လူတယောက်က ကိုယ့်ကိုစစ်မှန်တဲ့ချစ်ခြင်းတွေပေးခဲ့ရင် ကိုယ့်ကိုယ်ကို ပိုသိလာတယ်
ဘဝက အဓိပ္ပါယ်ပိုရှိလာတယ်
ချစ်ခြင်းကပေးတဲ့အလင်းရောင်နဲ့ ကျမတို့ဘဝတွေက ပိုတောက်ပလာတယ်
ကောင်းတဲ့အရာတွေကို ပိုလုပ်ဆောင်လာနိုင်တယ်
ချစ်ခြင်းက ကိုယ့်ကိုယ်ကိုကြီးမြတ်မှုကို ခံစားရစေတယ်
အဲ့တာကြောင့် ပြောကြတာ
ဘဝကိုအလင်းပေးဖို့ အခြားတယောက်ဆီက
ချစ်ခြင်းကို လိုအပ်တယ်တဲ့
ကျမတို့ကိုယ်တိုင် အလင်းရောင်ကို ရှာဖွေဖို့
လိုတယ်ဆိုပေမယ့် အခြားတယောက်ရဲ့ချစ်ခြင်းကိုလည်း လိုအပ်ပါတယ်
ပြည့်စုံတဲ့ခံစားမှုနဲ့ ပျော်ရွှင်ခြင်းကို ထိတွေ့နိုင်ဖို့
ကျမတို့အတွက် soul mate ဆိုတဲ့လူတယောက်ကို လိုအပ်ပါတယ်"အောက်တိုဘာ 31 က ဘာနေ့လဲ သိလား ရာ"
"Halloween လေ"
"တကယ်က witch တွေရဲ့ new year လည်း ဖြစ်တယ် ရာရဲ့ ဆောင်းဦးကာလကို ရောက်ရှိလာတဲ့အတွက်
Samhain(အသံထွက်က ဆောအင်)လို့လည်းခေါ်ပြီး ရှေးဟောင်းအိုင်းရစ်ဘာသာစကားအရ summer's end ဆိုတဲ့ အဓိပ္ပါယ်လေ
witch တွေနဲ့ ပတ်သက်ပြီးတော့ ကလေးဘယ်လိုမြင်လဲ"
"witch တွေမှာ ဆိုးတဲ့သူရှိသလို ကောင်းတဲ့သူလည်း ရှိတယ်မဟုတ်လား ပြီးတော့ ဆိုးတယ်ဆိုတိုင်းလည်း အမြဲဆိုးနေတာတော့မဟုတ်ဘူး
တကယ်တမ်း ပုံပြင်ဒဏ္ဍာရီတွေထဲကလို ကြောက်ဖို့မကောင်းဘူးထင်တယ်
မှော်ပညာတတ်တဲ့ မိန်းမပျိုတယောက် အဲ့လိုမဟုတ်လား ဒါနဲ့ မမက ဘာလို့မေးတာလဲ"
"တကယ်လို့ မမက witch တယောက်ဖြစ်နေမယ်ဆိုရင်ရော"
"အဲ့ဒီတော့.."
"ကလေး မကြောက်ဘူးလား"
"ရာ ဘယ်သူ့ကိုမှ မကြောက်ပါဘူး
တိုက်ရိုက်ဒုက္ခမပေးသရွေ့ပေါ့လေ ပြီးတော့
မမရဲ့ဖြစ်တည်မှုကို ရာ နည်းနည်းတော့ ရိပ်မိပါတယ်"
"တကယ်လို့ မမက အန္တရာယ်ရှိတယ်ဆိုရင်ရော..
ရာ့ကို တခုပြောပြမယ်"
"ဟုတ်ကဲ့"
"October 31 new year မတိုင်ခင် 3 ရက်မှာ
နက္ခတ်တာရာတွေလည်း ကောင်းမွန်နေရင်
ဆုတောင်းပွဲကျင်းပကြတယ်
ဒီနှစ်က အဲ့လိုမျိုး ပြည့်စုံတဲ့နှစ်တခုပဲ ရာ"
"ဟုတ် ဆုတောင်းပွဲက ဘာထူးခြားလို့လဲ"
"ဆုတောင်းပွဲမှာက သန့်ရှင်းတဲ့ဝိညာဉ်ရှိတဲ့လူတယောက်ကို ယဇ်ပူဇော်ရတယ်
အဲ့ဒီလူက healer မျိုးနွယ်ကဖြစ်ရင် ပိုကောင်းတယ်"
"ယဇ်ပူဖော်တယ်ဆိုတော့ သူ့ကို သတ်လိုက်တာလား"
"မသတ်ပါဘူး ရာ ဒါပေမယ့် အခန့်မသင့်ရင်တော့ သေသွားနိုင်တယ် အဲ့လိုလွဲချော်ခဲ့ရင်
သူ့ကို witch တယောက်အဖြစ် ပြောင်းပေးလိုက်ရတယ် အဲ့တာဆို သူဆက်ပြီး အသက်ဆက်ရှင်သွားမယ်"
"မဟုတ်မှ ညီမက ယဇ်ပူဇော်ခံရမယ့်သားကောင်လား"
"သားကောင်မဟုတ်ပါဘူး ကလေးရယ်
ဒါပေမယ့် ဟုတ်တယ် ရာက မမတို့လိုချင်နေတဲ့
လူတယောက်ပဲ"
"အဲ့ဒီအတွက် မမတို့ ဘာရမှာလဲ"
"စွမ်းအားပေါ့ ရာ ပြီးတော့ နုပျိုခြင်းကိုလည်း ပေးတယ်"
"ဒါဆို မမက ဘယ်အရွယ်ရောက်နေပြီလဲ"
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions