*a tangled red cord*

117 10 0
                                    

"ကျမတို့နှစ်ယောက် ဘယ်လိုဝေးကွာသွားကြတာလဲ ဟုတ်လား အဲ့ဒီအကြောင်းပြချက်ကို
ကျမကိုယ်တိုင်လည်း သိချင်နေခဲ့တာပါ
ကျမတို့နှစ်ယောက်က တမိုးအောက်မှာလည်း
အတူရှိနေကြတယ်
တယောက်နဲ့တယောက်မြင်နိုင်တဲ့ အကွာအဝေးတခုနဲ့
ဆိုပေမယ့်
ကျမတို့နှလုံးသားတွေကတော့ ဝေးကွာလွန်းတယ်
အရင်က ကျမလက်ကို အမြဲဆုပ်ကိုင်ထားခဲ့ပေမယ့်
အခုဆို မျက်ဝန်းချင်းဆုံဖို့တောင် မဖြစ်နိုင်တော့ဘူး
ကျမရင်ခွင်ထဲကို အမြဲတိုးဝင်ခဲ့တဲ့သူမက
အခုဆို ကျမဆီက နွေးထွေးတဲ့အပြုံးလေးတခု‌
တောင် မရချင်တော့ဘူးလေ
သူမမျက်ဝန်းမှာ ကျမအတွက် ကြင်နာရိပ်တွေ
မြင်နေရပေမယ့်
ကျမနှလုံးသားမှာလည်း သူမအတွက်
ချစ်ခြင်းတွေအပြည့်ရှိပေမယ့်
ဘယ်လိုအရာတွေကများ ကျမတို့ကြားမှာ
ခြားနားထားလဲ မသိနိုင်ဘူး
အရွယ်ရောက်လာခြင်းကြောင့်လား
ပတ်ဝန်းကျင်ကြောင့်လား
ကျမတို့တွေ သတ္တိနည်းခဲ့လို့ပဲဖြစ်မှာပါ
အောင်မြင်မှုကြောင့်လား
သူမကလွဲပြီး ဘယ်အရာကိုမှ တန်ဖိုးသိပ်မထားခဲ့ပါဘူး
သူမက ကျမအတွက် favorite person အဖြစ်နဲ့
ရှိနေတုန်းပါပဲ
သူမကိုပြောချင်မိတဲ့စကားတွေက ဖွင့်ဟခွင့်မရှိတဲ့ နှုတ်ခမ်းပါးတွေအောက်မှာပဲ ကျပျောက်သွားတယ်
သူမအနားကို တိုးသွားဖို့ ကျမခြေလှမ်းတွေ
ရွှေ့မိတိုင်း ချုပ်နှောင်ထားတဲ့ကြိုးတွေက
တစထက်တစများလာတယ်
ဘာကြောင့်လဲ
အငြင်းပွားမှုတွေ မတူညီမှုတွေမရှိပါပဲ
ကျမတို့ကြားမှာ ဝေးကွာမှုတွေက သိပ်များလာတာ
ကျမ ဒီအခြေအနေကြီးကို မလိုချင်ဘူးလေ
ပြတ်သားတဲ့စကားတခွန်းနဲ့ ကျမကိုမုန်းတယ်လို့
ပြောတာမှ ပိုခံသာပါသေးတယ်
ကျမဘေးက လစ်ဟာသွားတဲ့နေရာတခုကို
သူမအတွက် ချန်ထားတုန်းပါပဲ
သူမရော ကျမနေရာမှာ ဘယ်သူ့ကိုမှ
အစားမထိုးနိုင်ဘူးမဟုတ်လား
အတိတ်ကဖြစ်ရပ်တွေနဲ့ တူညီတဲ့ပုံစံတွေကို
မြင်ရတိုင်း ကျမတို့နှစ်ယောက်လုံး နာကျင်နေရတယ်လေ
ကျမကို ဂရုမစိုက်သလိုနေရတာ
သိပ်ပင်ပန်းတယ်မဟုတ်လား
ကျမအတွက်လည်း တိတ်တဆိတ်စိတ်ပူနေရတာ
သိပ်ပင်ပန်းတယ်
အခုရော နာကျင်မှုတွေရလာတိုင်း ဘယ်သူ့ပခုံးထက်မှာ ငိုနေလဲ
တယောက်နှလုံးသားကိုတယောက်မြင်နိုင်တဲ့
အနေအထားကနေ သူစိမ်းတွေဖြစ်သွားရတာ
တကယ်ကို ခက်ခဲလွန်းတယ်
မြင်နေရတာတောင် ကျမမှာ ကာကွယ်ပေးခွင့်
မရှိတော့ဘူး"

🍀soul mate🍀Where stories live. Discover now