*is she a ghost❔*

119 12 2
                                    

ပတ်ဝန်းကျင်မှာ အလင်းရောင်အားနည်းလို့
အမှောင်ထုက တဖြေးဖြေးတိုးဝင်လာတယ်
အမှောင်ထုက ကျမဆီရောက်လာတာလား
ကျမကပဲ အမှောင်ထုဆီတိုးဝင်မိတာလား
ပုစဉ်းရင်ကွဲသံတချို့ကလွဲရင် ပတ်ဝန်းကျင်
တခုလုံးက တိတ်ဆိတ်နေခဲ့တယ်
တိမ်တောက်နေတဲ့အနောက်ကောင်းကင်က
သိပ်လှပေမယ့် ကျမကတော့ အဲ့ဒီအလှမှာ
ကြာကြာမနစ်မျောရဲဘူး
ညက သိပ်မနက်ခင် အိမ်အမြန်ပြန်ရောက်မှ
ဖြစ်မယ်
လမ်းမပေါ်မှာ ကျမတယောက်တည်း
ကောင်းကင်မှာ ကြယ်လေးတွေက ဟိုတစ ဒီတစ
ပြီးတော့ ကောင်းကင်တခုလုံးမှာ ကြယ်တွေ
ပြည့်နှက်သွားတယ်
ကျမကတော့ လမ်းမကြီးထက်မှာ
လေတိုးလိုက်တိုင်း ကျမကျောပြင်တခုလုံး
စိမ့်ချမ်းလို့
ရုတ်တရက်ပါပဲ
ကျမအကြည့်က လမ်းနဘေးဆီရောက်သွားတဲ့အခိုက်
ဖြေးဖြေးလေးလမ်းလျှောက်နေတဲ့လူရိပ်
ဆံပင်တွေက ဖျားလျားချလို့
အဝတ်မဲ့တဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသလို
အရူးတယောက်ပဲထင်ပါရဲ့
ကြည့်နေရင်းမှာပဲ ကျမမြင်ကွင်းကနေ
ပျောက်သွားတယ်
ကံတရားရယ် ကျမကို မကျီစယ်ပါနဲ့လား
ရှေ့ကိုပဲ အာရုံစိုက်ပြီး ဆက်စီးလာတဲ့အခါ
ရုတ်တရက် ကျမကျောပြင်မှာ အေးစက်စက်
ထိတွေ့မှုတခု
ကျမခန္ဓာကိုယ်က ဆတ်ကနဲတုန်သွားမိတော့
အနောက်ကနေ အသံတခုကြားလိုက်ရတယ်

"မကြောက်ပါနဲ့ သရဲမဟုတ်ပါဘူး ဝိညာဉ်ပါ"
"ဝိညာဉ်လား"

ဝိညာဉ်ပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ကြောက်ဖို့ကောင်းတာပဲမဟုတ်ဘူးလား

"ခန္ဓာကိုယ်က သေဆုံးမသွားသေးတဲ့ ဝိညာဉ်တခုပါ"

အဲ့တော့မှ ကြောက်စိတ်အနည်းငယ်ပြေပြီး
ဆိုင်ကယ်ကို ရပ်လိုက်တယ်
အဝတ်မဲ့တဲ့ခန္ဓာကိုယ်က ကျမစိတ်ကို တော်တော်အနှောင့်အယှက်ပေးနေခဲ့တာလေ
ကျမရဲ့ အပေါ်ဝတ်အင်္ကျီကိုချွတ်ပြီး သူမကိုပေးလိုက်တယ်
အဲ့တော့မှ သူမကိုကြည့်မိတယ်
နူးညံ့တဲ့မျက်နှာထားမျိုးပဲ
နှုတ်ခမ်းပါးပါးလေးတွေနဲ့ မျက်ဝန်းတွေကတော့ လဲ့ဖြာလို့
ဘယ်လိုကြောင့်များ ဝိညာဉ်ဖြစ်နေခဲ့တာလဲ
သူမခန္ဓာကိုယ်ကသေးတော့ ကျမရဲ့အင်္ကျီက
သူမပေါင်လယ်ထိပါ ဖုံးအုပ်သွားတယ်
နည်းနည်းတော့ အဆင်ပြေသွားပြီ

🍀soul mate🍀Where stories live. Discover now