ရိုးရာပွဲတော်တခုဆိုပေမယ့်
ကြီးကျယ်လွန်းတာတော့ မဟုတ်ပါဘူး
တောင်ပေါ်လမ်းအနိမ့်အမြင့်တလျှောက်
ဆိုင်တွေခင်းထားတဲ့ ဈေးရောင်းပွဲတော်တခုလိုပါပဲ
အများအားဖြင့် ရိုးရာပစ္စည်းတွေနဲ့ ပန်းဆိုင်တွေပဲ သိပ်များတယ်
ပန်းပင်မျိုးစုံရနိုင်တာကြောင့် ပန်းပွဲတော်ဆိုပြီး
အမည်တပ်လို့တောင် ရနိုင်ပါတယ်
မျိုးနွယ်စုတွေကနေ တနှစ်တာလုံးစုဆောင်းထားတဲ့ပန်းပင်တွေကို ပြသတဲ့ပွဲဆိုပြီးလည်း
ပြောနိုင်ပါတယ်
ရှားပါးသစ်ခွပင်တွေရယ် နွေဦးမှာပွင့်တဲ့ daffodils နှင်းပန်းလို ပန်းမျိုးစုံတွေရယ်အပြင်
လာဗင်ဒါပန်းပင်တွေကိုတောင် တွေ့နိုင်ပါတယ်
လာတဲ့ဧည့်သည်တွေကလည်း သိပ်မများပါဘူး
နိုင်ငံခြားခရီးသွားတွေရယ် တခြားနယ်ကနေ
တိုက်ဆိုင်စွာရောက်လာတဲ့ ကျမတို့လိုဧည့်သည်တွေနဲ့ အဝေးရောက်မျိုးနွယ်စုဝင်တွေပဲ
များပါတယ်
ပွဲတော်ဆိုပေမယ့် မျိုးနွယ်စုတွေ့ဆုံပွဲတခုပါပဲပွဲတော်ဈေးအထက်က တောင်တန်းမှာ ထင်းရှုးတောအုပ်ရှိတယ်
တောအုပ်အလယ်မှာက တောင်တော်သခင်မနတ်ကွန်း
ပွဲတော်နောက်ဆုံးရက်မှာ ပန်းပေါင်းစုံယူဆောင်ပြီး သခင်မနတ်ကွန်းမှာ ဆက်သကြတယ်တဲ့
နတ်ကွန်းဆီရောက်ဖို့ ကျောက်လှေကားထစ်တွေ
ထွင်းထုထားကြတယ်
လှေကားထစ်ပေါင်း (333)ခု ရှိတယ်ပွဲတော်ဈေးနဲ့ ကျမရဲ့တည်းခိုဆောင်က နီးတော့
တနေ့ကို အနည်းဆုံးတကြိမ်တော့ သွားဖြစ်တယ်
အဲ့ဒီဒေသမှာက လည်ပတ်စရာ သိပ်စုံတာ
ရေတံခွန်စမ်းချောင်းတအားများသလို အရောင်စုံပန်းခင်းတွေကိုလည်း အနှံ့အပြားတွေ့နိုင်တယ်
နှင်းဆီပန်းခင်းကျယ်ကြီးတွေ မျက်စိတဆုံးရှိတဲ့လာဗင်ဒါပန်းခင်းတွေ ကမ္ဘာ့ဈေးအကြီးဆုံးဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ခရမ်းရောင်ကုံကုမံ saffron ပန်းခင်းတွေ
လိမ္မော်ခင်းတွေ အဖြူရောင်ပန်းတွေပွင့်နေကြတဲ့မက်မန်းခြံတွေ တောင်တန်းတလျှောက်
အလေ့ကျပေါက်နေတဲ့ဇီးပန်းပင်တွေနဲ့ ချယ်ရီပင်တွေဒီနေ့တော့ ထူးခြားတယ်ပဲပြောရမလား
မနက်စာစားပြီး ကျမတယောက်တည်း ပွဲတော်ဈေးရှိရာ တောင်ပေါ်လမ်းတလျှောက်
လျှောက်သွားနေမိတယ်
မိုးကအုံ့မှိုင်းနေပြီး တောင်ပေါ်လေအေးတွေက
တချက်တချက်တိုက်လာတယ်
ချယ်ရီပွင့်ဖတ်တွေက လမ်းပေါ်မှာ ကြွေကျလို့
တခါတခါတော့ ကျမခေါင်းပေါ်တည့်တည့်ကြွေကျလာတတ်တယ်
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions