"ရာ အိပ်တော့လေ ညနက်နေပြီ
မနက်ကျ wedding သွားရဦးမယ်မဟုတ်လား"
"ဟုတ်ကဲ့ မမ
ရာ ကြယ်ကြွေတာစောင့်နေတာပါ"
"ကြယ်ကြွေတာကို ဆုတောင်းဖို့လား"
"ဟင့်အင်း..
ကြယ်ကြွေတာမြင်ရလည်း ဆုမတောင်းဖြစ်ခဲ့တာကြာပါပြီ မမ
ပြီးတော့ ရာ သူ့ကို မြင်နေရရင်ပဲ လုံလောက်ပါပြီ"
"ကလေးရယ် မမဘာလုပ်ပေးရမလဲ"သူမနဲ့ကျမရဲ့အကြောင်း သိတာဆိုလို့ မမတယောက်ပဲရှိတယ်
ရှေးရိုးဆန်တဲ့မိသားစုနှစ်ခုကြောင့် ကျမတို့အကြောင်း ဖုံးကွယ်ထားခဲ့ရတယ်
ပြီးတော့ ကျမတို့နှစ်ယောက်လုံး သတ္တိမရှိခဲ့ကြဘူး
တကယ်တမ်း သတ္တိမရှိတာက ကျမတယောက်တည်းပဲ ထင်တယ်
ကျမက တာဝန်ယူရမှာတွေ အဲ့လိုမျိုး commitments တွေကို ကြောက်တယ်သူမကို စတွေ့ခဲ့တာက အခုလို အေးစက်နေတဲ့ဆောင်းတညမှာ
အလုပ်ကနေ ပြန်လာပြီး ချမ်းလာတာနဲ့ အရင်ဆုံးတွေ့တဲ့ ကော်ဖီဆိုင်တဆိုင်ထဲကို ဝင်လိုက်တယ်
ကော်ဖီဆိုင်ထဲဝင်လိုက်ရင်ပဲ လှော်နံ့သင်းတဲ့ကော်ဖီရနံ့မွှေးမွှေးက ကျမကို ကြိုဆိုတယ်
အဲ့တာနဲ့ ကပ်ပါလာခဲ့တာက မိန်းကလေးတယောက်ရဲ့ သီချင်းသံ
angel voice လို့ တင်စားကြတဲ့ အသံမျိုး
တည်ငြိမ်ပြီး အေးချမ်းတယ်
ဒါပေမယ့် သူမအသံက ကျမရင်ကို နွေးထွေးစေတယ်"ဘာသောက်မလဲ ညီမလေး"
"espresso တခွက်ပေးပါ"
"ခဏစောင့်ပါနော်"
"ဟုတ်"ကျမမျက်ဝန်းတွေကတော့ စင်ပေါ်က မိန်းက လေးဆီကနေ ရွှေ့လို့မရခဲ့ဘူး
သူမက ဂစ်တာကို ကိုယ်တိုင်တီးပြီး သီချင်းဆိုနေခဲ့တာ
ကော်ဖီလာချချိန်မှာတော့ သူမရဲ့သီချင်းဆိုသံလည်း ရပ်သွားတယ်
အခု ကျမလိုအပ်နေတာ ကော်ဖီလား သူမရဲ့အသံလား မသိတော့ဘူးကျမသီချင်းဆိုနေတုန်း မိန်းကလေးတယောက်ကို မြင်လိုက်ရတယ်
all black ဝတ်ထားပြီး မိန်းကလေးဖြစ်ပေမယ့် သူမရုပ်ရည်က သန့်ပြန့်နေတယ်
ဆံပင်က မတိုမရှည်ပုံစံနဲ့
သူမကြည့်ရတာ ချမ်းနေတဲ့ပုံပါပဲ
ကျမလည်ပင်းက မာဖလာ သူမကို ပတ်ပေးချင်လိုက်တာ
ဒါပေမယ့် ကျမ သူမကို မသိဘူး
တစိမ်းတယောက်က စကားလာပြောတာကို သူမက ကြိုက်ပါ့မလား
သူမကို ကြည့်ရတာ တခြားသူတွေကို သိပ်ပြီး ဂရုစိုက်တဲ့ပုံမပေါ်ဘူး
တခုပဲ ဆိုင်ထဲဝင်လာကတည်းက သူမက ကျမကို ငေးကြည့်နေခဲ့တယ်
KAMU SEDANG MEMBACA
🍀soul mate🍀
Romansa🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions