*someone sequel*

186 11 0
                                    

"ရာ မမကို စောင့်နေမှာလား"
"ဟင့်အင်း..
ရာ မမကို စောင့်နေမှာမဟုတ်ဘူး"
"ဘာလို့လဲ
ရာ မမကို မချစ်တော့ဘူးလား"
"ရာ မမကို ချစ်ပါတယ်
အဲ့ဒီအချစ်ကလည်း မပြောင်းမလဲပဲ အရင်အတိုင်း ရှိနေမှာ
ဒါပေမယ့် ရာ မမကို ဆက်ချစ်မှာမဟုတ်တော့ဘူး"
"ဘာလို့လဲ"
"ဘာလို့လဲဟုတ်လား မမ
ရာ့ကို ဘာလုပ်စေချင်တာလဲ
ရာက လူတယောက်ရဲ့အတိတ်ကို ထည့်တွက်လေ့ရှိတဲ့သူမဟုတ်ပေမယ့် ပစ္စုပ္ပန်ကိုတော့ အလေးထားတယ်
တခြားတယောက်နဲ့ လက်ထပ်ပြီးတဲ့အမျိုးသမီး တ‌ယောက်ကိုတော့ ရာ ဆက်မချစ်နိုင်ဘူး မမ
ရာက အခြားသူတွေသတ်မှတ်ထားတဲ့ အစဉ်အ လာတွေ ထုံးတမ်းတွေကို အဲ့လောက်ထိ လိုက်နာတတ်တဲ့သူမဟုတ်ပေမယ့် ပိုင်ရှင်ရှိနေပြီးတဲ့ အမျိုးသမီးတယောက်ကိုတော့ ရာ မချစ်နိုင်ဘူး
တခြားသူရင်ခွင်မှာရှိနေတဲ့ မမကို ကျေကျေနပ်နပ်နဲ့ ကြည့်နေနိုင်ရအောင် ရာ အဲ့လောက်ထိ သဘောထားမကြီးဘူး မမ
မမနားမလည်ဘူးလား ရာ အငယ်အနှောင်းမဖြစ်ချင်ဘူး"
"ရာ သိပါတယ်
အဲ့တာက စာချုပ်တခုသက်သက်ပဲလေ"
"ဒါပေမယ့် မမတို့က အများအမြင်မှာ လက်ထပ်ထားတာပဲလေ
ပြီးတော့ တမိုးအောက်မှာ အတူနေကြမှာ
လူတွေကရော ရာ့ကို ဘယ်လိုပြောကြမလဲ
ရာ မမအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်
ဒါပေမယ့် အဲ့လောက်ထိ ရာ့မာနကို လွှတ်ချဖို့တော့ ရာ မလုပ်နိုင်ဘူး မမ"

အစပိုင်းမှာ မငိုတော့ဘူး အားတင်းထားပေမယ့်မျက်ရည်တွေက ထိန်းမရအောင် စီးကျလာတယ်
မမရဲ့မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့
ဒီဆုံးဖြတ်ချက်ကိုချရတာက ကျမအတွက် သိပ်ခက်ခဲပါတယ်
မမလည်း ကျမကို လက်မလွှတ်နိုင်တာသိပေမယ့်
ကျမ အခြားယောက်ျားတယောက်နဲ့ အတူရှိနေမယ့် မမကို မကြည့်နိုင်ဘူး
တချိန်ချိန်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်မဟုတ်လား

"မမသိလား"

ကျမ မျက်ရည်တွေကို လက်ခုံနဲ့ ဖိတွန်းပြီး သုတ်လိုက်တယ်

"လူတယောက်ကို တကယ်ချစ်ရင် အဲ့ဒီအချစ်အတွက် တိုက်ခိုက်ဖို့လည်း လိုတယ်
အချစ်ဆိုတာက သန်မာတဲ့သူတွေအတွက်ပဲ မမ"
"ဒါဆို ရာရော မမအတွက် တိုက်ခိုက်မပေးချင်ဘူးလား"
"ဒါက တဖက်တည်းကတိုက်ခိုက်ရုံနဲ့ အနိုင်ရနိုင်တဲ့ ဂိမ်းတခုမှမဟုတ်တာ မမ
ရာပဲ တိုက်ခိုက်နေလို့ ဘာပြန်ရမှာလဲ
သူများတွေရဲ့ နှိမ့်ချတဲ့စကားသံတွေလား
ရာ ဘာကိုမှဂရုမစိုက်တာက မမသိပါတယ်
အဲ့တာက ရာ မှန်တာကိုပဲ လုပ်ခဲ့တာမို့
အခု ရာလုပ်ရမယ့်အရာတခုက မှန်မနေဘူး မမ"

🍀soul mate🍀Dove le storie prendono vita. Scoprilo ora