မျက်ဝန်းတွေကိုပိတ်စည်းထားတဲ့ ဖဲကြိုးအနီကနေ ရင်းနှီးနေတဲ့ရေမွှေးရနံ့ကို ရတယ်
လက်တွေကိုတော့ နောက်ပစ်ပြီး ထိုင်ခုံနဲ့
ကပ်ချည်ခံရထားတယ်
အေးစက်စက်အနေအထားနဲ့ တချက်တချက် air freshener ရနံ့ကို ရနေတာကြောင့် အခန်းတခုထဲ ရောက်နေမှန်းတော့ သိတယ်
ကျမ ပြန်ပေးဆွဲခံခဲ့ရတာလား
တညလုံး ခုံပေါ်မှာ လက်ကို နောက်ပြန်ကြိုးတုပ်ထားတဲ့အနေအထားနဲ့ အိပ်ခဲ့ရတာလား
ဒါပေမယ့် ကျမခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေတာမျိုးတော့ မရှိခဲ့ပါဘူး
အဲ့ဒီအတိုင်းမဟုတ်ခဲ့ဘူးပေါ့
ဒီလိုအခြေအနေကို ဘယ်လိုရောက်လာတာလဲမနေ့က အလုပ်ကိစ္စတွေမရှိတာကြောင့် ကျမတယောက်တည်း ကော်ဖီဆိုင်သွားပြီး
စာဖတ်နေခဲ့ဝာာ
ကောင်းကင်မှာတော့ တိမ်ညိုတချို့အုပ်ဆိုင်းလို့
မိုးဖွားလေးတွေက တစက်ပြီးတစက်ကျလာတယ်
တံစက်မြိတ်ဆီကနေ တတောက်တောက်ကျနေတဲ့
ရေကျသံရယ်
ဆိုင်ထဲမှာဖွင့်ထားတဲ့ သီချင်းသံအေးအေးရယ်
I do ဆိုတဲ့သီချင်းပါ
ကျမဘဝမှာရော လူတယောက်ကို တွေ့တာနဲ့
ကျမဘဝကြီးပြောင်းလဲသွားသလိုမျိုး ခံစားရဖူးပါသလားလူတယောက်တော့ရှိတယ် ကျမရဲ့စီနီယာပါ
သူမက အေးစက်စက်နဲ့ ခပ်တည်တည်နေတတ်တဲ့လူတယောက်
ကျမတယောက်တည်းရဲ့အမြင်မှာတော့
အဲ့လိုပုံစံမျိုးပါပဲ
အခြားသူတွေနဲ့ဆိုရင်တော့ သူမက ပြုံးရယ်နေတတ်ပါတယ်
သူမက အလုပ်ကလွဲပြီး ကျန်တဲ့ကိစ္စတွေ
သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး
သူမ ကနေချိန်ဆိုရင် သူမရဲ့စိတ်ဝိညာဉ်ကပါ
စီးပါနေပြီး နက်နက်ရှိုင်းရှိုင်းခံစားရတယ်
အကမှာလည်း သူမက သိပ်တော်တယ်လေ
သူမဆီကနေ အကြည့်တွေကို ရှောင်ဖယ်လို့မရအောင်လည်း ညှို့နိုင်လွန်းတယ်ကျမတို့ ပထမဆုံးစဆုံတော့ စီနီယာဖြစ်တဲ့သူမ
ဘက်ကအရင် လက်ကမ်းပေးခဲ့တယ်
group တခုတည်းမှာဖြစ်တာကြောင့်လည်း
သူမနဲ့နီးကပ်တဲ့အနေအထားမှာ
သူမက ကျမရဲ့ guardian လည်း ဖြစ်နေပြန်တယ်လေ
ဒါပေမယ့် သူမဆီကနေ ကျမအတွက် ပြုံးရယ်ခြင်းဆိုတာ သိပ်မရှိပါဘူး
အမြဲတမ်းတင်းကျပ်တဲ့စည်းကမ်းတွေနဲ့
ကျမကို သင်ပြတယ်
သူမကျေနပ်တဲ့ result မရမချင်း ထပ်ခါထပ်ခါလေ့ကျင့်ရတာကြောင့် ညဉ့်နက်သွားတာက များပါတယ်
ဒါကြောင့် အမြဲတမ်း လေ့ကျင့်ခန်းထဲမှာ
နှစ်ယောက်တည်းနေရတဲ့အချိန်က များခဲ့တယ်
ပင်ပန်းလားဆိုတော့ တကယ်ကို ပင်ပန်းတာပေါ့
ဒါပေမယ့် ကျမကျေနပ်ပါတယ်
စီနီယာက ကျမအနားမှာ တချိန်လုံးရှိနေပေးတယ်လေ
![](https://img.wattpad.com/cover/230560569-288-k136217.jpg)
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions