*forbidden love part 2*

86 9 0
                                    

ဂျူနိုရဲ့နန်းဆောင်က မြစ်ကမ်းဘေးမှာရှိပြီး
နန်းဆောင်ထဲထိ မြစ်ရေဝင်လာအောင်လုပ်ထားတော့
အိပ်မက်သစ်သီးက ဂျူနိုရှိနေတဲ့ နေရာထိရောက်လာတတ်တယ်
အခုလည်း ဂျူနိုထိုင်နေတုန်းမှာ ဘေးက ရေတံခွန်ငယ်ဆီကနေ အိပ်မက်သစ်သီးက
မျောပါလာတယ်

"အိပ်မက်သစ်သီးပါလား မင်းသမီး
‌ရောက်မလာတာ နှစ်အတော်ကြာနေပြီမဟုတ်လား
ခါတိုင်း ဆောင်းဦးကာလမှာ ရောက်လာတတ်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ အထိန်းတော်"

သူမ သစ်သီးကို ကိုယ်တိုင်ဆယ်ယူမယ်လုပ်တော့ အထိန်းတော်က တားတယ်

"မင်းသမီး မသင့်တော်ပါဘူး
အိန္ဒြေထိန်းပါဦး
ထိုင်နေပါ အထိန်းတော်ယူပေးပါ့မယ်"
"ဂျူနိုကိုယ်တိုင်ယူချင်တယ်"
"မဟုတ်မှ မင်းသမီး
ဒီအိပ်မက်သစ်သီးအကြောင်း သိနေတာလား"
"ဘာကို သိရမှာလဲ အထိန်းတော်"

သူမ အိပ်မက်တောအုပ်ရဲ့ဘုရင်မနဲ့ တွေ့တဲ့အကြောင်း သိသွားတာလား..
အထိန်းတော် ပြန်မဖြေခင်မှာပဲ
သူမ အိပ်မက်သစ်သီးကို ယူလိုက်ပြီး ဒီအတိုင်းပဲ ကိုက်စားလိုက်တယ်
ချိုပြီး မွှေးပျံ့တဲ့ရနံ့နဲ့
အရင်ကစားခဲ့တဲ့အသီးတွေထက် ပိုပြီး အရသာရှိနေသလိုပဲ

"ဒီအိပ်မက်သစ်သီးက နတ်ဆိုးဘုရင်မရဲ့သွေးစက်တွေကနေ ဖြစ်လာတာလို့ ပြောကြတယ်"
"သွေးစက်တွေကနေ ဖြစ်လာတယ်"

သူမလက်ထဲက‌အသီးကတော့ ပျောက်ဆုံးသွားပြီ
သူမ တခါတည်းကုန်အောင် စားလိုက်မိတာပဲ

"ဟုတ်တယ် မင်းသမီး
တနှစ်မှာတခါလောက် သူ့ရဲ့အမှောင်စွမ်းအားက ထကြွလာတယ်တဲ့
တခြားသူကို ထိခိုက်အောင်မလုပ်ရင် အဲ့တာက
သူ့ကိုယ်သူထိခိုက်စေတာလို့ ပြောတယ်
အဲ့ဒီအခါ ဘုရင်မက သွေးအန်လာတယ်
အဲ့ဒီသွေးကနေ ဖြစ်လာတာ"
"ဒါဆို အသီးရောက်မလာတဲ့နှစ်တွေမှာ ဘုရင်မက တခြားသူကို ထိခိုက်စေတာလား"
"အဲ့လိုတော့ မထင်ဘူး မင်းသမီး
သူက ဘယ်သူ့ကိုမှ ထိခိုက်စေမယ့်သူမဟုတ်ဘူး
အမှောင်စွမ်းအားကို တားဖို့က ကျင့်စဉ်တွေ
ရှိတယ်
အဲ့ဒီကျင့်စဉ်တွေ လေ့ကျင့်နေတာဖြစ်မယ်
ဒီအကြောင်းတွေကို တခြားသူကို မပြောပါနဲ့
မင်းသမီး
မင်းသမီးရဲ့မိဘတွေကိုတောင် မပြောပါနဲ့
မင်းသမီးနဲ့ အထိန်းတော်တို့ကြားပဲ ထားပါ"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..
မင်းသမီးကိုယ်တိုင် တချိန်ကျ သိလာမှာပါ"
"ဒါဆို အခုသစ်သီးက ဘယ်လိုရလာတာလဲ"
"မင်းသမီး ဘယ်လိုထင်လဲ"
"ဒီသစ်သီးက ဘုရင်မရဲ့သွေးကနေမှ ဖြစ်လာတယ်
သူ့အချိန်အခါလည်းမဟုတ်တော့
လုပ်ယူလို့ ရတာလား အထိန်းတော်"
"ရမယ်ထင်တယ်
သူ့သွေးကို အိပ်မက်သစ်ပင်မှာ လောင်းပေးရင်
ဒါနဲ့ မင်းသမီးက ဘာလို့ အဲ့လောက်ထိ မေးနေရတာလဲ"
"မဟုတ်ပါဘူး
အချိန်အခါမဟုတ် အသီးက ရုတ်တရက်ရောက်လာတာဆိုတော့.."
"ဒီအသီးက ဘုရင်မနဲ့ ကံကြမ္မာဆက်နွှယ်နေသူမှ
စားလို့ရတာလို့ ပြောကြတယ်
မင်းသမီး"
"ကံကြမ္မာဆက်နွှယ်နေသူ..
ဘယ်လိုမျိုးလဲ"
"မဖြစ်သင့်တဲ့ ချစ်ခြင်းတခုပါ မင်းသမီး"
"ဘာလို့မဖြစ်သင့်တာလဲ"
"မင်းသမီး ခုဏက ဘယ်သွားခဲ့တာလဲ"
"ဘယ်မှမသွားပါဘူး
အခန်းထဲမှာပဲ ရှိနေတာ"

🍀soul mate🍀Onde histórias criam vida. Descubra agora