"အမတို့ မဆက်သွယ်ပဲ နေကြရအောင်"
"ကောင်းပါပြီ"
"ဘာမှမပြောတော့ဘူးလား"ဘာပြောဖို့ လိုအပ်နေသေးလို့လဲ
ကျမတို့ကြားမှာ ပတ်သက်မှုတစုံတရာလည်းမရှိ
ခင်မင်မှုအနည်းငယ်ကလည်း ထည့်တွက်ဖို့
လိုပါရဲ့လား"နာကျင်ရပါတယ်လို့လား"
"အမ တောင်းပန်ပါတယ်"
"မတောင်းပန်ပါနဲ့ အမဘက်က ဘာအမှားမှမရှိတာ ပြီးတော့ ဒီနာကျင်မှုက ညီမနဲ့ရင်းနှီးနေပြီးသားလေ အခုထိအသားမကျသေးပေမယ့်လို့
ညီမကိုပေးလာတဲ့ နွေးထွေးမှုတိုင်းက
အချိန်မကြာဘူးဆိုတာလည်း ကြိုသိနေခဲ့ပါတယ် ဒါက ညီမရဲ့ကံတရားပဲလေ
တခုတော့သိချင်တယ်"
"ဘာကိုလဲ"
"ညီမတို့ကြားမှာ ဘာကြောင့်များ စည်းတွေ
ဒီလောက်ခြားနေတာလဲ"
"အဲ့တာက.."
"မေးခွန်းမဟုတ်ပါဘူး အဖြေကိုသိနေပြီးသားမို့
ညီမနဲ့ခင်မင်နေရတာ ဘာကောင်းကျိုးမှမရှိဘူးလေ ရှက်ရွံ့ဖို့ကောင်းတယ်မလား
ပြီးတော့ ညီမရဲ့အပြုအမူတွေက weird ဖြစ်ပြီးတော့ စိတ်ရှုပ်ဖို့ကောင်းတယ်မဟုတ်လား"
"မဟုတ်ပါဘူး"မဟုတ်ပါဘူးတဲ့လား
အဲ့ဒီအကြောင်းပြချက်အပြင် ဘယ်အရာများ
ရှိနေသေးလို့လဲ"ညီမက သာမန်လူတယောက်လို မဟုတ်ရုံနဲ့
ညီမရဲ့ချစ်ခြင်းကို ဘာကြောင့်များ ခေါင်းစဉ်တပ်ရတာလဲ
အချစ်ဆိုတာက ရိုးရှင်းပါတယ်
ချစ်နေရုံတခုတည်းနဲ့ လုံလောက်တဲ့ပေးဆပ်မှုမျိုးပါ ဒါပေမယ့်..အမက
ညီမဆီက ဘယ်လိုအချစ်မျိုးကိုမှ မလိုချင်ခဲ့တာပဲ တောင်းပန်ပါတယ် စိတ်ရှုပ်မှုတွေပဲ
ဖြစ်စေခဲ့လို့"
"ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့"
"ဟင့်အင်း အပြစ်မတင်ပါဘူး
အမကို ချစ်ခဲ့မိလို့ နောင်တမရသလို
ညီမရဲ့ဖြစ်တည်မှုအတွက်လည်း ကိုယ့်ကိုယ်ကို
မကျေနပ်တာမျိုးလည်း မရှိပါဘူး
အဲ့တာက ညီမပဲမို့
အဲ့ဒီအကြောင်းပြချက်နဲ့ ညီမချစ်မိတဲ့သူတိုင်းနဲ့
ဝေးကွာခဲ့ရပေမယ့်လို့
ညီမရဲ့ဖြစ်တည်မှုကို ကျေနပ်ပါတယ်
တခုပဲ အမအပေါ်မှာထားတဲ့ချစ်ခြင်းက
အခြားသူတွေထက် လေးနက်ခဲ့ပါတယ်
အမကတော့ ညီမကို လက်ခံပေးနိုင်မယ်
ထင်ထားခဲ့တာ"
"အမ နားမလည်ဘူး ညီမလေးရယ်"
"တကယ်ဆို နားလည်စရာမှမလိုတာ ဒီအတိုင်း
အမဘက်ကပေးလာမယ့် ဘာတုန့်ပြန်မှုမှ
မလိုချင်ခဲ့ပါဘူး
ညီမတို့ကြားက ဆက်သွယ်မှုတခုကို
အချိန်ကြာတဲ့အထိ ရှိနေစေချင်ရုံတခုတည်းပါ
ညီမက straight မဟုတ်တာနဲ့ပဲ
အမအနားမှာ ရှိခွင့်မရဘူးလား
ပြီးတော့ အမရဲ့ ဖြူစင်တဲ့ဂရုစိုက်မှုတွေကို
တလွဲတွေးရလောက်အောင်ထိ ညီမက
ဥာဏ်နည်းလွန်းတဲ့ပုံစံပေါက်နေလားဟင်"
"မဟုတ်ပါဘူးကွယ်"
"အမသိလား အမကိုတော့ တကယ်ချစ်ခဲ့မိတယ်ထင်တယ် အဲ့တာက အမဆီက တုန့်ပြန်မှုကို
