🍀soul mate ending🍀

1.5K 113 4
                                    

ကျမလား အချစ်ကို မယုံကြည်ခဲ့ဘူး
မြင်မြင်ချင်းအချစ်ဆိုတာကိုလည်း လက်ခံပေမယ့် သိပ်‌တော့နားမလည်ခဲ့ပါဘူး
သူမနဲ့ မတွေ့ခင်အချိန်အထိပေါ့
အချစ်ဆိုတာ သင်ယူစရာမလိုတဲ့ ဘာသာရပ်တခုပါ

အဲ့ဒီနေ့က လရောင်အောက်မှာပဲ ကျမနဲ့သူမ ကျောခိုင်းလမ်းခွဲခဲ့ကြတယ်
လရောင်က လှည့်စားတတ်တယ်လို့
ကျမပြောခဲ့တယ်မဟုတ်လား
ကျမမှတ်မိတာဆိုလို့ သူမရဲ့နှုတ်ခမ်းက
မိန်းကလေးဆန်စွာ သိပ်နူးညံ့တာကိုပါပဲ
ပျားရည်လို ချိုမချိုတော့ ကျမလည်း
မဝေခွဲတတ်ခဲ့ဘူး
နှစ်ယောက်လုံးက စတင်ခဲ့တာဆိုပေမယ့်
သူမဘက်ကအရင် နောက်ဆုတ်သွားခဲ့တယ်
သူမကို ကြည့်ရတာ ဝေခွဲမရတဲ့ပုံစံမျိုးပါပဲ
အမှားတခုကိုကျူးလွန်မိလို့ နောင်တရသွားတဲ့ပုံစံမဟုတ်တဲ့အတွက်တော့ ကျမ ကျေနပ်ရပါတယ်

"ကိုယ် သွားတော့မယ်" ဆိုတဲ့စကားတခွန်းနဲ့
ကျမတို့ရဲ့တွေ့ဆုံမှုက တခန်းရပ်သွားခဲ့တယ်

"တောင်းပန်ပါတယ်" လို့ မပြောခဲ့တဲ့အတွက်လည်း ကျမ သိပ်ပျော်ခဲ့ပါတယ်
အဲ့လောက်တော့ မျှော်လင့်လို့ရတယ် မဟုတ်လား

မနက်ဖြန်စောစောပြန်မယ့်အကြောင်း ကျမ သူ့ကို
မပြောလိုက်ရဘူး
ကျမတို့ ပြန်တွေ့ခွင့်ရှိနိုင်ဦးမှာလား
********************************************
(သူမရဲ့နာမ်စားအဖြစ် ကျနော်ကို သုံးပါမယ်)
သဲသောင်ပြင်ထက်မှာ တယောက်တည်းထိုင်ပြီး
ပင်လယ်ကြီးကို ငေးမောနေတဲ့ မိန်းကလေးတယောက်ကို ကျနော်စတွေ့တော့ သူမပုံစံက
လွတ်လပ်လိုက်တာ
ဘာကိုမှလည်း ဂရုမစိုက်တဲ့ပုံပါပဲ
ကြည်လင်နေတဲ့ သူမမျက်နှာကလည်း
ကလေးတယောက်လို ရိုးသားမှုတွေအပြည့်နဲ့
သူမကို ကြည့်ရတာ အေးချမ်းလိုက်တာ

"ငယ်" ဆိုပြီး သူမအတွက် နာမ်စားလေးကို
ကျနော် တီးတိုးရေရွတ်မိတယ်

ကျနော် ငယ်ရှိရာဆီကို သွားလိုက်ပြီး
သူ့အနားမှာထိုင်ဖို့ ခွင့်တောင်းတော့ ကျနော့ကို
မော့ကြည့်ပြီး စူးစမ်းနေပုံက ချစ်စရာလေး

ငယ်နဲ့အတူရှိနေရခြင်းက အေးချမ်းလိုက်တာ
ငယ်က ကလေးဆန်ပေမယ့် သူမရဲ့အတွေးတွေက လေးနက်ပြီး သူမရဲ့စကားသံတွေက
ကျနော့ကို ပျော်ရွှင်စေခဲ့တယ်

🍀soul mate🍀Unde poveștirile trăiesc. Descoperă acum