*are you mine*

247 22 4
                                    

"ဒီနေ့ ဒါရိုက်တာအသစ်ရောက်မယ်တဲ့"
"ဟုတ်လား"
"သူက ဆွစ်ဇာလန်မှာ နေခဲ့တာတဲ့လေ"
"မိန်းကလေးလား ယောက်ျားလေးလား"
"မပြောတတ်ဘူး အဲ့တာကိုတော့ လျှို့ဝှက်ထားကြတယ်"
"မန်နေဂျာရာရော သိလား"

ကျမကိုပါ စကားဝိုင်းဆီ ဆွဲသွင်းတယ်
အမှန်တကယ်တော့ ကျမ အဲ့လိုမျိုးတွေ သိပ်ပြီး
စိတ်မဝင်စားပါဘူး
ကျမအထက်က လူကြီးတယောက်အနေနဲ့
အလုပ်ကြိုးစားပြီး မျှတတဲ့သူဖြစ်ရင်ပဲ
ကျမအတွက် လုံလောက်ပါပြီ

"ရာလည်း မသိဘူး အဲ့တာတော့
ဒါပေမယ့် တခုသိတာက သူက ရာတို့ သဘာဝပတ်ဝန်းကျင်ဌာနမှာ တာဝန်ယူမယ်ပြောတာပဲ"
"ဒီဌာနကို ဘယ်သူမှ သိပ်မလာချင်တာကို
သူက ဘာလို့ပါလိမ့်"
"မပြောတတ်ဘူးလေ"

ကျမတို့ company မှာ ဌာနခွဲများစွာရှိပါတယ်
အစိုးရဌာနတွေနဲ့တောင် ပုံစံနည်းနည်းတူပါတယ်
ကျမတို့ရဲ့ သဘာဝပတ်ဝန်းကျင်ဌာနက ထုတ်ကုန်တွေရဲ့ သဘာဝတရားအပေါ်သက်ရောက်မှုကို လေ့လာရပါတယ်
အဓိကအားဖြင့် စက်ရုံတွေမှာ သုံးတဲ့နည်းလမ်းတွေက သဘာဝပတ်ဝန်းကျင်အတွက် စိတ်ချရလား သုံးတဲ့ပစ္စည်းတွေက ဘေးကင်းမှုရှိရဲ့လား
တခြားဌာနတွေနဲ့မတူတာက ကျမတို့က သီးခြားအဖွဲ့အစည်းတခုလို ဖြစ်နေတာမျိုးပါ
အလုပ်ကိစ္စတွေဆိုရင်လည်း CEO နဲ့
တိုက်ရိုက်ဆွေးနွေးရပါတယ်
ထုတ်ကုန်တခုခုကများ သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိတဲ့အခါ တားမြစ်ဖို့ဆိုရင် အကြီးဆုံးရဲ့ authority က အထိရောက်ဆုံးမဟုတ်လား

"ရောက်ပြီထင်တယ် အဆင်သင့်ကြိုကြတာပေါ့"

ဒါရိုက်တာအသစ်ကို ကြိုဆိုဖို့ ကျမတို့တွေ
ကွက်လပ်တခုမှာ စီတန်းရပ်လိုက်ကြတယ်

"တွေ့ရတာ ဝမ်းသာပါတယ်
အတူလက်တွဲပြီး ကြိုးစားကြတာပေါ့"

ချိုပြီး ရှတတဖြစ်နေတဲ့အသံတခု
ဒီအသံက ကျမနဲ့ သိပ်ကိုရင်းနှီးတယ်
ကျမ ငုံ့ထားတဲ့ခေါင်းကို မော့လိုက်တော့

"ဟာနာပါ"

သူမက ကျမဆီကို လက်ကမ်းပေးတယ်
ကျမ သူမလက်ကို မဆုပ်ကိုင်နိုင်ဘူးဖြစ်နေတယ်
အကြောင်းမဲ့သက်သက် လက်သီးဆုပ်ထားပြီး
သူမကိုပဲ ငေးကြည့်နေတော့
သူမက မျက်ခုံးပင့်ပြီး လက်ဆွဲနှုတ်ဆက်ဖို့
သတိပေးတယ်

🍀soul mate🍀Where stories live. Discover now