျက်ဝန်းက
ပိုတောက်ပလာခဲ့တယ်
အဲ့တော့မှ အဝတ်လဲဖို့ အနောက်ခန်းထဲဝင်သွားလေရဲ့

"ကျမသောက်နေကျအတိုင်း ကော်ဖီကို ခါးခါးလေးပဲ ဖျော်လိုက်မယ်"
"ဟုတ်"

ကျမရဲ့အဝတ်တွေက သူမနဲ့မှ ပိုလိုက်ဖက်နေသလို
သူမရဲ့နှုတ်ခမ်းက နီရဲနေတာကလွဲပြီး ကျန်တဲ့အသားအရေက ဖြူဖျော့လို့

"ရှင် ချမ်းနေလား အနွေးထည်ထပ်ဝတ်မလား
"
"ကိုယ် အဆင်ပြေပါတယ်"

ဖြူဖျော့နေပေမယ့် သူမကြည့်ရတာ ချမ်းနေတဲ့ပုံလည်း မပေါ်ပါဘူး

🍀soul mate🍀Donde viven las historias. Descúbrelo ahora