"lunacy(lunatic effect)ဆိုတာကို ကြားဖူးလား လူတွေအပေါ် လရောင်ရဲ့သက်ရောက်မှုလေ"
"ကလေးက အဲ့လို ထူးထူးဆန်းဆန်းတွေ
တအားသဘောကျတာပဲနော် အဲ့တာကြောင့်
ကွဲပြားနေတာ"
"အဲ့တာက အကောင်းပြောတာလား အဆိုးပြောတာလား"သူမက အလိုမကျစွာ မျက်ခုံးတွန့်ချိုးထားမိတဲ့ကျမရဲ့ခေါင်းကို ဖွဖွပုတ်ပြီး ရယ်နေတယ်လေ
"ကိုယ်ချစ်ရတဲ့သူကို ဘယ်သူက အဆိုးပြောမှာလဲ ပြောပြပါဦး lunacy အကြောင်းကို"
"တိကျတဲ့အထောက်အထားတွေမရှိပေမယ့်
လူတွေယုံကြည်နေကြတဲ့အရာတွေပေါ့"
"အွန်း"
"လပြည့်ညတွေမှာဆိုရင် အိပ်ပျော်ဖို့ခက်ခဲကြသလို စိတ်လိုက်မာန်ပါပြုမူတတ်ကြတယ်တဲ့
စိတ်ကျန်းမာရေးအပေါ်မှာဆိုရင်လည်း
ရူးသွပ်မှုဓာတ်ခံရှိရင် euphoria ကို
ပိုဆိုးစေတတ်တယ်တဲ့"
"ကောင်းတဲ့သက်ရောက်မှုတွေတော့ မဟုတ်ဘူးပဲ
အထောက်အထားတွေရော ရှိလား"
"အွန်း ရှိတယ် အိန္ဒိယမှာဆိုရင် လူတွေယုံကြည်ကြတာက လကြတ်တဲ့အခါ အစာမစားသင့်ဘူးတဲ့"
"ဘာလို့လဲ"
"လကြတ်တဲ့အခါ UV rays လို့ခေါ်တဲ့ ပြင်းထန်တဲ့အနီအောက်ရောင်ခြည်တွေကို ထုတ်လွှတ်တယ် ရေနဲ့ချက်တဲ့ဟင်းတွေမှာ ရေက အဲ့ဒီအလင်းတန်းတွေကို စုပ်ယူပြီး အစားအစာတွေကို
အဆိပ်သင့်စေတယ်ဆိုပြီး ယုံကြည်ကြတယ်
လူမှာလည်း အဲ့လိုပဲလေ
လူ့ဦးနှောက်မှာက ရေပါဝင်မှုများတော့ အဲ့ဒီသဘောတရားအတိုင်း စိတ်ကျန်းမာရေးကို
သက်ရောက်နိုင်တာမျိုးဖြစ်မယ်"ကျမပြောပြတဲ့အခါ သူမက ငြိမ်ပြီး
နားထောင်နေခဲ့တယ်
နားထောင်ပေးတတ်တဲ့လူတယောက်ဆိုတာ
ကိုယ့်ကို အလေးထားလို့မဟုတ်လား
ပြီးတော့ အဲ့လိုလူမျိုးက အခြားသူတွေထက်
ပိုချစ်ဖို့ကောင်းတယ်လို့ပြောရင် လိပ်မျိုးလို့
ဆိုရမလား မတတ်နိုင်ဘူးလေ"ပြီးတော့ရော"
"ကောင်းတဲ့အချက်တွေ ပြောပြမယ်
ရှေးခေတ်ဂရိနဲ့ရောမမှာဆိုရင် မိန်းကလေးငယ်တွေကို လခြမ်းပုံအဆောင်တွေ ပေးတတ်ကြတယ်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေရဲ့နှောင့်ယှက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြသလို
လခြမ်းပုံအဆောင်က ကျန်းမာတဲ့ကိုယ်ဝန်ကို
ဖြစ်စေပြီး ကလေးမီးဖွားတဲ့အခါမှာလည်း
စောင့်ရှောက်မှုပေးနိုင်တယ်ဆိုပြီး အယူရှိကြတယ် ဒဏ္ဍာရီတခုဆိုရင် လရောင်က အမျိုးသမီးတယောက်ကို ပိုလှစေတယ်တဲ့"
VOCÊ ESTÁ LENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions