am I love her?

1.2K 62 0
                                    

"ချစ်ခဲ့ဖူးလား တစုံတယောက်ကို"
"အဲ့ဒီမေးခွန်းက ကိုယ့်အတွက်တော့ နည်းနည်းခက်တယ်
ကိုယ်က ချစ်ခြင်းမှာ အရောင်တွေမခွဲတတ်တော့ သိပ်ပြီး နားမလည်ခဲ့ဘူး
‌လူတယောက်အပေါ်မှာ စိတ်ကူးယဉ်ဆန်တဲ့
မျှော်လင့်ချက်တွေထားတတ်တော့
ကိုယ့်ဘဝကို တယောက်ယောက်နဲ့မျှဝေချင်တာမျိုးလည်း မရှိခဲ့ဘူး
ကိုယ့်မှာ အချစ်ရှိရဲ့လားတောင် သံသယဖြစ်မိတဲ့အထိ
ကိုယ်က အတ္တသိပ်ကြီးတာလေ
အချစ်ဆိုတာ တ‌စုံတယောက်ပျော်ရွှင်တာကို မြင်ချင်တာမျိုးဆိုရင်တော့ ကိုယ်...ချစ်ခဲ့ဖူးမှာပါ"
"ကျမကိုရော ပျော်ရွှင်စေချင်ခဲ့လား"

ဆိုပြီး သူမကမေးတယ်
သူမဆိုတာက ကျမရဲ့သူငယ်ချင်းပါ
ကျမကို ချစ်နေတဲ့လူတယောက်လို့ ပြောရမလား
မသေချာပါဘူး
ဘာလို့လဲဆိုရင် ကျမနဲ့ပတ်သက်တဲ့ အခြားတယောက်ရဲ့အတွေးတွေကို နားမလည်တတ်ခဲ့ဘူး
ပြီးတော့ မယုံကြည်တတ်ခဲ့ဘူး
မယုံရဲခဲ့တာဆို ပိုမှန်မယ်

"တကယ်ကို ပျော်ရွှင်စေချင်တာပေါ့ မင်းက
ကိုယ့်သူငယ်ချင်းပဲလေ အင်း...သူငယ်ချင်းပေါ့"

ကျမ သူမကိုကြည့်လိုက်တော့ သူမမျက်ဝန်းမှာ
ဝမ်းနည်းမှုတွေ ရစ်သိုင်းလို့
အနာဂတ်ဆိုတာ မသေချာတဲ့အချိန်ကာလတခုပါ
ပြီးတော့ ကျမက နောက်မှဆိုတဲ့စကားကိုလည်း
အယုံအကြည်မရှိခဲ့ဘူး
နောက်မှဆိုတဲ့အရာတွေဟာ ဖြစ်မလာခြင်းနဲ့သာ အဆုံးသတ်တာမျိုးလေ

"ကိုယ် တစုံတယောက်ကို ပိုင်ဆိုင်ချင်ခဲ့ပါတယ်
ကိုယ့်ရဲ့ ကောင်းခြင်းမှာရော ဆိုးရွားခြင်းမှာပါ
ခံနိုင်ရည်ရှိမယ့်လူမျိုး
နားလည်ပေးနိုင်တာထက် ပိုမှဖြစ်မယ်
ဘာလို့လဲဆိုရင် ကိုယ်ချစ်တဲ့သူကို ကိုယ်တိုင်ပဲ
နာကျင်အောင် လုပ်မိတတ်တာမို့
ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း လူတွေကို ဆက်ဆံတတ်တော့ ကိုယ်ချစ်တဲ့သူအပေါ်မှာတောင် အမြဲဂရုစိုက်နိုင်မှာမဟုတ်ဘူး ကိုယ့်ရဲ့မတည်ငြိမ်တဲ့
စိတ်အခြေအနေမှာ လူတယောက်က ဘယ်လောက်ထိအနားမှာ ရှိနေနိုင်မှာလဲ
တခဏလေးနဲ့ပြီးဆုံးသွားမယ့် အချစ်တခုကိုလည်း ကိုယ်မလိုချင်ခဲ့ဘူး
ကိုယ်ချစ်တဲ့သူအပေါ်မှာတော့ အမြဲနွေးထွေးမှုပေးပြီး ဖြည့်ဆည်းပေးနိုင်မှာပါ
ကိုယ့်ရဲ့ဂရုစိုက်မှုလွန်ကဲခြင်းမှာ စိတ်ပျက်သွားမယ်ဆိုရင်ရော
ကိုယ့်စိတ်က အစွန်းနှစ်ဖက်မှာ ရှိနေတတ်တာမျိုးလေ"

🍀soul mate🍀Where stories live. Discover now