ဆောင်းဦးကို ပီပြင်စွာရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် မနက်ခင်းရဲ့ကောင်းကင်မှာ နှင်းတွေက
ဖုံးလွှမ်းထားတယ်
မြေပြင်ထက်မှာ နှင်းလွှာတထပ်က ဖုံးလွှမ်းထား
တာကြောင့် မြင်မြင်သမျှက အဖြူရောင်တွေချည်း
ပြတင်းတံခါးကနေ လှမ်းကြည့်ရင် သစ်ရွက်လေးပေါ်မှာ နှင်းစက်တွေခိုတွဲနေတာကြောင့်
နေရောင်အောက်မှာ ငွေရောင်တောက်နေတဲ့
နှင်းဆီပင်တွေကိုလည်း မြင်နေရတယ်
နှင်းဆီပွင့်တွေက တခြားပန်းတွေနဲ့ မတူပဲ
ပွင့်ဖတ်တွေမှာ နှင်းစက်လေးတွေကို ဖမ်းယူထားနိုင်တယ်
အိမ်ခေါင်မိုးထက်မှာတော့ ချိုးငယ်လေးက
လာကူနေတယ်
ခပ်လှမ်းလှမ်းက စာကလေးတွေရဲ့ အော်မြည်သံကိုလည်း ကြားနေရပါတယ်
ဒါက မနက်ခင်းရဲ့သဘာဝသံစဉ်
နှစ်သက်ဖွယ်ဖြစ်လွန်းတဲ့ သဘာဝရဲ့အလှတရားတွေပဲ ဖြစ်ပါတယ်ပိုပြီးနှစ်သက်ဖို့ကောင်းတာက ကျမဘေးမှာ
ငြိမ်သက်စွာအိပ်မောကျနေတဲ့ ကေသရာဆိုတဲ့
ကျမရဲ့ချစ်ရသူပါ
မမက နှလုံးသားတခုလုံးနဲ့ရင်းပြီး ထုဆစ်ထားတဲ့ သက်ရှိပန်းပုရုပ်ထုတခုလို
အချိုးအစားကျနလှတဲ့ခန္ဓာကိုယ်နဲ့ ပြေပြစ်တဲ့ကိုယ်ဟန်အနေအထား
မမရဲ့ဖြစ်တည်မှုတိုင်းက စွဲမက်စရာတွေချည်းပါပဲ
ကျမအတွက် ရုန်းထွက်ဖို့ခက်တဲ့ နွယ်ကြိုးမျှင်တွေလို
ကျမ ဘေးတစောင်းအနေအထားနဲ့ လက်ထောက်လိုက်ပြီး မမမျက်နှာကို ငေးကြည့်နေမိတယ်
ဘယ်လိုနတ်ဘုရားကများ မမကို ပြည့်စုံအောင်
ဖန်ဆင်းပေးခဲ့တာလဲ သိချင်မိတယ်
အချိန်ခဏလေးနဲ့ ငြိတွယ်ပြီးရုန်းထွက်မရအောင် ဖြစ်စေခဲ့တဲ့အတွက်တော့ အဲ့ဒီဖန်ဆင်းရှင်နတ်ဘုရားကို ကျမ အပြစ်တင်ရပါမယ်
ကျမ မမရဲ့မျက်နှာအစိတ်အပိုင်းတွေကို အသာအယာထိတွေ့ကြည့်လိုက်တယ်
ပြည့်စုံလွန်းတဲ့ရုပ်သွင်နဲ့ ဒီလူသားကို ကျမ မြတ်နိုးရပါတယ်"မမကို သိပ်ချစ်တာပဲလား babe"
"အာ..မမ နိုးနေတာလား"မမက မျက်လုံးတွေကို ဖွင့်ကြည့်ပြီး ပြုံးပြလာတယ်
"ရာ မမကို ငေးကြည့်နေကတည်းကပဲ"
"မမက တကယ်မကောင်းတာနော်"ကျမ မမအနားကနေ ထသွားဖို့ပြင်တော့ ကျမရဲ့ပခုံးတွေကို လှမ်းဆွဲထားတယ်
ပြီးတော့ သူမနဲ့ပိုနီးအောင် ဆွဲကပ်လိုက်ပြီး
နှုတ်ခမ်းတွေကို ထိတွေ့စေတယ်
အချိန်တော့ မကြာခဲ့ပါဘူး
ဒါပေမယ့် အရင်တခါလို နူးညံ့ချိုမြနေဆဲပါပဲ
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions