*forbidden love part 5*

68 7 0
                                    

"အိန်ဂျယ်မင်းသမီးကို အပြစ်ပေးတော့မယ်တဲ့
သူမက နတ်ဆိုးဘုရင်မနဲ့ ချစ်ကြိုးသွယ်နေပြီး
တိုင်းပြည်ကို စွန့်လွှတ်ဖို့ကြိုးစားတဲ့အတွက်
သူမက နတ်ဆိုးဘုရင်မကိုပါ ကူညီပေးခဲ့တာတဲ့
သူမကလည်း နတ်ဆိုးတပိုင်းဖြစ်နေပြီဆိုလား"

အသံတွေကဆူညံနေတော့ သူမတို့ရဲ့ အိပ်မက်တောအုပ်ကနေပါ ကြားနေရတယ်

"အထိန်းတော် ဘာတွေကြားနေရတာလဲ"
"အိန်ဂျယ်မင်းသမီးကို အပြစ်ပေးတော့မယ်တဲ့
ဆာဆီနာ"
"ဘာလို့ အပြစ်ပေးမှာလဲ"
"သူက နောက်ဆုံးအချိန်ထိ ဘုရင်မကိုပဲ ရွေးချယ်ခဲ့လို့"
"ဘယ်လိုအပြစ်ပေးမှာတဲ့လဲ"
"သုတ်သင်မှာလို့ ကြားတာပဲ"
"မင်းကြီးက သူ့သမီးတော်ကို သုတ်သင်မယ်
မဖြစ်နိုင်တာပဲ"
"မဖြစ်နိုင်ဘူးဆိုပေမယ့်
မင်းသမီးက နတ်ဆိုးဝိညာဉ်ကို ပိုင်ဆိုင်ထားရင်
နတ်ဆိုးလို့ သတ်မှတ်ပြီး သုတ်သင်နိုင်တာပဲ
ဆာဆီနာ"
"ဒါဆို ဆာဆီနာကြောင့်လား
သူ့ကို နတ်ဆိုးစွမ်းအင်တွေ ပေးခဲ့မိလို့"
"မဟုတ်ဘူး ဆာဆီနာ
ဒီကိစ္စက မရိုးရှင်းဘူး
မင်းကြီးက ဘာလို့ သူ့သမီးတော်ကို သုတ်သင်မှာလဲ"
"ဒါပေမယ့် ဆာဆီနာ သွားသင့်တယ်မဟုတ်လား
အထိန်းတော်"
"ဘာလုပ်ဖို့သွားမှာလဲ ဆာဆီနာ"
"ဂျူနိုကို သွားကယ်မယ်လေ
ပြီးတော့ သူမကို အဲ့ဒီတိုင်းပြည်ကနေ ခေါ်လာခဲ့မယ်"
"ဒါက ထောင်ချောက်ဖြစ်နိုင်တယ်ဆိုပြီး
မတွေးမိဘူးလား ဆာဆီနာ"
"ထောင်ချောက်လား
တကယ်ပဲ ဂျူနိုကို သုတ်သင်ခံရ‌မယ်ဆိုရင်ရော
ဆာဆီနာက ဒီအတိုင်းရပ်ကြည့်နေရမှာလား"
"အမတ်ကြီးအကြောင်းကို မတွေးမိဘူးလား
ဆာဆီနာ
ပြီးတော့ လွန်ခဲ့တဲ့နှစ် 500 က အဖြစ်အပျက်တခုလည်း ရှိသေးတယ်"
"ဘယ်လိုအဖြစ်အပျက်လဲ အထိန်းတော်"
"နတ်ဆိုးမင်းသားနဲ့ အိန်ဂျယ်မင်းသမီးချစ်ကြိုက်မိကြတယ်
နောက်ဆုံး ဥပယ်တံမျှင်နဲ့ ထောင်ချောက်ဆင်ပြီး
နတ်ဆိုးမင်းသားကို သုတ်သင်ပစ်လိုက်ကြတယ်လေ
အဲ့တာကို အိန်ဂျယ်မင်းသမီးကိုယ်တိုင် လုပ်ခဲ့တာ
သူ့ချစ်သူကို သူ့လက်နဲ့ကိုယ်တိုင် သတ်ပစ်ခဲ့တာပဲ ဆာဆီနာ
အိန်ဂျယ်မင်းသမီးတွေက အဲ့လိုမျိုးပဲ
သူတို့အတွက် အချစ်ဆိုတာ စတေးခံသက်သက်လောက်ပဲ
တခြားအဓိပ္ပါယ်မရှိဘူး"
"ဒါပေမယ့် ဂျူနိုက အဲ့လိုမဖြစ်နိုင်ဘူးလေ အထိန်းတော်
သူကိုယ်တိုင် ချုပ်နှောင်ခံထားရတာမဟုတ်လား"
"ဒါပေမယ့်..
ဟုတ်ပြီ အဲ့တာကို အထိန်းတော်ကိုယ်တိုင်သွားပြီး အတည်ပြုပေးမယ်
တကယ်ပဲ အချုပ်နှောင်ခံရရင် ဘုရင်မသွားကယ်ချင်တာကို မတားတော့ဘူး
မဟုတ်ခဲ့ရင် ဘုရင်မ
အထိန်းတော်စကားကိုပဲ နားထောင်ရမယ်"
"ကတိပေးပါတယ် အထိန်းတော်"

🍀soul mate🍀Where stories live. Discover now