🍂 goodbye~my love 🍂

232 22 2
                                    

နှုတ်ဆက်ကျောခိုင်းမယ်ဆိုတိုင်းလည်း
အဆုံးသတ်တခုတော့ မဟုတ်ပါဘူး

"တောင်းပန်ပါတယ် ကိုယ်တို့ရဲ့ကတိကို
ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး
ဒါက မှားယွင်းမှုတခုပဲ ထင်ပါရဲ့"
"အချစ်ဆိုတာ မှားယွင်းမှုတခုမှ မဟုတ်ပဲ
အဲ့ဒီအချစ်ကို မှားယွင်းတယ်လို့ ယူဆနေရင်သာ
မှားတာလေ အချစ်သာရှိရင် အရာရာကို
ရင်ဆိုင်နိုင်မယ်ဆိုပြီး ယုံကြည်တယ်မဟုတ်လား"

နွမ်းလျနေတဲ့သူမပုံစံကို မြင်ရတာ ကျမရင်တွေနာလိုက်တာ
ကျမအတွက်နဲ့ ဘယ်လောက်တောင်နာကျင်ခဲ့ရပြီလဲ
သူမအပြုံးတွေ တောက်ပဖို့ ကျမဖြည့်ဆည်းပေးချင်ပါတယ် ကျမအသက်ကိုတောင် သူမအတွက်
ပေးနိုင်တဲ့အထိ သူမကိုချစ်ပါတယ်
ကျမကိုယ်ကျမတောင် ဆောက်တည်ဖို့ ခက်ခဲ‌လွန်းနေတာ
ကျမကို ဖမ်းဆုပ်နိုင်ဖို့ သူမစွန့်လွှတ်ခဲ့ရတာတွေ
သိပ်များလွန်းနေပြီ

"ယုံကြည်ခဲ့ပါတယ် အချစ်က အရာရာဆိုပြီးလည်း ယုံကြည်နေတုန်းပါပဲ
ဒါပေမယ့် အချစ်က ဘဝတခုလုံးတော့
မဟုတ်ဘူးလေ ပြီးတော့ မွန်းမှာက
တောက်ပတဲ့အနာဂတ်တခု ရှိနေတယ်
ကိုယ်ဆိုတာ comfort zone မှာပဲ တဝဲဝဲလည်ရင်း စိတ်ပျော်ရာပဲ လိုက်လုပ်နေမိတဲ့လူတယောက် ကိုယ့်ကိုလက်တွဲလို့ မွန်းဘာများရလို့လဲ
အနာဂတ်မှာရော ဘာတွေရနိုင်မှာမို့လဲ နာကျင်မှုကလွဲပြီး ဘာများဖြစ်နိုင်ဦးမှာလဲ"

သူမနာမည်က *နှင်းစက်လရောင်*
ကျမတို့နှစ်ယောက်က ရိုမန့်တစ်ဆန်ဆန် လရောင်အောက်မှာ တွေ့ခဲ့ကြတာ
နှင်းစက်တွေလိုပဲ ကျမဘဝအတွက် အေးမြတဲ့နွေးထွေးမှုကို ဆောင်ယူလာပေးတဲ့လူတယောက်
ကျမက လမင်းကို ငေးကြည့်ရတာ နှစ်သက်သလို သူမကလည်း လရောင်အောက်မှာ
ထိုင်နေရတာကို သဘောကျပါသတဲ့
လူတယောက်ကိုမြင်ရုံနဲ့ သူက
ကိုယ့်ရဲ့ soulmate ပါလို့ ပြောဖို့ ဖြစ်နိုင်သလား
ကျမအတွက်တော့ ဖြစ်နိုင်ခဲ့တယ်
သူမ အနားကိုရောက်လာတဲ့အခါ ကျမနှလုံးသားက စည်းချက်ကျစွာ ကခုန်လို့ သံစဉ်တပုဒ်ကို
ဆိုညည်းနေခဲ့တယ်လေ
သူမမျက်နှာကို မြင်ရရုံနဲ့ ကျမရင်မှာ သိပ်ကိုနွေးထွေးတာ
ကျမရဲ့ ပျောက်ဆုံးနေခဲ့တဲ့အစိတ်အပိုင်းတခုလို
သူမရှိမှ ပြည့်စုံသွားတဲ့ ခံစားမှုနဲ့ ပျော်ရွှင်ခြင်းကို
ခံစားခဲ့ရတယ်
သူမအတွက်လည်း ကျမနဲ့ထပ်တူပါပဲ
ဒါပေမယ့် ဘယ်အရာကများ ကျမစိတ်ကို
ရှုပ်ထွေးစေခဲ့ပါလိမ့်
သူမက ကျမအတွက် ပြီးပြည့်စုံတဲ့လူတယောက်ပါ
သူမအတွက်ရော ကျမမှာ သူမကိုချစ်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး
အခုတော့ အဲ့ဒီအချစ်ကိုလည်း မယုံကြည်ချင်တော့ဘူး

🍀soul mate🍀Onde histórias criam vida. Descubra agora