မနက်အစောပိုင်းက ရွာထားတဲ့မိုးကြောင့်
မိုးရေတွေက သစ်ရွက်တရွက်ကနေတရွက်ဆီ လျှောကျပြီး မြေပြင်ထက်ဆီ တစက်ပြီးတစက်
စီးဆင်းလာတယ်
တောအုပ်တခုလုံးကလည်း တိတ်ဆိတ်လို့
ငှက်အော်သံတောင် မကြားရဘူး
ဒီနေ့က တောအုပ်ထဲခြေချမိတဲ့ ကျမတို့ရဲ့ပထမဆုံးရက်
ဘူမိဗေဒပညာရှင်တွေနဲ့အတူ ကျမက လေ့လာသူခရီးသွားတယောက်အဖြစ်နဲ့
လိုက်လာခဲ့တာ
သူတို့ပြောတာတော့ ဒီတောထဲမှာ လူသားသမိုင်းအတွက် အရေးပါတဲ့ ကျောက်တမျိုးရှိတာကြောင့် စွန့်စားပြီး လာရှာကြတာတဲ့
ဒေသခံတွေကတော့ တောနက်ထဲမသွားဖို့ တားမြစ်ကြတယ်
သူတို့ပြောတဲ့ပုံပြင်တွေကို ကျမတို့မယုံခဲ့ဘူး
21 ရာစုကို ရောက်နေခဲ့ပြီလေ
demon နတ်ဆိုးတို့ နတ်ဆိုးတပိုင်း လူသားတပိုင်းဖြစ်တဲ့ Nephilim တို့ဆိုတာ ဒဏ္ဍာရီတခုပဲ မဟုတ်လား
ဒေသခံတွေက ကြောက်ရွံ့ကြပေမယ့် ကျမတို့ကို စိတ်ပူတာနဲ့ လမ်းပြအဖြစ် အမျိုးသမီးတယောက်ကို ထည့်ပေးလိုက်ကြတယ်
သူမက အသက်အားဖြင့် 40 ကျော်လောက်ရှိပြီး
အဖြူရောင်ခြုံထည်တခုကို ပခုံးထက်ကနေ လွှမ်းခြုံထားတယ်
သူမလက်ထဲမှာတော့ မြားပစ်ပြောင်းတိုလေးတခုကိုင်ထားပြီး ခါးမှာ မြားတံလေးတွေပါတဲ့ ကျည်တောက်လေးတခုကို ပတ်ထားတယ်
ကျမအမြင်မှာတော့ သူမက နတ်ဆရာတယောက်နဲ့တူနေတယ်
သူမနာမည်က "ဒေါ်ဟန်သာ" တဲ့"တောအုပ်ကလည်း တိတ်ဆိတ်လွန်းလိုက်တာ
ငှက်တွေဘာတွေ မရှိဘူးလား"
"ငှက်တွေက တခြားတောကို သွားနေတာကြောင့်ဖြစ်မှာပါ"သူမက တခြားဘက်ကို လှည့်ကြည့်နေရင်း ကျမအမေးကို ဖြေတယ်
"ဘာကြောင့်လဲ သူတို့ကြောက်တဲ့တခုခုရှိနေလို့လား"
သူမက ကျမကို ခပ်စိမ်းစိမ်းလာကြည့်တယ်
"ဟုတ်ပါပြီ အဲ့လိုမကြည့်ပါနဲ့ မဖြေချင်ရင် မမေးတော့ပါဘူး"
"မသိတာက ပိုကောင်းတာကြောင့်ပါ"
"ဟုတ်ကဲ့ပါ"ကျမ သူမဘေးကနေ လျှောက်လာရင်းနဲ့ ကျောက်တုံးတခုနားရောက်တော့ စိတ်ဝင်စားစရာတခုကို တွေ့လိုက်ရတယ်
အပြာရောင်ပန်းလေးတပွင့် ပွင့်ဖတ်လေးတွေက
ရေစိုနေတာကြောင့် ကြည်လင်တောက်ပနေကြတယ်
တစုံတရာက ဆွဲဆောင်နေသလိုမျိုး ကျမပန်းပွင့်လေးရှိရာ တိုးကပ်သွားလိုက်တယ်
![](https://img.wattpad.com/cover/230560569-288-k136217.jpg)
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions