*love is a beautiful pain*

107 8 2
                                    

"တခါတလေမှာ လူတယောက်ကိုချစ်ရင်
အကွာအဝေးတခုကနေ ငေးကြည့်နေတာပဲကောင်းတယ်"
"ဘာလို့လဲ"
"နီးကပ်သွားတဲ့ခြေလှမ်းတွေနဲ့ထပ်တူ
နာကျင်မှုတွေ ပြန်ရတတ်လို့
ပြီးတော့ ငါတို့တွေ တစုံတယောက်ကိုချစ်ရခြင်းမှာ စွဲလမ်းသွားတဲ့အခါ သူက ကိုယ့်ကို မချစ်မှာထက် ကိုယ့်ဘက်က သူ့ကို အရင်လို ဆက်မချစ်နိုင်တော့တဲ့အခါ ပိုနာကျင်ရတယ်
ငါချစ်ခဲ့တာ ဒီလိုလူတယောက်ပါလားဆိုပြီး
ပေးခဲ့ရတဲ့အချစ်တွေက အလဟဿဖြစ်သွားတဲ့အခါ ချစ်ခဲ့ခြင်းကို နောင်တမရပေမယ့်
နာကျင်ရတယ်လေ
တအားကို နာကျင်ရတယ်
သူ့အကြောင်းတွေးမိတိုင်း မျက်ရည်တွေကျလာမယ်
ဘာကြောင့် ငါ့ကို နည်းနည်းလေးမှ အသိအမှတ်မပြုရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လာမယ်
ဘယ်သူမဆို မျှော်လင့်မိမှာပဲလေ
ကိုယ်သိပ်ချစ်တဲ့လူတ‌ယောက်က ကိုယ့်အပေါ်ကို နားလည်ပေးနိုင်ဖို့
ဒါပေမယ့် အချစ်ဆိုတာ ဖန်တီးရယူလို့ ရနိုင်တာမဟုတ်တော့..
နားလည်ပါတယ်
ငါတို့ ဘယ်လောက်ပဲချစ်ခဲ့ပါစေ
ပြန်မရနိုင်တဲ့ချစ်ခြင်းတွေအကြောင်း
အသိအမှတ်ပြုမှုတောင်မရှိနိုင်တဲ့ နင်းခြေခံနှလုံးသားတွေအကြောင်း"
"နင့်မှာ ငါရှိတယ်လေ
နင့်ရဲ့နှလုံးသားကိုမှ ပိုင်ဆိုင်ချင်တဲ့ငါ့လိုလူတ‌ယောက်ကိုတော့ နင် မမြင်နိုင်ဘူးလား"

သူမက ကျမကို မော့ကြည့်ပြီး အပြစ်တင်တယ်
မဟုတ်ပါဘူး
သူမက တောင်းဆိုနေတာ

"နင်သိပါတယ်
အချစ်ဆိုတာ အဲ့လိုမျိုး လုပ်ယူလို့မရဘူးလေ
ငါက နှလုံးသားကိုပဲ ရှေ့တန်းတင်တတ်တဲ့လူတယောက်
ငါ့မှာ နင့်အတွက် ပေးစရာခံစားချက်မရှိဘူး
နောက်ပြီး
ငါ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး"

သူမက ကျမလက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်

"ငါ့ကို အသုံးချပါ
နင့်အတွက် စိတ်ထွက်ပေါက်တခုအနေနဲ့ပဲဖြစ်ဖြစ်
နင်စိတ်ကြိုက် သုံးသွား
အနည်းဆုံး ငါက နင့်အတွက် အသုံးချခံဖြစ်နေရင်တောင် ငါ ကျေနပ်တယ်
ငါ့ကို အဝေးဆုံးထိတော့ တွန်းမပို့ပါနဲ့"
"နင် ဘာလို့များ နာကျင်နေမယ့်လမ်းတခုကို
ရွေးရတာလဲ
နင်က ငါနဲ့မထိုက်တန်ပါဘူး
အဲ့တာက နင် ငါ့ကို စွန့်ပစ်သွားနိုင်ဖို့ ပြောတာလည်း မဟုတ်ဘူး
ငါက တကယ်ကို မကောင်းတဲ့လူတယောက်မို့
နင့်အချစ်နဲ့ မတန်ဘူးလေ"

🍀soul mate🍀Donde viven las historias. Descúbrelo ahora