*fortune*

102 9 4
                                    

ကျမအသက် 4 နှစ်မှာ မမရဲ့အသက်က 17
အရွယ်ရောက်စ မမရဲ့အလှက ကျမကြည့်နေကျဇာတ်ကားတွေထဲက မင်းသမီးနဲ့ သိပ်တူတာ
ဆံပင်ရှည်တွေကို ဘေးမှာချထားပြီး
ရိုးရှင်းပေမယ့်လည်း ကျမတော့ တအားသဘောကျတယ်
မမက ကျမရဲ့ favorite person ပေါ့
အသားဖြူဖြူ မျက်ခုံးမွှေးထူထူလေးနဲ့
ကလေးငယ်တယောက်ဖြစ်တဲ့ ကျမကို
မမကလည်း သိပ်ချစ်ခဲ့တာ
မမရင်ခွင်က ကျမရဲ့အိမ်ပေါ့
မမဘယ်သွားသွား ကျမက မမရဲ့လက်ကိုဆွဲပြီး
နောက်က တကောက်ကောက်လိုက်နေမိတော့လည်း မမက သည်းခံခဲ့တာပါပဲ
မမက သိပ်သဘောကောင်းတာ
ရိုးသားပြီး ဖြူစင်လွန်းတယ်

ကျမအသက် 9 နှစ်ရောက်တော့ မမရဲ့အသက်က 22
မိန်းမပျိုတယောက်ဖြစ်စပြုလာတဲ့ မမက
သိပ်ကိုလှတာ
အပြစ်ပြောစရာကင်းမဲ့တဲ့ခန္ဓာကိုယ်နဲ့
အဲ့ဒီအချိန် ကျမတွေးခဲ့မိတာက
ကြီးလာရင် မမလိုဖြစ်ချင်တယ်
မမက ကျမရဲ့ idol တယောက်ပေါ့
မမနဲ့ကျမတို့နှစ်ယောက်မှာ တူညီတဲ့အချက်က
မွေးရက်တူပြီး မျက်ခုံးမွှေးထူထူလေးတွေ
ပိုင်ဆိုင်ထားကြတာပါပဲ

အရင်လိုပါပဲ မမရဲ့ရင်ခွင်ထဲ တိုးဝင်မိနေတုန်း
မမကလည်း ပွေ့ဖက်ထားပေးတုန်း
ကျမပါးပြင်ထက်က မမရဲ့အနမ်းတွေအပေါ်မှာ
ရင်မခုန်တတ်သေးတဲ့အရွယ်
ကလေးဘဝကတည်းက မပြောင်းလဲတဲ့အရာတခုက
မမချော့မှသာ စိတ်ကောက်ပြေတတ်တာရယ်
မမစကားကိုပဲ နားထောင်တတ်တာရယ်
အဲ့လောက်ထိ မမက ကျမအပေါ်မှာ
လွှမ်းမိုးထားခဲ့ပါတယ်

ကျမအသက် 14 နှစ် မမရဲ့အသက်က 27 ကို
ရောက်ချိန်မှာ
မမအပေါ်မှာထားတဲ့ ကျမသဘောထားတွေက
အရင်လို မရိုးသားတော့ဘူး
ကျမနှလုံးသားကို နားလည်တတ်ခဲ့တယ်
ပြောရမလား
အရွယ်ရောက်စ ကျမနှလုံးသားမှာ
ဘယ်အချိန်ကတည်းက ဖြစ်တည်နေလဲမသိတဲ့
ခံစားမှုတခုက အမြစ်တွယ်နေခဲ့ပြီ
မမရဲ့အထိအတွေ့တွေမှာလည်း ရင်ခုန်တတ်ခဲ့ပြီ
အကြောင်းမဲ့ မမမျက်နှာကို ငေးကြည့်နေမိတတ်တဲ့ ကျမရဲ့အပြုအမူတွေကို မမကတော့
မမြင်သလိုဟန်ဆောင်ထားတယ်
မမလက်တွေကို ဆုပ်ကိုင်ထားတော့လည်း
အသာတကြည်ခွင့်ပြုပေးခဲ့တာပါပဲ
မမရင်ခွင်ဆီ တိုးဝင်ခဲ့တော့လည်း
ဆီးကြိုပွေ့ဖက်ထားပေးဆဲ

🍀soul mate🍀Donde viven las historias. Descúbrelo ahora