*did we really meet at the wrong time❔ ending*

166 16 4
                                    

ကျမတို့ တကယ်ပဲ မှားယွင်းတဲ့အချိန်မှာ တွေ့ဆုံခဲ့ခြင်းလား..
အဖြူရောင် shoe ဖိနပ်လေးရဲ့ပိုင်ရှင်က မမသံလွင်ကလွဲပြီး မဖြစ်နိုင်ဘူးလေ
မမရဲ့ဖိနပ်တွေမှာ L ဆိုတဲ့ အက္ခရာလေး ရေးထားတတ်တယ်
ကျမ မော့ကြည့်လိုက်တော့ မမက ကျမဆီကို
လက်ကမ်းပေးလာတယ်
အဲ့ဒီလက်လေးကို ကျမ ဆုပ်ကိုင်သင့်ပါရဲ့လား
တကယ်လို့ ဆုပ်ကိုင်ပြီးမှ လက်မလွှတ်ချင်တော့ရင်ရော..
ကျမတို့နှစ်ယောက် နီးစပ်နိုင်မှာလား
ရွေးချယ်ဖို့ဆိုတာထက် ကျမတို့အတူရှိဖို့က
ဖြစ်နိုင်ပါ့မလား

"ရာ တခုခုကို ကြောက်နေတာလား"
"philophobia လား အဲ့လိုမျိုးထင်တယ်
ချစ်ရမှာကိုကြောက်တာရော နာကျင်မှုတွေ
ထပ်ရလာမှာကို ကြောက်နေတာရော တယောက်ယောက်ကိုချစ်ရမှာ စိတ်မပါတော့တာရော
အချစ်စစ်ကို မတွေ့သေးတာလည်း ဖြစ်ချင်ဖြစ်မှာ
ဆာကူရာပန်းတွေလိုပေါ့
ဆာကူရာပန်းဆိုတာလေ ကြွေကျချင်ယောင်ဆောင်ပြီး ဆက်ပွင့်နေကြတာတဲ့
ရာ့မှာလည်း အချစ်ရှိပေမယ့် တစုံတယောက်ကို
မတွေ့ခင်အထိ ပုန်းကွယ်နေခဲ့တာပဲဖြစ်မယ်
အဲ့တာက တစုံတ‌ယောက်ကို မလိုအပ်တာတော့
မဟုတ်ဘူးလေ
စိတ်ရင်းအမှန်နဲ့ ဝင်လာမယ်ဆိုရင်တော့ လက်ခံမိမယ်ထင်တယ်
ဘယ်သူမှမရှိလည်း ပျော်ရွှင်နိုင်တယ်ဆိုပေမယ့်
တခါတလေမှာ ရာ့ကိုဖက်ပြီး အရာရာအဆင်ပြေသွားမှာပါဆိုပြီး ပြောပြမယ့်လူတယောက်ကိုတော့ လိုအပ်တယ်လေ
ဘယ်လိုအကြောင်းနဲ့မှ လက်မလွှတ်မယ့်သူမျိုး
အရေးကြီးဆုံးက ရာ့ကို ချစ်တဲ့အတွက်
ရှက်ရွံ့မနေမယ့်လူတယောက်ပေါ့
အများစုက lesbian တယောက်နဲ့ ခင်မင်ရတာတောင် ရှက်စရာလို့ ထင်ကြတယ်မဟုတ်လား"
"ဘယ်လောက်ထိ နာကျင်ခဲ့ရလို့လဲ ကလေးရယ်"
"နာကျင်ခဲ့ရတယ်ဆိုပေမယ့် ရာ ကိုယ့်ကိုယ်ကို
အပြစ်မတင်ပါဘူး
အဲ့လိုလူတယောက်ကို ချစ်မိသွားခဲ့လို့
ချစ်သူလိုပြောတာမဟုတ်ပါဘူး အဲ့ဒီအတွက် အပြစ်တင်ချင်တင်မိမှာဆိုပေမယ့်
ရာ့ရဲ့ဖြစ်တည်မှုအတွက်တော့ အပြစ်မတင်ပါဘူး ရာ..ကိုယ့်ကိုယ်ကို လက်ခံနိုင်တယ်
ဒါက အမှားတခုမှ မဟုတ်တာပဲ
အဲ့ဒီဖြစ်တည်မှုကိုလည်း ရာ တန်ဖိုးထားတယ်
ပြီးတော့ ဘယ်သူ့ကိုမှလည်း ရာ့ရဲ့ဖြစ်တည်မှုကို လက်ခံပါလို့ တောင်းဆိုမှာမဟုတ်ဘူး
ဘယ်သူ့အတွက်မှလည်း ပြောင်းလဲဖို့ ဆန္ဒမရှိဘူး ဒါက ရာပဲမို့ ရာမဟုတ်တဲ့ အခြားလူတယောက်အဖြစ်နဲ့ မရှင်သန်ချင်ဘူး"

🍀soul mate🍀Donde viven las historias. Descúbrelo ahora