"ငါ နင့်ဆီ ပြန်လာခဲ့မယ်"
အဲ့ဒီစကားက ကတိတခုလား ဆန္ဒလား
ကျမ မသိခဲ့ဘူး
မိန်းကလေးတယောက်က မိန်းကလေးတယောက်ဆီကို ပြန်လာမယ်ပြောခြင်းက သူမတို့
အတူရှိနေဖို့လား
အဲ့ဒီမိန်းကလေးကရော သူမကို စောင့်နေမှာတဲ့လား ဘာအတွက်လဲ
မိန်းကလေးနှစ်ယောက်က အတူရှိနိုင်လား အဲ့ဒီအချိန်တုန်းက ကျမ မသိခဲ့ဘူး
10 နှစ်ဆိုတဲ့အရွယ်က အလုံးစုံသောအကြောင်းအရာတွေကို ဘယ်နားလည်နိုင်မှာလဲ"wishing flower လို့ခေါ်တဲ့ dandelion ဒုဓလီပန်းခြောက်လေးကို လေနဲ့မှုတ်ပြီး ဆုတောင်းလိုက်ရင် အစေ့လေးတွေက တောင်းဆုပြုသူရဲ့ ဆုတောင်းတွေ အိပ်မက်တွေကို ချစ်ရတဲ့သူတွေဆီ သယ်သွားပေးတယ်တဲ့ ရာ"
ကျမ ရီယို့ကို နှုတ်ဆက်တော့ သူမလက်ထဲမှာ ဒုဓလီပန်းခြောက်လေးတပွင့် ကိုင်ထားတယ်
"ငါ အဲ့တာကို goblin ဇာတ်ကားထဲမှာ မြင်ဖူးတယ် ရီယို"
"အဲ့တာက တကယ်ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ ရာ"
"ဘာကိုလဲ"
"ငါ နင့်ကို goblin ဖြစ်စေချင်တယ်"
"ဘာလို့လဲ"
"ဒါဆို ငါ ဆုတောင်းလိုက်တာနဲ့ နင်က ငါ့အနား
ရောက်လာနိုင်တယ်လေ"
"ငါ့ကို မေ့မသွားနဲ့နော် ရီယို"
"နင်သာ ငါ့ကို မေ့မသွားပါနဲ့ ရာ
ငါ နင့်ကို စောင့်နေမယ်"သူမကို ထားခဲ့တော့ သစ်တောထဲမှာ ဒုဓလီပန်းတွေ တအားပွင့်နေတယ်
ကျမရဲ့အိမ်က သစ်တောအစပ်မှာရှိပြီး ရီယို့အိမ်က မြို့ထဲမှာ
သူမက ကျမဆီ အမြဲလာတတ်ပြီး ကျမတို့နှစ်ယောက် သစ်တောထဲက တောင်ကုန်းလေးထက်မှာ သွားကစားလေ့ရှိကြတယ်
တောင်ကုန်းပေါ်မှာ ဒုဓလီပန်းခင်းရှိပြီး အဲ့ဆီကနေ မြင်ရတဲ့ရှုခင်းက တအားလှတာကြောင့်
မိသားစုလိုက် ပြည်ပထွက်ကြမယ်ဆိုတာကြောင့် ကျမ မွေးရပ်မြေကို ထားခဲ့ရတယ်
ရီယိုဆိုတဲ့ ကျမရဲ့သူငယ်ချင်းမလေးကိုရော18 နှစ်
အချိန်တွေ ကုန်သွားတာ မြန်သလား နှေးသလား
ကျမ မသိနိုင်ခဲ့ဘူး
အခြားသူတွေနဲ့ ထပ်တူကျအောင် အမီလိုက်ဖို့ ကြိုးစားရင်း
ကျမအတွက် နားချိန်ဆိုတာ မရှိခဲ့တာကြောင့်
18 နှစ်ကြာပြီးမှပဲ ကျမရဲ့မွေးရပ်မြေကို ပြန်ချေချခွင့်ရခဲ့တယ်
ကျမတို့အိမ်ကိုတော့ အလုပ်သမားတွေက တနှစ်တခါ ခြံလာရှင်းပေးကြတယ်
ကျမပြန်လာမယ်ဆိုတော့ သူတို့က ကြိုရှင်းထားပြီး အိမ်ကိုပါ ကျမအတွက် သေချာပြင်ပေးထားတယ်
ŞİMDİ OKUDUĞUN
🍀soul mate🍀
Romantizm🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions