*my dearest senior*

122 6 0
                                    

သူမနဲ့ မတွေ့ခင် ကျမဘဝထဲ သူမဝင်ရောက်မလာခင်မှာ ကျမနှလုံးသားက
"အဖြူရောင်"
တိတ်ဆိတ်ပြီး အထီးကျန်တယ်ဆိုပေမယ့်
ကျမဘဝက အေးချမ်းခဲ့တယ်
အခန်းငယ်လေးမှာ တယောက်တည်း ပုန်းနေတတ်ခဲ့ရင်း
ကျမဘဝကို ပေါ့ပါးစွာ ဖြတ်သန်းခဲ့တယ်
ကျမ ဘဝထဲ သူမဝင်ရောက်လာတဲ့နေ့
ကျမနှလုံးသားမှာ ပန်းရောင်တစွန်းတစ အရိပ်ထင်လာတယ်
သူမကတော့ ကျမကို သတိမထားမိခဲ့ပါဘူး
ကျမကိုယ်တိုင်လည်း သူမကိုမှ ဘာကြောင့်သတိထားမိသွားလဲမသိဘူး
perfect ဖြစ်ပြီး ထင်ပေါ်နေတဲ့စီနီယာတွေအများကြီးထဲမှာမှ သူမကို ဘယ်လိုလုပ်ပြီး
သတိထားမိသွားခဲ့တာလဲ ကျမ နားမလည်ဘူး
ကျမရဲ့စီနီယာဖြစ်တဲ့ သူမက အဲ့ဒီအချိန်မှာ
နှင်းတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ snowdrop ပန်းငယ်လေးလို
တိမ်မြုပ်နေတဲ့ အဖိုးတန်ကျောက်ရိုင်းတပွင့်လို
သူမခန္ဓာကိုယ်မှာ အရောင်မှိန်တဲ့အဖြူရောင်အလင်းတန်းတွေပဲ ဖုံးလွှမ်းထားတယ်
တောက်ပမှုမရှိတဲ့ပန်းငယ်လေးကိုမှ ကျမက
သတိထားမိသွားခဲ့ပါတယ်
သူမနဲ့ ဆုံတွေ့ချိန်တိုင်း လှုပ်ရှားလာတတ်တဲ့စိတ်နဲ့ ကျမ အမြဲငေးကြည့်ခဲ့တယ်
သူမကတော့ မသိခဲ့ပါဘူး
အဲ့ဒီအတွက်လည်း အပြစ်မတင်နိုင်ခဲ့ဘူး

ကျမ သူမဘဝကို တောက်ပစေချင်တယ်
သူမကို အရောင်စုံတဲ့အလင်းတန်းတွေနဲ့ လွှမ်းခြုံထားတာမျိုးကို မြင်ချင်ခဲ့တယ်
ကျမက introvert တယောက်ဖြစ်ပေမယ့် သူမဆီရောက်ဖို့ ခြေလှမ်းတွေကို စတင်ခဲ့တယ်
မဝံ့ရဲမှုတွေနဲ့ ကျမရဲ့တောင်းဆိုမှုကို ငြင်းဆန်မှာလည်း စိုးရိမ်ပါတယ်

"စီနီယာ ကျမနဲ့အတူ best partner မှာ ပါပေးပါလား"
"ဘာလို့ အရင်မေးတာလဲ"

စီနီယာတယောက်ကို တောင်းဆိုဖို့က လုံလောက်တဲ့သတ္တိရှိဖို့တော့ လိုတယ်မဟုတ်လား

"သတ္တိဆိုတာ ခံစားမှုတခုပါ
တကယ်လို့သာ အဲ့ဒီခြေလှမ်းကို မစလိုက်ရင်
နောင်တရမယ်ဆိုတာကို သိနေတာကြောင့်
စီနီယာဆီ မလာခဲ့မိရင် ကျမ တချိန်လုံး
နောင်တရနေမယ်ထင်တယ်"

ကျမအတွက် တခြားသူမရှိတာမျိုးမဟုတ်ပေမယ့်
ကျမအနားမှာ သူမပဲ ရှိစေချင်တာကြောင့်
ကျမချစ်တဲ့သူမကို တောက်ပတဲ့နေ့ရက်တွေ
ပိုင်ဆိုင်စေချင်တာကြောင့်
သူမအတွက် အကောင်းဆုံးဖြည့်စည်းပေးချင်တာကြောင့်

🍀soul mate🍀Where stories live. Discover now