ရာသီဥတုသာယာတဲ့ အဲ့ဒီနေ့မှာ
ကျမ သူမကိုစတွေ့ခဲ့တာ
ကျမအတွက် သာယာတဲ့ရာသီဥတုဆိုတာ
ကောင်းကင်မှာတိမ်တွေအုံ့ဆိုင်းပြီး
ညို့မှိုင်းမှိုင်းဖြစ်နေတဲ့ နေ့ရက်ကိုပြောတာပါ
ကျမက ထူးဆန်းတယ်မဟုတ်လား
နေရောင်နဲ့ကျမက သိပ်ပြီးဓာတ်မတည့်ဘူးလေ
အဆိုးရွားကြီးတော့လည်း မဟုတ်ပါဘူး
အနည်းငယ်ထိခိုက်စေတာပေါ့လမ်းမကြီးဘေးက စာအုပ်ဆိုင်ထဲကို
ကျမဝင်လိုက်တဲ့အချိန်မှာပဲ သူမကို တွေ့ခဲ့ရတာ
ponytail စည်းထားတာကြောင့် သူမရဲ့လည်တိုင်လေးက ရှင်းနေတယ်
ဖြူလွန်းတဲ့အသားအရေကြောင့်ရော သွေးကြောစိမ်းလေးတွေပါ မြင်နေရတယ်
ကျမသေချာကြည့်တာတော့ မဟုတ်ပါဘူး
စာအုပ်စင်တွေကြားက လမ်းကျဉ်းထဲမှာ
ရှောင်လိုက်ချိန် အနီးကပ်မြင်လိုက်ရတာကြောင့်
သူမက စာအုပ်တအုပ်ကို အသည်းအသန်ဖတ်နေခဲ့တော့ ကျမကို သတိမထားမိပါဘူး
ကျမ အဲ့လိုပဲထင်ခဲ့တာပေါ့
နောက်လှည့်ကြည့်လိုက်တဲ့ သူမမျက်ဝန်းကို
ကျမ မမြင်ခဲ့ဘူးလေ
သူမနှုတ်ခမ်းတွေနဲ့အတူ မျက်ဝန်းတွေပါ ကွေးညွတ်သွားတဲ့ အပြုံးတခုကိုရောကျမ သူမနဲ့မျက်နှာချင်းဆိုင်ကို ရောက်သွားပြီး
လိုချင်တဲ့စာအုပ်တွေ လိုက်ရှာနေပေမယ့်
ကျမစိတ်ကတော့ စာအုပ်တွေဆီမှာ ရှိမနေခဲ့ပါဘူး
ဆောင်းလေအေးတွေဝင်ရောက်လာတိုင်း
လွင့်ပါနေတဲ့သူမရဲ့ဆံနွယ်တွေကြားမှာ
ကျမစိတ်က လူးလွန့်လှုပ်ရှားလို့
စာအုပ်တွေကြားက မြင်နေရတဲ့ ဝိုးတဝါးပုံရိပ်
ဆိုပေမယ့် လှပတဲ့အဆင်းသဏ္ဍာန်ကတော့
မှေးမှိန်သွားခြင်းမရှိခဲ့ပါဘူးကျမ စာအုပ်တွေဆီ အာရုံစိုက်လိုက်ချိန်မှာပဲ
ကျမရှေ့ကနေ သူမပျောက်ကွယ်သွားခဲ့တယ်
ပြန်သွားခဲ့ပြီလား
လွမ်းဆွတ်မှုတခုက မဖိတ်ခေါ်ပဲ ဝင်ရောက်လာပြန်တယ်
အခုမှမြင်ဖူးတဲ့ တစိမ်းတယောက်အတွက်
လွမ်းဆွတ်ခြင်းဆိုတဲ့ စကားလုံးက
သုံးသင့်ပါရဲ့လား ကျမ မသိဘူးကျမ ဂျူးရဲ့ "ကြယ်စင်တံတားကမ်းပါးနှင်းမြူ"
စာအုပ်ကို လှမ်းယူလိုက်ချိန်
ကျမလက်ပေါ် ရောက်ရှိလာတဲ့လက်တဖက်
နွေးလိုက်တာ
ကျမလှည့်ကြည့်လိုက်တော့ သူမဖြစ်နေခဲ့တယ်လေ
သူမရဲ့မူပိုင် eye smile တခုနဲ့
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions