#မာရီယာ
သူမကို စတွေ့ခဲ့တာက တောင်ကုန်းလေးထက်မှာ
တိမ်တွေနဲ့အနားသတ်ထားတဲ့ကောင်းကင်ကို မော့ကြည့်နေတဲ့ မိန်းမပျိုတယောက်
သူမရဲ့ဆံနွယ်တွေက လေနဲ့အတူ လွင့်ဝဲလို့
စိမ်းစိုနေတဲ့သစ်တောကို နောက်ခံပြီးရေးဆွဲထား သော အသက်ဝင်နေတဲ့ပန်းချီကားတချပ်လို"တိမ်တွေကို သိပ်ချစ်တာပဲလား" လို့
ကျမမေးလိုက်တော့
"တိမ်တွေကို ချစ်တာပေါ့ ဒါပေမယ့်မချစ်ချင်ဘူး"
"ဘာလို့လဲ မာရီယာ"
"တိမ်တွေဆိုတာ ခဏနဲ့ လွင့်ပြယ်သွားတတ်တဲ့
အရာတွေလေ လေအဝေ့တချက်မှာပဲ သူတို့က
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
တိမ်တွေကိုချစ်မိသူတိုင်းက နာကျင်ရတယ်"
"ဒါဆို တိမ်တွေကို မချစ်တော့ဘူးလား"မာရီယာက နွမ်းလျစွာပြုံးတယ်
နာကျင်မှုတွေမှာ အသားကျနေတဲ့ပုံစံလိုမျိုး"တစုံတယောက်ကို ချစ်မိတဲ့အခါမှာ ပျော်ရွှင်ရတယ်မဟုတ်လား အဲ့ဒီအချိန်မှာ နာကျင်မှုကို ထည့်မတွေးကြတော့ဘူးလေ နာကျင်ရမှာကို သိနေပေမယ့်လို့"
"မာရီယာရဲ့ နာကျင်မှုတွေကို ကျမနဲ့အတူ ဝေမျှနိုင်မလား"မာရီယာက ကျမကိုကြည့်ပြီး သိပ်လှစွာပြုံးတယ်
စိတ်ထဲမှာ ကျေနပ်မှုရှိတဲ့အခါ ကျမတို့တွေ
လွတ်လပ်ပေါ့ပါးစွာ ပြုံးရယ်တတ်ကြတယ်မဟုတ်လား
ချုပ်နှောင်ခြင်းကင်းတဲ့အပြုံးတွေဟာ သိပ်လှတယ်လေ"နာကျင်မှုတွေဆိုတာ အတိတ်တခုပါပဲ
အတိတ်ဆိုတာမျိုးက ဆွဲခေါ်နေစရာမလိုတဲ့ ဖြစ်ရပ်တချို့ပါ မာရီယာက ရှင်နဲ့အတူ
ပျော်ရွှင်စရာတွေကိုပဲ မျှဝေချင်တာ
နာကျင်မှုတွေရောပါနေမယ်ဆိုပေမယ့်လည်း
မာရီယာတို့အတူ ပျော်ရွှင်မှုတွေကိုပဲ
ကြိုးစားရှာဖွေကြမယ်လေ နာကျင်မှုတွေမှာ
အကောင်းမြင်စိတ်ထားပြီး ကျော်ဖြတ်ကြမယ်ဆိုရင် ပျော်ရွှင်မှုမရတောင် ကျေနပ်မှုတချို့တော့ ဖြစ်မှာပါ""ကျမလက်ကို အမြဲတွဲထားနိုင်မလား မာရီယာ
ကျမဘက်က တွန့်ဆုတ်နေရင်တောင် လက်မလွှတ်ပဲ ဆုပ်ကိုင်ထားနိုင်မလား"
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions