"heimiao ~ soul mate"

191 18 0
                                    

soul mate ဆိုတာမျိုးက ကြိုတင်သတ်မှတ်ထားတဲ့ကံကြမ္မာတခုနဲ့ ကြိုးနီလေးရစ်ပတ်ခံထားရတဲ့ လူနှစ်ယောက်ကို ခေါ်တာမဟုတ်လား
ဘဝမှာ ကိုယ့်ရဲ့ soul mate ဖူးစာဖက်အစစ်အမှန်ကို တွေ့ဆုံဖို့က 1 in 10,000 life times ရှိတယ်လို့ ပြောကြပြန်တယ်
ဒီဘဝမှာပဲ ကိုယ့်ရဲ့ soul mate နဲ့ တွေ့ဆုံဖို့ဆိုတာ လွယ်ကူတဲ့ဖြစ်ရပ်တော့ မဟုတ်ခဲ့ဘူး
ကိုယ့်မှာ ပိုင်ဆိုင်ခွင့်ရနေတယ်ဆိုရင် ဒါက ကြီးမားလွန်းတဲ့ကောင်းချီးတခုပါ
စကားလုံးတွေ အများကြီးမလိုပဲ အကြည့်တခုနဲ့တင် အရာရာနားလည်နေတတ်တဲ့ ရင်ဘတ်ချင်းနီးသူတွေ
လူနှစ်ယောက်ဆိုပေမယ့် စိတ်ဝိညာဉ်တခုတည်းကို ဝေမျှသုံးစွဲနေသလိုမျိုး
နှစ်ယောက်အတူရှိမှ ဘဝတခုဖြစ်တည်နေသလို
အခုဘဝမှာပဲ အဲ့လိုလူမျိုးတယောက်ကို ပိုင်ဆိုင်ခွင့်ရထားခဲ့ရင် ဘယ်လိုအကြောင်းနဲ့မှ
တွဲထားတဲ့လက်တွေကို လွှတ်မချသင့်ဘူး
ဘာကြောင့်ဆိုရင် တန်ဖိုးကြီးမားလွန်းလို့ပါ

"yaoyao ဒီနေ့ group ထဲကို generation အသစ်တွေ ရောက်လာမယ်တဲ့"

shen mengyao တို့က 5th generation တွေပါ
အခုရောက်လာမှာက 6th နဲ့ 7th generation တွေပါတဲ့
အငယ်တွေရောက်လာရင် စောင့်ရှောက်ပေးရမှာက
စီနီယာတွေရဲ့တာဝန်မဟုတ်လား
dorm တခုတည်းမှာ အတူနေရမှာဆိုတော့
သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက်ပါ ဂရုစိုက်ပေးရတယ်

နည်းပြဆရာက ကလေးတွေကို ခေါ်လာပြီး
ကျမတို့နဲ့ မိတ်ဆက်ပေးတယ်
အဲ့ဒီထဲမှာ မရယ်မပြုံးနဲ့ နှုတ်ခမ်းတွေကို စူပုတ်ထားတဲ့ကလေးတယောက် ပါလာတယ်
အဲ့လိုပုံစံ‌ဖြစ်နေပေမယ့် သူမက အမြင်ကတ်ဖို့
မကောင်းပါဘူး
ကလေးဆန်ပြီး ချစ်စရာကောင်းတယ်
ချဉ်းကပ်ဖို့ကတော့ ခက်ခဲမယ့်ပုံပါပဲ
သူမနာမည်က yuan yiqi တဲ့
ကလေးက တခြားသူတွေနဲ့ မရောပဲ သီးသန့်လိုဖြစ်နေတာကြောင့် ကျမ သူမဆီသွားလိုက်တယ်
ကျမရဲ့မူပိုင် eye smile တခုကို မျက်နှာမှာ ချိတ်ဆွဲထားရင်းနဲ့

"shen mengyao လို့ခေါ်ပါတယ် သူငယ်ချင်းတွေကတော့ yaoyao လို့ခေါ်တယ်"

ကျမ လက်ဆန့်ပေးလိုက်တော့ ပြန်ဆုပ်ကိုင်ဖို့ကို
သိနေခဲ့ပါတယ်

🍀soul mate🍀Dove le storie prendono vita. Scoprilo ora