*zhou shiyu & her baobei*

194 10 2
                                    

သူမလက်ထဲမှာ ဓားတလက်ကို ကိုင်ထားပြီး
ရေကန်ဘေးမှာ ရပ်နေတယ်
ရေကန်ထဲမှာ သွေးရောင်တွေနဲ့လွှမ်းနေပြီး
ဓားပေါ်ကသွေးစက်တွေကလည်း ရေကန်ထဲကို
တစက်ပြီးတစက် ကျနေတယ်
သူမ လူတယောက်ကို သတ်လိုက်မိပြီ
တနည်းပြောရရင် သူမမိဘတွေအတွက် ရန်ကြွေးကို ဆပ်လိုက်ပြီ
ရေကန်ထဲကလူက သူမမိဘတွေကို သတ်သွားခဲ့တာ
အခု သူမမှာ ဘာမှမရှိတော့ဘူး
သူမတို့ရဲ့အိမ်ကလည်း မီးလောင်သွားပြီ
အသက် 16 နှစ်အရွယ် ကလေးတယောက်
လက်ထဲမှာ ယွမ် 500 နဲ့
သူမ ဘာဆက်လုပ်ရမလဲမသိဘူး
ဘယ်ကိုသွားရမလဲလည်း သူမ မသိဘူး
အခု သူမသိတာက သူမတအားပင်ပန်းပြီး
အိပ်ချင်နေပြီ
အနီးအနားမှာ လှည့်ပတ်ကြည့်ပြီး
ပန်းခြံထဲက ခုံတန်း‌ရှည်ပေါ် လှဲအိပ်လိုက်တယ်
တခြားအိပ်စရာနေရာလည်း မရှိတာကြောင့်
ခြုံစရာစောင်မရှိ အနွေးထည်လည်းဝတ်မထားတာကြောင့် မိုးစက်တွေကြားမှာ သူမခန္ဓာကိုယ်က ခိုက်ခိုက်တုန်နေတယ်
မိုးက သိပ်မရွာလို့တော်သေးတယ်
ပြီးတော့ မေလ်ပယ်ပင်ကြီးကလည်း မိုးကာပေးထားတယ်

"ဟေ့ ကလေး ဘာလို့ ဒီမှာ အိပ်နေတာလဲ
အအေးမိတော့မှာပဲ"
"ဟမ်"

သူမ အိပ်ချင်မူးတူးနဲ့ မော့ကြည့်လိုက်တယ်
သူမထက် အသက်ကြီးပုံရတဲ့ မိန်းကလေးတယောက်
သူမက ငုံ့ကြည့်နေတယ်
သူမမျက်ဝန်းတွေက နူးညံ့လိုက်တာ..

"ငါ့မိဘတွေက သေသွားပြီ
ပိုက်ဆံလည်းမရှိဘူး
သွားစရာနေရာလည်း မရှိဘူး"

အာ..
‌အခုမှတွေ့တဲ့ မိန်းကလေးတယောက်ကို ဘာတွေသွားပြောနေမိတာလဲ..
သူမက ကရုဏာသက်သလိုကြည့်ပြီး သူမခေါင်းကို ဖွဖွပွတ်လိုက်တယ်

"jiejie နဲ့ လိုက်ခဲ့မလား"
"အင်း"
"နာမည် ဘယ်လိုခေါ်လဲ"
"ဝမ်ယိ"
"jiejie နာမည်က ကျိုးရှီယွီ"

သူမက မင်းသမီးတယောက်ဆိုတာကိုတော့
မပြောခဲ့ပါဘူး
သူမရဲ့ကိုယ်ရေးကိုယ်တာကို ဒီအတိုင်းချပြလို့မရတာကြောင့်
ဒီကလေးငယ်ကလည်း သူမက ဘယ်သူမှန်း
သိမယ့်ပုံမပေါ်ဘူးလေ

ဝမ်ယိ ကျိုးရှီယွီနောက်ကို လိုက်လာခဲ့တယ်
သူမမှာ ရွေးချယ်စရာမှမရှိတာလေ
ပြီးတော့ jiejie ရဲ့ မျက်ဝန်းတွေက နူးညံ့ပြီး
ရိုးသားတဲ့ပုံစံမြင်နေရတယ်
သူမရဲ့လက်ကိုဆွဲပြီး ကျိုးရှီယွီက ရှေ့ကနေ ခေါ်သွားတယ်
သူမရဲ့တိုက်ခန်းက ပန်းခြံနဲ့ သိပ်မဝေးဘူး
သူမရဲ့အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန် တစုံတရာက အမှောင်ထဲကနေ ပြေးဝင်လာတာကြောင့်
ဝမ်ယိ ကျိုးရှီယွီလက်ကို အတင်းဆွဲလိုက်တဲ့အချိန် နှစ်ယောက်လုံး ချော်လဲသွားပြီး
ကျိုးရှီယွီက သူမကိုယ်ပေါ် ကျလာတယ်

🍀soul mate🍀Where stories live. Discover now