ဂျူနို မြစ်ကမ်းတဖက် အိပ်မက်တောအုပ်အစကိုရောက်တော့ မိန်းကလေးတယောက်ကို
မြင်လိုက်ရတယ်
အဲ့ဒီမိန်းကလေးက ဘုရင်မကလွဲပြီး အခြားသူတော့ ဖြစ်နိုင်မယ်မထင်ဘူး
အိပ်မက်ထဲကလိုပဲ သူမရဲ့ အနီရောင်ဆံနွယ်တွေက လေထဲမှာ လွင့်နေတယ်
သူမရဲ့ဘေးပတ်ပတ်လည်က ပန်းပင်တွေမှာလည်း ရောင်စုံပန်းငယ်တွေ ပွင့်နေပြီး
ပွင့်ဖတ်တွေက လေထဲမှာ လွင့်နေတယ်
သူမရဲ့နန်းဆောင်ဆီရောက်လာတာ ဒီပန်းတွေပေါ့
အိပ်မက်နဲ့မတူတာတခုက ဘုရင်မက သူမကို ပြုံးပြမနေခဲ့ပါဘူး
သူမကို လှည့်တောင်မကြည့်ဘူးလေ
သူမရောက်လာတာကို မသိဘူးလား
သူမရှေ့က အဲ့ဒီကျောပြင်ငယ်ကို ဘာလို့
ပြေးပြီးဖက်ထားချင်နေလဲ နားမလည်ဘူး
သူမ ဘုရင်မအနားကို တိုးကပ်လိုက်တော့
မမက သူမဘက် လှည့်ကြည့်လာတယ်"အနားထိ ကပ်မလာနဲ့"
"ဘာလို့လဲ"
"မင်းသိပါတယ်
အခုရော ဘာကြောင့် အိပ်မက်တောအုပ်ကို
ရောက်လာရတာလဲ
နောက်ထပ်မလာနဲ့လို့ ပြောထားတယ်မဟုတ်လား"
"3 နှစ်ကြာပြီးမှတွေ့တဲ့ လူတယောက်ကို အခုလိုနှုတ်ဆက်တာလား
မမ ဂျူနိုကို မမြင်ချင်ဘူးလား"
"ဘာအတွက် ရောက်လာခဲ့တာလဲ"
"အဲ့တာက..
ဂျူနိုရဲ့နန်းဆောင်ဆီ ပန်းတွေရောက်လာလို့ပါ
အဲ့ဒီပန်းတွေက တအားလှပြီး ရနံ့ကမွှေးတော့
အပင်ကို မြင်ဖူးချင်လို့"
"အခုမြင်ရပြီမဟုတ်လား
ပြန်တော့"
"မမတကယ်ပဲ ဂျူနိုကို ချက်ချင်းပြန်စေချင်တာလား
3 နှစ်ကြာပြီးမှ တွေ့တာလေ"
"ကိုယ်တို့တွေ အဲ့လောက်ထိ မရင်းနှီးဘူးထင်တယ်နော်
အိန်ဂျယ်မင်းသမီး
မင်းရဲ့ နန်းတော်ဆီပဲ ပြန်ပါ
ဒီနေရာက မင်းလုံးဝမလာသင့်တဲ့နယ်မြေပဲ"
"အဲ့တာဆိုလည်း ဂျူနိုပြန်တော့မယ်"သူမက ကျမကို ချက်ချင်းကျောခိုင်းပြီး အဖြူရောင်အတောင်တွေဖြန့်ကာ ပျံပြေးသွားတယ်
အရင် 3 နှစ်ကလိုမျိုး
ကျမ သူမကို ငေးကြည့်ရင်း ကျန်နေခဲ့ရပြန်ပြီ
ကျမရဲ့ သူမနဲ့ နောက်တခါပြန်တွေ့ချင်တဲ့ဆန္ဒလည်း ပြည့်ခဲ့ပြီမဟုတ်လား
ဒီလောက်ဆို လုံလောက်ပြီပေါ့
ဒါက မဖြစ်သင့်တဲ့ချစ်ခြင်းတခုပဲ
အစမပျိုးတာပဲ ကောင်းပါတယ်
တကယ်တော့ အဲ့ဒီချစ်ခြင်းသစ်ပင်လေးက
သူမတို့သတိမထားခင်ကတည်းက အခိုင်အမာအမြစ်တွယ်နေခဲ့ပြီမဟုတ်လား
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions