💫hope💫

105 14 2
                                    

သူမကို စတွေ့တော့
ဆေးရုံကုတင်ထက်မှာ ခေါင်းအုံးကိုကျောမှီပြီး
ပြတင်းတံခါးဘက်ကို ငေးကြည့်နေခဲ့တာ
သူမရဲ့မျက်ဝန်းတွေကတော့ သက်ဝင်မှုကင်းမဲ့လို့
သူမက ကျမထက်အရင် ရောက်နေခဲ့တာ
လူကီးမီးယားတဲ့
သူမကို နှစ်သိမ့်ပေးချင်ပေမယ့် ကျမက‌လည်း လူနာတယောက်ပါပဲ
ကျမဘက်ကို တချက်လှည့်ကြည့်ပြီး
နေမြဲအတိုင်း ပြတင်းတံခါးဆီ ငေးကြည့်နေပြန်တယ်
သူမအသားအရေက ဖြူလျော်နေပေမယ့်
လှပတဲ့သူမရုပ်သွင်ကတော့ မှေးမှိန်မသွားခဲ့ဘူး
မျှော်လင့်ချက်ကင်းမဲ့တဲ့မျက်ဝန်းတွေကို
ကျမ ပြောင်းလဲပေးချင်လိုက်တာ
ကျမကိုယ်တိုင်က ရုန်းကန်နေရပေမယ့်
သူမအတွက် လမ်းပြမယ့်အလင်းတခု
ဖြစ်ချင်ခဲ့တယ်
ကျမရဲ့ရောဂါကလည်း ကြီးမားပေမယ့်
ကျမစိတ်မှာအားငယ်ခြင်းလည်း မရှိခဲ့သလို
ဖြစ်လာရတဲ့ကံကြမ္မာကိုလည်း အပြစ်မတင်ခဲ့ဘူး
‌မျှော်လင့်ချက်ကို အမြဲဆုပ်ကိုင်ထားခဲ့တာ
စိတ်စွမ်းအားက သိပ်ကိုကြီးမားတယ်လေ
သူမနဲ့တူတာဆိုလို့ ကျမကလည်း ဖြူဖတ်ဖြူလျော်ပါပဲ
ကျမရဲ့သွေးထဲမှာရှိတဲ့ သွေးနီဆဲလ်လေးတွေက ကိုယ်တိုင်ဖျက်ဆီးပြိုကွဲပြီးတော့ သွေးအားကို
နည်းစေခဲ့တယ်လေ
ကျမကတော့ သူမကိုအမြဲငေးကြည့်နေခဲ့မိတာ
သူမနဲ့အကြည့်ချင်းဆုံမိတဲ့အခါ ကျမဘက်ကအရင် ပြုံးပြမိတယ်
သူမဘက်က တုန့်ပြန်မှုမရှိပေမယ့်လည်း
ကျမထင်တာမမှားဘူးဆိုရင် တနေ့ထက်တနေ့
ကျမဘက်ကို လှမ်းကြည့်တဲ့အကြိမ်ရေက
တိုးလာသလိုပါပဲ
ဆေးသွင်းပြီဆိုရင် ကုတင်ထက်မှာ
လူးလှိမ့်ငိုကြွေးနေတတ်တဲ့သူမကို ကျမ
မကြည့်ရက်ခဲ့ဘူး
ဆေးစစ်ရာက ပြန်လာပြီဆိုရင်လည်း ကုတင်ထက်မှာ မလှုပ်မယှက်လှဲအိပ်နေခဲ့တယ်
ကျမ သူမရှိရာသွားပြီး နှစ်သိမ့်ပေးချင်ပေမယ့်
ကျမကိုယ်တိုင်ကလည်း သူမလောက်မပြင်းထန်ပေမယ့် အိပ်ရာထက်မှာ
ရက်တွေကြာလာတဲ့အခါ သူမက ကျမဘက်ကို
ဂရုတစိုက်လှမ်းကြည့်တတ်ပြီး ကျမထက်အရင် ပြုံးပြတတ်လာခဲ့တယ်
သူမက ပင်ပန်းလွန်းစွာနဲ့ ညတွေမှာ အိပ်မောကျနေချိန် ကျမမှာတော့ အိပ်ပျော်ဖို့ကိုတောင်
ကြိုးစားမရခဲ့ဘူး
ကျမရဲ့အိပ်ပျက်ညတွေမှာ သူမမျက်နှာ
ချောချောကို ငေးကြည့်နေရခြင်းက ကျမကို
နွေးထွေးစေခဲ့တယ်
အိပ်ပျက်ညတွေက သိပ်ပြီး ဒုက္ခမပေးသလိုပါပဲ

🍀soul mate🍀Where stories live. Discover now