လိုချင်တဲ့အချစ်တခုလည်း မဟုတ်ခဲ့သလို
ပိုင်ဆိုင်ရဖို့လည်း တခါမှမတွေးခဲ့ပါဘူး
ညီမတို့ကြားက ဆက်သွယ်မှုသေးသေးလေးကို
အေးခဲမသွားစေချင်ရုံ
ညီမကို ကျောခိုင်းစွန့်ပစ်မသွားရုံပဲ
မျှော်လင့်မိခဲ့တာပါ
ဒါပေမယ့် အဲ့လောက်လေးတောင် ညီမအတွက်
မထိုက်တန်ခဲ့ဘူးလေ
အခုလိုပြောပြတာက
ညီမကို နားလည်စေချင်လို့ သနားစေချင်လို့ မဟုတ်ပါဘူး
ဘယ်သူ့ကိုမှ ထပ်ချစ်လို့မရတော့တဲ့အထိ
ညီမနှလုံးသားကို ပိတ်မိသွားမှာစိုးလို့ပါ
ဒါပေမယ့် မသေချာပါဘူး
နောက်ထပ်လူတယောက်ကို ညီမရဲ့နှလုံးသားပေးနိုင်ပါ့မလား
ဘာကိုမှ သိပ်ပြီး မမျှော်လင့်ခဲ့တာတောင်
ညီမကျမှ ဘာကြောင့် ချစ်ခွင့်မရတာလဲ"
"ညီမ ပျော်ရွှင်ရမှာပါကွယ်"
"ဟုတ်မှာပါ အမသိလား
နာကျင်မှုတခုက အချိန်တခုကြာရင် ပျောက်သွားမယ်ဆိုပေမယ့်
အဲ့ဒီနာကျင်မှုကြောင့်ဖြစ်လာတဲ့ အမာရွတ်ကတော့
တသက်တာအတွက် ကြွင်းကျန်နေမှာ
အမကို မုန်းပစ်ချင်တယ်
ညီမဘဝထဲကို ခဏလေးပဲ ရောက်လာခဲ့ပေမယ့်
ညီမရဲ့နေ့ရက်တချို့ကို အသက်မဲ့သွားစေတဲ့အထိ သက်ရောက်နိုင်လို့
ဒါပေမယ့် အမက မလိုချင်ခဲ့တာတောင်
အဲ့ဒီအချစ်က အလွယ်ပျောက်မသွားခဲ့ဘူး
ညီမ ဘာလုပ်လို့ရမှာလဲ
နှလုံးသားဆန္ဒကို ဘယ်လိုတားဆီးနိုင်မှာလဲ
အမကို ချစ်တယ်လို့ ဖွင့်မပြောခဲ့တာတောင်
အခုလောက်ထိ အေးစက်သွားဖို့ လိုအပ်လို့လား
ညီမ ပျော်ရွှင်နိုင်မှာပါ
ပျော်ရွှင်မှုကို ညီမကိုယ်တိုင်ရှာဖွေနိုင်မှာပါ
အရင်က ပျော်ရွှင်မှုဆိုတာ ညီမချစ်တဲ့သူတွေလို့
သတ်မှတ်ခဲ့ပေမယ့်
ညီမကိုယ်တိုင် ပျော်ရွှင်မှုကို တည်ဆောက်နိုင်မှာပါ
အရင်ကလို ညီမကို ဂရုစိုက်မှုနည်းနည်းလေးပေးလာရုံနဲ့ ညီမရဲ့နှလုံးသားအစိတ်အပိုင်းအကြီးကြီးပြန်ပေးမိတဲ့အထိ အားနည်းတဲ့လူတယောက်မဖြစ်တော့အောင် ကြိုးစားနိုင်မှာပါ
ကျေးဇူးတင်ပါတယ် ခဏတာလေးဆိုပေမယ့်
ပြန်တွေးတိုင်းပျော်နေမိမယ့် အခိုက်အတန့်တချို့ကို ပေးခဲ့လို့
နာကျင်မှုတွေကိုတော့ ညီမရအောင် မေ့မှာပါ
တချိန်မှာတော့ ညီမလည်း အမကို တကယ်စွန့်လွှတ်နိုင်မှာပါ
ပြီးတော့ တကယ်လို့များ အမဘက်မှာ ဘယ်သူမှမရှိတဲ့အချိန် အရင်နေရာမှာပဲ ညီမရှိနေတာကို
သတိရပါ အဲ့လိုဖြစ်မလာနိုင်ဘူးဆိုပေမယ့်လည်း ညီမကတော့ အမအတွက် အမြဲတံခါးဖွင့်ထားပေးပါမယ် အမဆန္ဒရှိရင် ခဏတာပဲဖြစ်ဖြစ် လာလည်လို့ရပါတယ်
တခုတော့ သတိရပေးပါ အမအပေါ်မှာ
ဘာမျှော်လင့်ချက်မှ မထားခဲ့ပါဘူး"
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions