🍀is there a miracle?🍀

306 25 0
                                    

"မမ ဘာလိမ်းထားတာလဲ ချစ်စရာလေး"

သနပ်ခါးလိမ်းထားတဲ့ ကျမကိုကြည့်ပြီး သဘောကျနေတဲ့ yu yan လေး

"သနပ်ခါးလို့ ခေါ်တယ် yan ရဲ့"

သနပ်ခါးဆိုတဲ့စကားကို မပီပြင်စွာရေရွတ်ပြီး
ကျမကိုလှမ်းကြည့်တယ် သိချင်စိတ်ပြင်းပြနေပုံပါပဲ

"သနပ်ခါးက ဘာလဲဟင်"
"myanma traditional cosmetic လေ
yan yan ရော လိမ်းချင်လား"

ခေါင်းကို ထပ်ခါငြိမ့်ပြပြီး သူ့ကိုလိမ်းပေးဖို့ တောင်းဆိုရင်းနဲ့

"yan yan ရော လိမ်းလို့ရလား ဗမာမဟုတ်တော့လေ"

ကျမသဘောကျစွာ သူမခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး

"သနပ်ခါးဆိုတာ လူမျိုးဘာသာမရွေး ဘယ်လိုအသားအရေမျိုးမှာမဆို လိမ်းလို့ရတယ် yan ရဲ့ ဘယ်လိုအလှကုန်တွေ ကောင်းတယ်ဆိုဆို ပူပြင်းတဲ့မြန်မာ့ရာသီဥတုကို အန်တုဖို့ဆိုရင်
သနပ်ခါးက အသင့်တော်ဆုံးရွေးချယ်မှုတခုပဲ"

ကျမ သနပ်ခါးအဖြူတုံးလေးကို ကျောက်ပျဉ်ထက်မှာ သွေးနေတော့လည်း yan yan က
စိတ်ဝင်စားစွာ စူးစိုက်နေပြန်တယ်လေ
သနပ်ခါးမှာ အဖြူနဲ့အဝါမျိုးရှိပေမယ့် ကျမကတော့ အဖြူမျိုးပဲ ပိုကြိုက်တယ်
သနပ်ခါးဘီလူးလို့ခေါ်တဲ့ ကိုင်းအတက်ဖြတ်ထားတဲ့အရာတွေပါတဲ့ သနပ်ခါးတုံးက အမွှေးဆုံးပဲ
မာလကာပွေးလို့ခေါ်တဲ့ အပွေးပါးပါးကျစ်ကျစ်လေးတွေထက်စာရင် နှစ်ထပ်ပွေးကို ပိုကြိုက်တယ်
ကျောက်ပျဉ်ကိုလည်း သေချာရွေးရတယ်
ကျောက်နဲ့မဟုတ်ပဲ အင်္ဂတေနဲ့လုပ်ထားတဲ့ကျောက်ပျဉ်တွေမှာ သနပ်ခါးသွေးရတာ
အဆင်မပြေဘူး
ချောလွန်းရင်လည်း သနပ်ခါးမထွက်နိုင်သလို ကြမ်းလွန်းရင်လည်း သနပ်ခါးအကုန်မြန်တယ်
သင့်တော်တဲ့ ကျောက်သားမှာမှ သနပ်ခါးလည်းညက်တော့ လိမ်းရတာအဆင်ပြေတယ်
ကျမ yan yan ကို သနပ်ခါးလိမ်းပေးတော့
ငြိမ်ငြိမ်လေး နေရှာတယ်
ကျေနပ်နေပုံပါပဲ
yan yan ရဲ့အပြုံးတွေကိုမြင်ရတာ ကျမကံကောင်းလိုက်တာ

"မမ သနပ်ခါးအကြောင်းပြောပြပါဦး yan yan မျက်နှာလေးအေးနေတာပဲ"

ကျမပြုံးရယ်မိတယ်
ကြည့်ပါဦး သနပ်ခါးလိမ်းထားတဲ့ တရုပ်မလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ
ကျမ စိတ်မထိန်းနိုင်စွာ သူမပါးကိုနမ်းလိုက်မိရင်
အသံပါဝါကောင်းကောင်းနဲ့အော်မှာ မြင်ယောင်သေးတယ်
သူမရဲ့ပျော်ရွှင်မှုလေး ဆက်ရှိနေပါစေတော့

🍀soul mate🍀Where stories live. Discover now