"ခဏ ရာ"
"ဘာလဲ မမ"
"ရာက ကောင်မလေးတွေကို ကြိုက်တာလား"
"ဘာလို့လဲ"
"ရာကြိုက်တာက girl idols တွေချည်းပဲလေ"
"ဟုတ်တယ် မမ
ရာက lesbian ပါ"
"အိုခေ"မမက ကျမလက်ကို လွှတ်လိုက်တယ်
"ဒါဆို သွားပြီနော် မမ
good night"
"good night babe"ဒီတခါတော့ မမဆီကနေ babe ဆိုတာက ယောင်ပြီး ထွက်လာတာမဟုတ်ဘူးမလား
ခရီးကပြန်လာပြီးတော့ ကျမတို့က ပုံမှန်အခြေအနေထဲကို ပြန်ရောက်သွားတယ်
ကျမက မမအတွက် တစုံတယောက်ဆိုတဲ့ အခြေအနေရော
ကျမတို့ရဲ့ chat box မှာလည်း ကျမရဲ့ hello ဆိုတာက နောက်ဆုံးစာသား
ကျမ မမရဲ့ဖုန်းနံပါတ်ကို မမေးလိုက်ရဘူး
မမကလည်း ကျမဆီက ဖုန်းနံပါတ်ကို မတောင်းဆိုခဲ့ဘူးလေ
ဒီလိုနဲ့ ကျမတို့ လမ်းခွဲခဲ့တာ 3 လရှိသွားပြီ
အင်း..ခရီးအတူသွားပြီး လမ်းခွဲခဲ့တာပဲမဟုတ်လား"ဘာဖြစ်နေတာလဲ ရီနာ
နင့်ကောင်လေးနဲ့ ရန်ဖြစ်တယ်ဆို
ပြီးတော့ ငါနဲ့တွေ့တိုင်း အဲ့ဒီကလေးအကြောင်းပဲ ပြောနေတယ်
သူ့ကို တွေ့ချင်ရင် သွားတွေ့လေ"
"မရလို့ပေါ့ ဟန်နေရဲ့
သူ့အိမ်လိုက်ပို့မယ်ပြောတုန်းကလည်း မိုးချုပ်နေလို့ ငါ့အိမ်ပဲ တန်းသွားပါတဲ့
ဖုန်းနံပါတ်ကလည်း မတောင်းခဲ့ရဘူး"
"နင်တို့က fb မှာ သူငယ်ချင်းမဟုတ်လား
စာပို့လို့ရတာပဲ ဖုန်းလည်းခေါ်လို့ရတယ်လေ"
"ရာက ဖုန်းနဲ့ ဆက်သွယ်တာကိုပဲ ကြိုက်တာလို့
ပြောဖူးတယ်
စာပို့ရင်တောင် ဖုန်းနဲ့ပဲ ပို့တတ်တာတဲ့"
"နင့်ကလေးက ဘယ်ခေတ်မှာနေနေတာလဲ"
"ကလေးက ခေတ်မီပါတယ်
သူက introvert လေ
သူ့ rule နဲ့သူ နေတတ်တာမို့ပါ"
"ကြည့်ဦး နင့်ကလေးကို ကာကွယ်နေလိုက်တာ
ဒါနဲ့တောင် သူ့ကို မကြိုက်ပါဘူး နင်ငြင်းတယ်နော်"
"ငါ အဲ့တာကို နားမလည်ဘူး ဟန်နေ"
"မိန်းကလေးချင်းချစ်တာလား
အဲ့တာကလည်း အချစ်ပဲလေ
ဘာကွာလို့လဲ"
"မကွာတာတော့ ငါသိပါတယ်
ငါ သူ့ကို နမ်းလိုက်သေးတယ်"
"ဘာ နင်က နမ်းတယ်
ဘယ်နေရာလဲ"
"ပါးကိုရော သူ့နှုတ်ခမ်းရော"
"နင်ပြောတော့ သူက lesbian ဆို
နင်က အဲ့တာကို ဘာလို့"
"ပထမတခါက သူ ငါ့ကို ခေါင်းသုတ်ပေးတော့
သူ့ပုံစံက ချစ်ဖို့ကောင်းလို့ သတိမထားမိပဲ သူ့ပါးကို ငုံ့နမ်းလိုက်တာ"
"နှုတ်ခမ်းက ဒုတိယပေါ့"
"အင်း..
အိပ်ယာနိုးတော့ သူ့မျက်နှာကို ငေးကြည့်နေရင်းက အူယားလာလို့ နမ်းလိုက်တာ
နင်မသိလို့ သူအိပ်နေတာက ကလေးလိုပဲ တအားချစ်ဖို့ကောင်းတာ"
"နင် straight ရော ဟုတ်သေးရဲ့လား ရီနာ
သူက lesbian ဆိုတာ နင်ရိပ်မိနေပြီးသားမဟုတ်လား"
"အင်း..သူ ငါ့ကို လာပြီး စာပို့ကတည်းက
သူ့ wall ထဲကို ဝင်ဝင်ကြည့်ခဲ့တယ်"
"အဲ့တာကို ဘာလို့လဲ"
"ရာပြောဖူးတယ်
သူက ဘယ်မိန်းကလေးကိုမှ မတွဲဖူးဘူးတဲ့
ကောင်လေးတွေနဲ့ တွဲဖူးပေမယ့် လက်ကိုင်တာတောင် မကြိုက်ခဲ့ဘူးတဲ့
သေချာတာက အဲ့ဒီအနမ်းက သူ့ရဲ့ first kiss ဖြစ်မယ်"
"အဲ့တာကို နင်က ဘာလို့လဲ ရီနာ"
"သူ့ရဲ့ first kiss ကို ရချင်လို့"
"ဘာ.."
"ရာလည်း ငါ့ကို သဘောကျနေတယ်ထင်တယ်"
"နင် ကလေးကို အခွင့်အရေးယူခဲ့တာရော
သိရဲ့လား ဘာတဲ့ အရုပ်တွေကို ဖက်အိပ်တယ်"
"တကယ်လည်း ငါ့အိပ်ယာပေါ်မှာ အရုပ်တွေရှိတာပဲလေ"
"နင်က ဖက်အိပ်လို့လား"
"ဒါပေမယ့် အဲ့ဆီမှာ ညဆို တအားချမ်းတာ
ရာချမ်းနေမှာစိုးလို့"
"နင်ကတော့ တကယ်ပါပဲ
ဒါဆို ဘာဆက်လုပ်မှာလဲ"
"ငါ မသိဘူး
ငါမသိလို့ နင့်လာမေးတာလေ"
"နင့်ကိုယ်နင် သေချာမေးကြည့်
သေချာတဲ့အဖြေကို ရရင် နင့်ကောင်လေးကို အရင်ဖြတ် ပြီးမှ ရာ့ဆီကိုသွား
လှေနံနှစ်ဖက်တော့ မနင်းနဲ့နော်
lesbian တွေက ယောက်ျားလေးတွေနဲ့ ပတ်သက်ရင် တအား sensitive ဖြစ်တယ်"
"အင်းပါ"
BINABASA MO ANG
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions