*spring flower~နွေဦးရဲ့ပန်းတပွင့်*

316 11 2
                                    

"အားဆေးသောက်သွားဦးလေ"
"ငယ်က သောက်ရမှာမဟုတ်လား
လေတိုက်ရင်တောင် လွင့်ပါသွားမယ့်ပုံစံဖြစ်နေတာလေ"
"မောင်က အားရှိနေမှ ဖြစ်မယ်လေ ဒီနွေဦးတော်လှန်ရေးမှာ မောင်က ရှေ့ကနေ ဦးဆောင်ခဲ့တာဆိုတော့ ရှေ့ဆက်ပြီး လျှောက်ရမယ့်လမ်းတွေ များတယ်လေ
ငယ်က အပြင်ထွက်ရတဲ့သူမှမဟုတ်တာ
ပြီးတော့.."
"မပြောနဲ့တော့နော် အပြင်မထွက်ရလို့
ကိုယ့်ကိုယ်ကို အပြစ်မတင်ရဘူးလေ ငယ်က CDM လည်း လုပ်တယ် ကြုံရင်ကြုံသလို keyboard fighter လည်း လုပ်နေတယ်လေ
ပြီးတော့ အမြဲဆုတောင်းပေးနေတာပဲကို
အားတင်းထားရမယ်နော်"
"ဒါပေမယ့် ငယ်လည်း အပြင်ထွက်ချင်တယ်လေ အပြစ်မကင်းတဲ့စိတ်နဲ့ မနေချင်ဘူး"
"အခုချိန်မှာ ငယ်က ရှေ့မထွက်နိုင်ဘူး
ဒါပေမယ့် ဒီတော်လှန်ရေးကြီး ပြီးသွားတဲ့အခါ
ငယ်အလုပ်တွေ အများကြီးလုပ်ရဦးမှာလေ
အခုချိန်မှာ ကိုယ်တတ်နိုင်တဲ့ဘက်က
ပါဝင်ရင်းနဲ့ အမှန်တရားဘက်ကနေ ရပ်နေတာပဲမဟုတ်လား အဲ့လောက်နဲ့ လုံလောက်ပါတယ်ကွယ် ငယ် ကျန်းမာနေမှ ဖြစ်မယ်လေ"
"ဒါပေမယ့်.."

သူမက ကျမစကားသံတွေကို ဖြတ်ပစ်တယ်
နူးညံ့လွန်းတဲ့ သူမရဲ့နှုတ်ခမ်းတစုံနဲ့ပေါ့
ရဲရင့်လွန်းတဲ့သူမမှာ နူးညံ့တဲ့ချစ်ခြင်းတွေရှိတယ်
အပြစ်ကင်းတဲ့နှလုံးသားတစုံကိုရော
အဲ့ဒီနှလုံးသားတခြမ်းက ကျမအတွက်ပါတဲ့
ကျန်တဲ့တခြမ်းကတော့ အမှန်တရားနဲ့ငြိမ်းချမ်းခြင်း သာတူညီမျှခြင်းအတွက်ပါတဲ့
တူညီမှုသာမရှိရင် ပေါင်းစည်းဖို့ဆိုတာ
မဖြစ်နိုင်ဘူးမဟုတ်လား
ကျမအတွက်ပေးထားတဲ့ နှလုံးသားတခြမ်းနဲ့ပဲ
ကျမရောင့်ရဲနိုင်ရမှာပေါ့
ကျမချစ်သူက မောင်ဖြစ်နေတာကြောင့်လေ

"မောင့်ကို ဆုတောင်းပေးပါဦး"
"နေ့စဉ် ပဌာန်းနဲ့ဂုဏ်‌တော်တွေ ရွတ်ဖတ်ပွားများရတဲ့ကောင်းမှုတွေကြောင့် မောင်တယောက်ဘေးကင်းပါစေ မြန်မာပြည်သားညီနောင်များလည်း ဘေးကင်းကြပါစေ"
"လာပါဦး"

ကျမ မောင့်ရဲ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်တယ်
နေ့ရက်တိုင်းက မသေချာမှုတွေနဲ့ ရှင်သန်နေရတာမဟုတ်လား
အမှန်တရားဘက်မှာ သမ္မာဒေဝနတ်မြတ်နတ်ကောင်းတွေက စောင့်ရှောက်တာကြောင့်
ကူညီပေးဖို့တောင်းဆိုရတာလည်း အမောပါပဲ
ကျမရဲ့အတ္တနဲ့ မောင့်ကို ပိုပြီးဘေးကင်းစေချင်ပါရဲ့
အဲ့ဒီဆုတောင်းက မကောင်းမှန်းတော့ သိပါတယ်
ဖြစ်နိုင်မယ်ဆိုရင် မြန်မာပြည်ကြီးကို အမြန်ဆုံး
ဘေးကင်းစေချင်တာပါပဲ
နွေဦးက မဝေးတော့ဘူးဆိုပေမယ့် ဆုံးရှုံးမှုတွေ ထပ်မလိုချင်တော့ဘူး
အဲ့ဒီလွတ်လပ်ခြင်းကို အမြန် ထိတွေ့ချင်လှပြီ

🍀soul mate🍀Where stories live. Discover now