"အချစ်က တစုံတယောက်ကို ရှာဖွေတွေ့ရှိခြင်းမဟုတ်ဘူး ဒေလီယာ ငါတို့ကိုယ်ငါတို့ ရှာဖွေတွေ့ရှိခြင်းပဲ
ငါတို့ဘဝရဲ့အချစ်စစ်ကို တွေ့ရှိတဲ့အခါမှသာ ငါတို့က အဲ့လိုလူတယောက်ဖြစ်နိုင်သေးပါလားဆိုပြီး သိရတာ
အဲ့ဒီအတွက် ငါတို့ချစ်ရသူက perfect lover ဖြစ်နေဖို့မလိုဘူး ငါတို့ရဲ့နေ့ရက်တွေကို အဓိပ္ပါယ်ရှိစေပြီး ပြည့်စုံစေဖို့ပဲ လိုအပ်တယ်
ငါတို့ကို နွေးထွေးစေပြီး သူရှိနေရုံနဲ့ ငါတို့ရဲ့ကမ္ဘာကြီးကို တောက်ပလာအောင် လုပ်နိုင်တဲ့သူမျိုး
အဲ့တာကြောင့် ပြောကြတာ အချစ်က ငါတို့ကို ရှင်သန်စေတယ်ဆိုပြီး"
"နင်က အဲ့လိုပြောနိုင်မှာပေါ့ ရာ
နင့်မမက နင့်ကို သိပ်ချစ်တာလေ"
"အဲ့တာကြောင့် ငါပြောပါတယ် အချစ်စစ်ကို တွေ့ရင်လို့
ဒါပေမယ့် နင်မသိပါဘူး ဒေလီယာ ငါ့မှာ နေ့တိုင်း မမအနားကို သွားနိုင်ဖို့ ဘယ်လောက်ထိ အားတင်းခဲ့ရလဲ မမက ငါနဲ့ မထိုက်တန်တဲ့လူတယောက်လေ ငါတို့က ကွာခြားတယ်"
"အဲ့တာနဲ့ပဲ နင့်မမကို လက်လွှတ်နိုင်လား"
"ငါ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး ဒေလီယာ
မမက ငါပထမဆုံးအနေနဲ့ တကယ်ချစ်မိတဲ့လူတယောက်
ငါ့ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်နေမယ့် အချစ်တခုကို ငါလက်မလွှတ်နိုင်ဘူး"တကယ်တမ်း ချစ်ခြင်းတခုရဲ့ခရီးလမ်းက ကျမတို့တွေးထားသလိုမျိုး လွယ်ကူမနေသလို
သိပ်တော့လည်း ခက်ခဲနေတာမျိုးမဟုတ်ပါဘူး
ကျမတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ရိုးရှင်းခဲ့ပါတယ်
သူမရဲ့ project တခုအတွက် ကျမကို စာရေးပေးဖို့ တောင်းဆိုလာတဲ့ အလုပ်ရှင်တယောက်အဖြစ်နဲ့ သူမကို ကျမ တွေ့ခဲ့တယ်"ကိုယ့်ကို မင်းရဲ့ဖုန်းနံပါတ်ပေး"
"ဗျာ"
"အလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့က ဖုန်းနဲ့မှ အဆင်ပြေနိုင်တာမဟုတ်လား"
"ဟုတ်ကဲ့"တခုသော Sunday မှာတော့ သူမက ကျမဆီကို ပထမဆုံးအကြိမ်အဖြစ် ဖုန်းခေါ်ခဲ့တယ်
"သတ်မှတ်ရက်က လိုသေးတယ်မဟုတ်လား ceo ရီနာ"
"အင်း လိုပါသေးတယ် ဒါပေမယ့် ပြောစရာလေးရှိလို့"
"ဟုတ်ကဲ့"
"ကိုယ်နဲ့အတူ အပြင်သွားနိုင်မလား"
"ဘာလို့လဲ"
"ဘာလို့ဆို..
ကိုယ့်အနားမှာ မင်းကို ရှိနေစေချင်လို့"
"ဘာလို့လဲ"
"မင်းက မေးခွန်းပဲ မေးတတ်တာလား"
"ဗျာ..မဟုတ်ပါဘူး"
"ဒါဆို နောက်နာရီဝက်နေရင် မင်းကို လာခေါ်မယ် ဒါမှမဟုတ် အခုဆိုရင်ရော.."
"ဗျာ"
"အဆင်ပြေနိုင်မလား.."
"ဟုတ် ရာ ခုဏကပဲ ရေချိုးပြီးပါပြီ"
"အိုခေ ဒါဆို အခုထွက်ခဲ့ပြီ
နောက် 10 မိနစ်နေရင် ရောက်မယ်"
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions