ကျမတို့ တကယ်ပဲ မှားယွင်းတဲ့အချိန်မှာ တွေ့ဆုံခဲ့ခြင်းလား..
ဒီနေ့လည်း ကောင်းကင်မှာ မြူတွေ ဆိုင်းနေဆဲပဲဆိုပေမယ့်
ဟိုနေ့ကလောက် နှင်းထူထူမကျတော့ဘူး
နှင်းကြီးလည်တယ်လို့ ခေါ်ကြတယ်မဟုတ်လား
ဒီနေ့က ဈေးနေ့ဖြစ်တာကြောင့် ဟိုခိုကို သွားဖို့ ဆုံးဖြတ်လိုက်တယ်
ဟိုခိုဈေးနေ့မဟုတ်ရင်တော့ သရက်ကုန်းဈေး
ဒီတောင်ပေါ်မှာက 5 ရက်တဈေးလေ
ဈေးနေ့ဆိုရင် ဒေသထွက်သီးနှံလတ်လတ်ဆတ်ဆတ်တွေ အများကြီးရနိုင်တယ်
မိုင်းရယ်ဘက်နဲ့ မတူတာက
မေမြို့နဲ့လည်းနီးတော့ သီးနှံ ဟင်းသီးဟင်းရွက်အစုံ ရနိုင်တယ်
မိုင်းရယ်ဘက်မှာက ပိုအေးတာကြောင့်လား
မသိပါဘူး
ဟင်းသီးဟင်းရွက်အဲ့လောက်ထိ မပေါဘူးလှည်းလမ်းကြောင်းနဲ့ မြေသားလမ်းကျဉ်းကျဉ်းမှာ ဆိုင်ကယ်စီးရတဲ့ခံစားမှုက သိပ်တော့အဆင်မပြေခဲ့ဘူး
နောက်မှာ ကျမခါးကို တင်းတင်းဖက်ထားတဲ့
မမပါနေတယ်ဆိုပေမယ့်
အခုလိုအချိန်မျိုးမှာ မသာယာနိုင်ပါဘူး
ရွှံဗွက်တွေက သိပ်နက်တာ
ပန်းနှမ်းခင်းအလယ်ကနေ ဖြတ်စီးရချိန်မှာတောင် အဲ့ဒီအလှတရားကို မခံစားနိုင်ဘူး
တောင်ပေါ်တောလမ်းတွေက ဆိုင်ကယ်စီးရ
တအားခက်တာလေ
ဒါကြောင့် ကတ္တရာလမ်းပေါ် မြန်မြန်ရောက်စေဖို့
ဆုတောင်းမိတာပါပဲ
တကယ်ဆို လမ်းမှာ သုံးထပ်ရေတံခွန်ငယ်လေးဘေးကနေလည်း ဖြတ်စီးလာရသေးတာ
လမ်းဘေးမှာပဲ ကပ်ပြီး ပေါက်နေတဲ့ ကော်ဖီပင်တွေ
ချောင်းတွေမှာဆိုလည်း ရေတအားကြည်တယ်
ဒါပေမယ့် အဲ့ဒီအလှတရားတွေကို မခံစားနိုင်ဘူးလမ်းမပေါ်ရောက်တဲ့အခါမှာတော့ စိုးရိမ်စိတ်မရှိတော့ပါဘူး
အကွေ့အကောက်များပေမယ့် ကတ္တရာလမ်းလည်း ဖြစ်နေပြီး
အမြင့်နေရာကဆိုတော့ ပတ်ဝန်းကျင်ကို ကောင်းကောင်းမြင်နိုင်တယ်
တောင်တန်းရဲ့အမြင့်ဆုံးအပိုင်းလို့ ပြောရမယ်ထင်တယ်
ထိပ်မှာ ရောက်နေတဲ့အခါ မြင်ရတဲ့ရှုခင်းက
တအားလှတာလေ
ကောင်းကင်လေအေးတွေက တဟူးဟူးနဲ့
ပန်းရနံ့တွေပါ သယ်လာသေးတာ
တောင်စောင်းတွေမှာ မုန်လာခင်းတွေနဲ့
ဂျင်းစိုက်ခင်းတွေ
ဟိုခိုသွားတဲ့လမ်းမှာ ထင်းရှုးတောကြီးလည်း
ရှိတယ်
ကျမတို့စီးနေတာက မေမြို့-မိုးကုတ်လမ်းပေါ်မှာပါ
ဒီလမ်းပိုင်းမှာ အကွေ့အကောက်က တအားများတယ်တဲ့
999 ကွေ့ရှိတယ် ပြောကြတယ်
မိုးကြိုးပစ်အလွန်ကဆို ရွှေရင်အေးကွေ့
ဇောက်ထိုးအဆင်းအတက်နဲ့ ချိုးကွေ့နေရာက
တဆက်တည်းလိုဖြစ်နေတာ
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions