"မမ.."
"သတိရလာပြီလား ဂျူနို"
"ဟုတ်"
"ဒါဆို ဂျူနို ပြန်သင့်ပြီ"
"ဘာလို့လဲ မမ
အခုချက်ချင်းလား"
"ပြန်သင့်ပြီလေ ဂျူနို
ဒီရောက်နေတာ အချိန်တခုလည်း ကြာပြီ
ဒီထက်ပိုကြာသွားရင် မကောင်းဘူး
ဂျူနိုကို လိုက်ရှာနေကြလောက်ပြီ"
"ဒါပေမယ့်.."
"ပြန်သင့်ပြီ ကလေးရယ်
နောက်တကြိမ်ပြန်လာခဲ့ပေါ့"
"တကယ်..
အဲ့လိုလာလို့ရတယ်ပေါ့
မမက ခွင့်ပြုပေးတယ်ပေါ့"
"ခွင့်မပြုရင်ရော
ဂျူနိုက မလာတော့ဘူးလား"
"ဟင့်အင်း
ခွင့်မပြုလည်း လာမှာပဲ"
"ဒါဆို အခုပြန်လိုက်တော့နော်"
"ဟုတ်"ဂျူနိုက ကျမကို လာဖက်ပြီး ချက်ချင်းနောက်ဆုတ်သွားတယ်
"ဘာလို့လဲ"
"အထိန်းတော်ရှိနေတာ မေ့သွားတယ်
ဒါဆို ဂျူနိုပြန်မယ်နော်"ဂျူနိုက နောက်ဆုတ်ရင်းနဲ့ပဲ သူမရဲ့အတောင်ပံတွေကို ဖြန့်ကာ ပျံသွားတယ်
သူမပြန်ချင်သေးမှန်း ရိပ်မိပေမယ့်
ကျမကိုယ်တိုင်လည်း ဂျူနိုကို မပြန်စေချင်သေးပေမယ့်
အခုတခုထိကြာသွားရင် မကောင်းဘူး
အခုလိုကြာနေချိန်မှာတောင် မြစ်ရဲ့တဖက်မှာ ဘာတွေဖြစ်ပျက်နေမလဲ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အရှင်မင်းကြီး
သတိထားမိရဲ့လား"
"ဘာပြောတာလဲ အမတ်ကြီးရဲ့"
"အရှင့်သမီးတော်ငယ်ငယ်က အိပ်မက်တောအုပ်ကို သွားခဲ့တယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်
နောက်ပြီး.."
"နောက်ပြီး ဘာဖြစ်လဲ"
"အရှင့်သမီးနဲ့ နတ်ဆိုးဘုရင်မက ချစ်ကြိုးသွယ်.."
"ဘယ်လိုလုပ်ပြီး
မိန်းကလေးနှစ်ယောက်က"
"ဟောကိန်းတခုပါ အရှင်
မင်းသမီးက နတ်ဆိုးဘုရင်မနဲ့ ပေါင်းဖက်ပြီး
တိုင်းပြည်ကို စွန့်ပစ်ထားခဲ့မှာတဲ့"
"အဲ့လိုဆိုရင်လည်း သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို
ဖျက်ဆီးဖို့မသင့်ဘူး
ကံစီမံရာအတိုင်းပဲ ရှိစေတော့"
"ဒါပေမယ့် အရှင်
မင်းသမီးမှာ နတ်ဆိုးဝိညာဉ်လွှမ်းမိုးသွားပြီး
ပြည်သူတွေကို ဒုက္ခပေးရင်ရော
မင်းကြီးကိုယ်တိုင် မင်းသမီးကို သုတ်သင်ပစ်နိုင်မှာလား"
"ဘာကြောင့် အဲ့လိုပြောရတာလဲ အမတ်ကြီး"
"ကျွန်တော်မျိုးကြားထားတာတခုက
နတ်ဆိုးဘုရင်မက သူ့ရဲ့ဖူးစာဖက်ကို စွမ်းအင်တဝက်ခွဲပေးရတယ်တဲ့
အဲ့ဒီတော့ သူ့ရဲ့နတ်ဆိုးဝိညာဉ်က မင်းသမီးဆီရောက်လာပြီး
အဲ့တာက မင်းသမီးရဲ့အိန်ဂျယ်ဝိညာဉ်ကို လွှမ်းမိုးသွားခဲ့ရင်
ဆက်ပြီး မပြောဝံ့တော့ပါဘူး အရှင်"
"ဟုတ်ပါပြီ အမတ်ကြီး
အခြေအနေကြည့်ပြီး ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းမယ်"
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions