ကျမတို့ တကယ်ပဲ မှားယွင်းတဲ့အချိန်မှာ တွေ့ဆုံခဲ့ခြင်းလား..
တောင်ပေါ်ဒေသလေးတခုရဲ့ ဆောင်းမနက်ခင်းက
ပိန်းပိတ်နေအောင်ကျနေတဲ့ နှင်းမှုန်တွေကြောင့်
ပတ်ဝန်းကျင်ကိုတောင် မမြင်နိုင်ဘူး
မြင်လေသမျှက အဖြူရောင်နှင်းထုကြီးသာ
ကျမ အိမ်ရှေ့မှာ ရပ်ကြည့်နေတုန်း မမက အနားကို ရောက်လာတယ်"မျက်နှာသစ်ပြီးပြီလား မမ"
"အင်း ကလေးရော"
"ဟုတ် ပြီးသွားပြီ
ရာနဲ့ တနေရာလိုက်ခဲ့မလား
မမကို ပြစရာရှိတယ်"
"သွားကြမယ်လေ"မမက လက်ကမ်းပေးလာတဲ့အခါ ကျမ မမလက်ကို ဆုပ်ကိုင်လိုက်တယ်
ကျမက ရှေ့ကနေ သွားရမှာမဟုတ်လား
ပြီးတော့ မမကို လှည့်ကြည့်ပြီး ရယ်ပြလိုက်တယ်
ဘာကြောင့်များ အဲ့လောက်ထိ သဘောကျနေပါလိမ့်ကျမ မမလက်ကို ဆွဲပြီး အိမ်အရှေ့ဘက်က
တောင်ကုန်းဆီ တက်လာလိုက်တယ်
တောင်ကုန်းထိပ်ဆီရောက်ဖို့ ကြားမှာ ပြောင်းခင်းနဲ့ ပင်စိမ်းသီးပင်ကို ဖြတ်လာရတယ်
ပြောင်းက အမှုန့်ကြိတ်ဖို့သုံးတဲ့ cp အစေ့ထုတ်ပြောင်းဖြစ်တာကြောင့် ဒီအတိုင်းပြုတ်စားရင်တော့ ကြမ်းတယ်"ပြောင်းဖူးစားချင်လိုက်တာ.."
ပြောင်းဖူးတွေက တအားသီးတော့ ပြောင်းခင်းထဲကနေ ဖြတ်တဲ့အခါ မမက ခပ်တိုးတိုးရေရွတ်တယ်
"ဒီအတိုင်းတော့ စားလို့မကောင်းဘူး မမရဲ့
ဒါပေမယ့် စားလို့ရအောင် ရာလုပ်ပေးမယ်"
"တကယ်လား"
"တကယ်ပြောတာ မမက စားချင်မှတော့
ရာကိုယ်တိုင်လုပ်ပေးရမှာပေါ့
ဒါနဲ့ မမ မျက်လုံးခဏမှိတ်ထားလို့ရမလား"
"ရတာပေါ့"ကျမ မမနောက်ကို သွားပြီး မျက်ဝန်းတွေကို လက်နှစ်ဖက်နဲ့ ပိတ်လိုက်တယ်
"ခဏလေးလမ်းလျှောက်လိုက်ဦး မမ
ရှေ့နားပဲ"
"အွန်း.."
"ရောက်ပါပြီ ရာ့လက်ကို ဖယ်လိုက်တော့မယ်နော်"
"အာ..စိတ်လှုပ်ရှုားလိုက်တာ"
"ဖွင့်ကြည့်ပါဦး"
"so beautiful! လှလိုက်တာကိုပဲ"ကျမတို့ရှေ့မှာ မြင်နေရတာက တောင်စောင်းတလျှောက်ရှိနေတဲ့ အဝါရောင်ပန်းနှမ်းခင်းကြီးနဲ့
ချိုင့်ဝှမ်းထဲမှာ ပြေးလွှားနေတဲ့တိမ်တွေ
နေအလင်းက နှင်းထုကြားကနေ တိုးထွက်ပြီး
ကြိုကြားဖြာကျနေတာရော
ခပ်လှမ်းလှမ်းမှာက တောအုပ်နဲ့ တောင်ယာစိုက်ခင်းတွေ
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions