အခုခေတ် witchs တွေကလည်း တံမြက်စည်းပျံ
သုံးကြပါတယ်
တံမြက်စည်းပျံကို feminist သင်္ကေတတခုအနေနဲ့လည်း ရည်ညွှန်းဖော်ပြကြတယ်
မမက ကျမနောက်ကနေ တံမြက်စည်းပျံစီးပြီး လိုက်လာတယ်
နှင်းမှုန်တွေနဲ့ရောနေတဲ့ လေအေးတွေကို ဖြတ်တိုးရတာကြောင့် ခန္ဓာကိုယ်တခြမ်းက အေးခဲနေပြီ
အခုချိန်မှာ ကျမ အတောင့်တဆုံးက နွေးထွေးမှု
အဲ့ဒီနွေးထွေးမှုက မမရင်ခွင်ကလွဲပြီး ဘာဖြစ်နိုင်ဦးမှာလဲ
ဒါပေမယ့် ကျမ မမအနားကို မသွားရဲဘူး
ကျမကိုယ်ကျမ ထိန်းချုပ်နိုင်မှုမရှိတာကြောင့်
ထိခိုက်နာကျင်စေမှာ စိုးပါတယ်
အတောင်ပံတွေက ရိုက်ခတ်ပါများတော့ လေးလံနွေးကွေးလာတယ်
နောက်ကလိုက်လာတဲ့ မမလည်း ကျမကို မီလာပြီ
ပင်ပန်းလွန်းလာတော့ ကျမရဲ့အတောင်ပံတွေက လှုပ်ရှားမှုမရှိတော့ဘူး
အခုမှ ဓားရာတွေရဲ့နာကျင်မှုက ပိုတိုးလာပြန်တယ်
ကျမရဲ့မျက်ဝန်းတွေလည်း ဖွင့်ရတာ ခက်ခဲလာပြီ
အဲ့ဒီတခဏ ကျမရဲ့ဝင်သက်ထွက်သက်တွေလည်း ရပ်တန့်သွားသလို
အမှောင်ထုက ကြီးစိုးလာပြီး ဝိညာဉ်ကင်းမဲ့နေသလို ကျမခန္ဓာကိုယ်က မြေပြင်ဆီကို ထိုးဆင်းကျသွားတယ်
ကျမ ပင်ပန်းနေပါပြီကျမ သတိရလာတဲ့အခါ နားထဲမှာ ရေကျသံတွေကို ကြားနေရတယ်
ကျောပြင်အောက်မှာရှိတဲ့ အထိအတွေ့က နူးညံ့နေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့
မြက်ခြောက်တွေကို ကျစ်ရက်ထားတဲ့ဖျာတချပ်ဖြစ်နေတာကို တွေ့ရတယ်
အလင်းရောင်လာနေတဲ့နေရာကို လှမ်းကြည့်လိုက်တော့ ရေတွေစီးကျနေတဲ့ရေတံခွန်တခု
အဲ့တာက ဝင်ပေါက်ဖြစ်မယ်
ရေတံခွန်နောက်မှာရှိတဲ့ဂူတခုထဲကို ရောက်နေတာပါလား
ဘယ်လိုလုပ်ပြီးတော့.."ကလေး နိုးနေပြီလား"
မမက ရှေ့တိုးလာတဲ့အခါ ကျမထိုင်နေရင်းနဲ့ပဲ အနောက်ကို ဆုတ်လိုက်တယ်
ပေါ့ပါးနေတဲ့ခန္ဓာကိုယ်ကြောင့် ကျောပြင်ကို
စမ်းကြည့်တော့ အတောင်ပံနဲ့တူတဲ့အရာတွေကို
မတွေ့ရဘူး
မနေ့ညက အဖြစ်အပျက်က အိပ်မက်တခုလား
နာကျင်နေတဲ့ဒဏ်ရာတွေကတော့ စစ်မှန်ခြင်းကို
ဖော်ပြနေပါတယ်
ကျမခန္ဓာကိုယ်ကလည်း အားအင်မဲ့နေသလို
အတွေးတွေများလို့လား ခေါင်းတွေလည်း
တအားကိုက်နေတယ်
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions