*forbidden love part 1*

122 9 0
                                    

အိပ်မက်တောအုပ်မှာ မင်းသမီးတပါးနေတယ်
demigod ဖခင်(နတ်ဆိုးတပိုင်း god တပိုင်း)နဲ့ witch မိခင်ကနေ မွေးလာတဲ့ကလေး
သူမရဲ့စွမ်းအင်တွေက နားလည်ရခက်ခဲပြီး
အမှောင်ဘက်ခြမ်းပိုရောက်တာကြောင့် သူမကို
အခြားသူတွေနဲ့ဝေးရာ အိပ်မက်တောအုပ်မှာ
အထိန်းတော်တယောက်နဲ့ မွေးကင်းစအရွယ်ကတည်းက ပို့ထားခဲ့တာ
အိပ်မက်တောအုပ်မှာ ဖမ်းစားတတ်တဲ့ ဝိညာဉ်တွေ နတ်ဆိုးတွေနဲ့ အနက်ရောင် witches တချို့ပဲ ရှိတာကြောင့်
သူမ ငယ်ငယ်ကတည်းက တောအုပ်ထဲမှာ
တယောက်တည်း ကြီးပြင်းလာခဲ့တယ်
အထိန်းတော်ကတော့ သူမကို သူ့ရဲ့ကလေးတယောက်လို စောင့်ရှောက်ပေးပါတယ်
သူမရဲ့စွမ်းအင်တွေက ငယ်ငယ်ကတည်းက အားကြီးနေခဲ့တာ
ဒါကြောင့်လည်း သူမ ဒီအိပ်မက်တောအုပ်ကို
စရောက်တဲ့ မွေးကင်းစအရွယ်မှာပဲ တောအုပ်ရဲ့ ဘုရင်မအဖြစ် တင်မြှောက်ခဲ့ကြတယ်
သူမအနားကို ရောက်သွားတဲ့သူတိုင်း စွမ်းအင်တွေစုပ်ယူခံရတယ်
အချိန်ကြာကြာနေရင် အသက်အန္တရာယ်အထိ
ပေးနိုင်တယ်
အထိန်းတော်တယောက်ပဲ သူမရဲ့အမှောင်စွမ်းအင်ကနေ လွတ်ကင်းနေတယ်
အထိန်းတော်မှာက healing power ကုစားပေးနိုင်တဲ့စွမ်းအင်ပဲ ရှိတာကြောင့်ဖြစ်မယ်
ဒီလိုနဲ့ သူမတယောက်တည်းလို နေလာခဲ့တာ
အသက် 15 နှစ်အရွယ်မှာတော့
သူမရဲ့တောအုပ်ထဲ ကောင်မလေးတယောက်ရောက်လာခဲ့တယ်
သူမထက်တော့ အသက်ငယ်မယ့်ပုံပါပဲ
သူမကိုတွေ့တော့ ကြောက်လန့်မနေပဲ စူးစမ်းသလို ငေးကြည့်နေတယ်

"ဟိုကလေး ဘယ်လိုလုပ်ပြီး အိပ်မက်တောအုပ်ထဲကို တယောက်တည်းရောက်လာရတာလဲ"
"ကလေးမဟုတ်တော့ပါဘူး 13 နှစ်ပြည့်ပြီ"

အသက် 13 နှစ်‌ဆိုရင် မူလမျိုးနွယ်ရဲ့စွမ်းအင်တွေ ရရှိလာပြီဖြစ်ပါတယ်

"ဟုတ်ပါပြီ
တယောက်တည်းရောက်လာရတဲ့အကြောင်းအရင်းက..
အိပ်မက်တောအုပ်က ဘယ်လိုတောအုပ်လဲ
သိတယ်မဟုတ်လား
ဘယ်က ရောက်လာတာလဲ"
"ဟိုဘက်ကမ်းက..
လူကြီးတွေမသိအောင် ခိုးထွက်လာတာ"

ဟိုဘက်ကမ်းမှာက အိန်ဂျယ်တွေနဲ့ လူတွေနေကြတာလို့ ကြားတယ်
ကျမတော့ သွားခွင့်မရှိပါဘူး
မြစ်တဖက်ကမ်းကို သွားလို့မရဘူး
ကျမအတွက် အတားအဆီးလုပ်ထားတာကြောင့်

🍀soul mate🍀Where stories live. Discover now