ဖွင့်ထားတဲ့ပြတင်းတံခါးဆီကနေ
ဆိတ်ဖလူးပန်းရနံ့တွေက တဖြေးဖြေးတိုးဝင်လာနေတယ်
မိုးသက်နံ့တွေက ရောပါလို့
မိုးစက်ကျသံမကြားတော့တာနဲ့ အခန်းအပြင်ထွက်ပြီး လရောင်အောက်မှာ ထိုင်နေမိတယ်
အကြောင်းပြချက်လား...
မရှိပါဘူး
ဒီအတိုင်း လရောင်နဲ့ထိတွေ့ချင်ရုံသက်သက်ပါပဲ
အေးမြမှုကို ပေးလို့လား
အထီးကျန်စိတ်နှလုံးကို နွေးထွေးစေလို့လား
အဲ့ဒီခံစားမှုတခုတည်းကြောင့်တော့ မဟုတ်တာသေချာတယ်
လပြည့်ညတွေရောက်တိုင်း ကျမရဲ့ရူးသွပ်မှု
တခု
ရူးကြောင်ကြောင်အကျင့်တခုလို့ ဆိုရမလား
လရောင်အောက်မှာ ထိုင်နေရခြင်းကိုပဲ
နှစ်သက်တတ်ခဲ့တာ
လမင်းကို မော့ကြည့်ပြီး ငေးနေမိခြင်းက
ရူးသွပ်လွန်းတယ်မဟုတ်လား
တစုံတယောက်ကို စောင့်မျှော်မိခြင်းလား
ကိုယ်တိုင်လည်း မသိပါဘူး"လမင်းမှာ ဘာတွေ့လဲ"
"အွန်"ကျမလှည့်ကြည့်လိုက်တော့ မိန်းမပျိုတယောက်
အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး
ဆိတ်ဖလူးပန်းတွေကို အခွေလေးလုပ်ကာ
ခေါင်းပေါ်မှာ တင်ထားတယ်(ပန်ထားတယ်
ပြောရမလား)
ဘယ်ကနေများ ရောက်လာခဲ့တာလဲ
ဒီနေ့လပြည့်ညဆိုတော့ ညဉ့်နက်တဲ့အထိ
လူတွေသွားလာနေကြတာပဲ
အဲ့ထဲက တယောက်ဖြစ်မယ်"ယုန်ကလေးလား တကယ်တော့အရိပ်တွေပဲ
မြင်တာပါ တခါတခါတော့ သိပ်လှတဲ့မျက်နှာတခုကို မြင်ရတယ်"
"ကိုယ့်မျက်နှာနဲ့တူလား"
"သိပ်တော့မသေချာဘူး ဆင်သလိုပဲ
ဒါပေမယ့် ဘာလို့ ရှင့်မျက်နှာဖြစ်ရမှာလဲ"
"လပြည့်ညရဲ့လမင်းကို ငေးကြည့်ရင်
ဖူးစာရှင်ကို မြင်ရတတ်တယ်တဲ့"
"မဖြစ်နိုင်တာပဲ"ကျမရဲ့စကားကြောင့် သူမကရယ်မောတယ်
ဆည်းလည်းသံလို နားဝင်ချိုလိုက်တာ
ကျမစိတ်ကတော့ လမင်းဆီမှာ မရှိတော့ဘူး
သူမက ညှို့ယူဖမ်းစားတတ်တဲ့ လူတယောက်လား
အမည်တပ်ရခက်တဲ့မွှေးရနံ့က သူမခေါင်းထက်က ဆိတ်ဖလူးပန်းကြောင့်လား
သူမရောက်လာမှ အအေးဓာတ်က ပိုလာသလို
ညကနက်လာတော့ နှင်းတွေပိုကျလာတာဖြစ်မယ်
ကျမလက်ဖျားတွေပါ အေးစက်တုန်ယင်လာတယ်
အိမ်ထဲကို ဝင်ဖို့ထရပ်လိုက်တော့
သူမက ကျမလက်ကို ဆုပ်ကိုင်လာတယ်
အေးစက်မနေဘူးပဲ
နွေးထွေးနူးညံ့လွန်းတယ်
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions