နတ်ဆိုးဘုရင်မ လောကထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး နှစ်ပေါင်း 1000 နီးပါးကျော်လွန်လာတဲ့ ယနေ့ခေတ်မှာ
အိပ်မက်တောအုပ်နဲ့ အိန်ဂျယ်တိုင်းပြည်ကြား
ခြားထားတဲ့မြစ်ကြီးကတော့ အရင်အတိုင်းရှိနေတယ်
နာမည်အသစ်တမျိုးနဲ့
"rio sueño"
စပိန်ဘာသာစကားနဲ့ rio ဆိုတာက "မြစ်"
sueño ဆိုတာက "အိပ်မက်"
"အိပ်မက်မြစ်" ဆိုတဲ့ မြစ်တစင်းအဖြစ်နဲ့
တဖက်မှာတောအုပ် တဖက်မှာကတောင်တန်းတွေ ပတ်လည်ဝန်းရံထားတဲ့မြို့ပြ
တနည်း အေးချမ်းတဲ့မြို့ငယ်လေးဆာဆီနာဆိုတဲ့သူမက ကော်ဖီဆိုင်နဲ့တွဲပြီး
စာအုပ်ဆိုင်လေးဖွင့်ထားခဲ့တယ်
သူမတို့ရဲ့မြို့မှာ လူအများစုက စက်ဘီးပဲ စီးကြတယ်
ခရီးဝေးဆိုမှ ကားနဲ့သွားတတ်ကြပြီး
အများအားဖြင့်တော့ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာမျိုးပဲ လုပ်ကြတယ်
မြို့ကို တူးမြောင်းတွေနဲ့ ဆောက်လုပ်ထားတော့
လှေငယ်နဲ့လည်း သွားလို့ရတယ်
လေထုကို ညစ်ညမ်းစေတဲ့ စက်ရုံတွေလည်း
မရှိသလို
အတတ်နိုင်ဆုံး လက်ဖြစ်ကိရိယာတွေသာ
သုံးတတ်ကြတဲ့မြို့ငယ်လေး
အသီးအနှံတွေနဲ့ ပန်းငယ်တွေပေါတဲ့ မြို့ငယ်လေး
အနုပညာကို မြတ်နိုးကြတဲ့မြို့သားတွေနေတဲ့
မြို့ငယ်လေး
လမ်းလျှောက်ထွက်ပြီဆိုရင် တေးသီချင်းသံခပ်တိုးတိုးကို အမြဲကြားနေရတတ်တဲ့ မြို့ငယ်လေး
ခြံထွက်အသီးအနှံတချို့ကို အိမ်ရှေ့တွေမှာ ချထားတတ်ကြတဲ့မြို့ငယ်လေး
လိုအပ်ရင် အလကားယူသွားရုံပဲ
ဘာမှပြန်ပေးစရာမလိုဘူး
တကယ်လို့ ပြန်ပေးချင်ရင်တော့ ခြံပိုင်ရှင်ကို
ပြုံးပြလိုက်
ရင်ထဲကနေလာတဲ့ အပြုံးတခုနဲ့"ဆာဆီနာ"
"ဟမ်..ဘာလဲ"
"နင် မပျင်းဘူးလား
တချိန်လုံး ကော်ဖီဆိုင်ထဲမှာ ထိုင်ပြီး စာအုပ်ဖတ်နေရတာ"
"မပျင်းပါဘူး သီချင်းလည်း နားထောင်တယ်လေ"
"ဆိုင်ကို ပစ်ထားလို့ရရဲ့သားနဲ့
တခါတလေတော့လည်း ငါနဲ့ အပြင်လိုက်လည်ပါဦး"
"ဘယ်လိုက်လည်ရမှာလဲ
ငါက လူရှုပ်တဲ့နေရာတွေ ပွဲတွေမကြိုက်ဘူးလေ"
"ဒီပွဲတော့ နင်သဘောကျမှာ သေချာတယ်"
"ဘာလို့လဲ"
"ပန်းချီပြပွဲလေ
မြစ်ကမ်းဘေးမှာ လုပ်မှာတဲ့
လူရှုပ်ရင်တောင် outdoor ဆိုတော့ နင့်အတွက်
အဆင်ပြေတယ်"
"မြစ်ဘေးဆိုတော့ ကားနဲ့သွားရမှာပဲ"
"တခါတလေလေးတော့ ငါနဲ့ လိုက်ခဲ့ပေးပါဦး
ဆာဆီနာ
နင်ကြိုက်တဲ့ ပန်းချီကားတချပ်လက်ဆောင်ဝယ်ပေးမယ်လေ"
"တကယ်နော်"
"နင်ကလေ တခုခုရမယ်ဆိုတာနဲ့"
"အဲ့တာဆို မလိုက်တော့ဘူး"
"စတာပါ ငါ့ရဲ့ကလေးလေးကလည်း
ငါ့မှာ နင်နဲ့သွားချင်လို့ လာခေါ်တာကို"
"ပြီးတာပဲ
ဒါနဲ့ ဘယ်တော့လဲ"
"မနက်ဖြန် 7 နာရီက စမှာ"
"အိုခေလေ 7 နာရီသွားကြတာပေါ့
ရီယာ"
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions