*dreamy*

105 8 0
                                    

ကျမနှလုံးသားက နှင်းမှုန်လေးတွေကြောင့်
အေးခဲသွားတာလား
အဲ့လိုဆိုရင် နှင်းမှုန်လေးတွေကို အပြစ်တင်သလို ဖြစ်နေမှာပေါ့
ဒါမှမဟုတ် တိမ်တိုက်လေးကြောင့်လား
ခဏတာပဲ ကျမဘဝထဲဝင်ရောက်လာပြီး
တိမ်တိုက်လေးလို ထွက်ပြေးပျောက်ကွယ်သွားတဲ့လူတယောက်
အဲ့ဒီခဏလေးမှာပဲ ကျမနှလုံးသားမှာ
နက်ရှိုင်းစွာနဲ့ ခိုဝင်လာတဲ့ချစ်ခြင်းတွေ
သူမပေးခဲ့တာလား
ဟင့်အင်း..မဟုတ်ပါဘူး
ကျမဘက်ကသာ ဖြစ်တည်လာတဲ့
တဖက်သက်ချစ်ခြင်းတွေပါ
အဲ့ဒီအချိန်ကစပြီး ကျမနှလုံးသားက
အေးခဲသွားခဲ့သလား

ဒါမှမဟုတ် အိပ်မက်ဆန်တဲ့မျှော်လင့်ခြင်း
တခုကြောင့်လား
အိပ်မက်ထဲကို ဝင်လာခဲ့တဲ့သူမ
ရင်းနှီးသလိုခံစားမှုနဲ့ ကျမ,မသိတဲ့သူစိမ်းတယောက်
အိပ်မက်တွေဆိုတာက နိုးလာတဲ့အချိန်မှာ
မှတ်မိဖို့ ခက်ခဲတတ်ကြတယ်မဟုတ်လား
ကျမကျမှ ဘာကြောင့်များ မှတ်မိနေတာလဲ
soul mate လား
မဖြစ်နိုင်ပါဘူး
ကျမအတွေးတွေ တယူသန်နေသလိုပဲ

ကျမအခုချိန်ထိ မှတ်မိနေတာက တခုတည်းပဲ
သူမရဲ့ထူထူထဲထဲနှုတ်ခမ်းတစုံ
အနီရောင်ပြေးနေတဲ့ သူမရဲ့ plump lips
ခွင့်မတောင်းပါပဲ သိမ်းပိုက်သွားတဲ့
ကျမရဲ့ first kiss က
သူမရဲ့နှုတ်ခမ်းတွေထက်မှာ

အဲ့ဒီအချိန်မှာ ကျမက ထင်းရှုးတောထဲကို
ရောက်နေခဲ့တာ
ရေကန်ကြီးတခုရယ်
ကမ်းစပ်က တံတားငယ်လေးရယ်
ပြီးတော့ သူမရယ်
ခပ်ဖြေးဖြေးတိုက်ခတ်နေတဲ့လေပြေရယ်
လတ်ဆတ်တဲ့သစ်တောရနံ့ရယ်
ကျမရဲ့ရင်ခုန်ခြင်းတွေရယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေပယ်လ်ပင်ကြီးအောက်က ထိုင်ခုံလေးထက်မှာ ကျမ ထိုင်နေခဲ့တယ်
လေတိုးလိုက်တိုင်း မေပယ်လ်ရွက်တွေက
ကျမအပေါ်မှာ ကြွေကျလာတယ်
အေးစက်တဲ့ဆောင်းဦးလေက တယောက်တည်းဖြစ်တဲ့ကျမကို ကျီစယ်နေသလိုပဲ
hoodie ခေါင်းစွပ်ကို ဆွဲတင်လိုက်ပြီး
ကောင်းကင်ကို မော့ကြည့်လိုက်တယ်
နှင်းတွေတောင် သိပ်မကွဲသေးဘူးပဲ

ရုတ်တရက် ကျမပါးပြင်ပေါ်ကို ကြွေကျလာတဲ့
မေပယ်လ်ရွက်တရွက်
သစ်ရွက်လေးတရွက်က ဘယ်လိုလုပ်ပြီး
ကျမကို စိတ်လှုပ်ရှားစေနိုင်မှာလဲ
သာမန်သစ်ရွက်လေးတရွက်ဆိုရင်ပေါ့
ဒါပေမယ့်.....
အဲ့ဒီသစ်ရွက်မှာ စာတိုလေးရေးထားတယ်
"ရှာတွေ့ပြီ" တဲ့
ကျမ ဘေးကို လှည့်ကြည့်လိုက်တော့
နှင်းမှုန်ဝတ်စုံကို ဝတ်ထားတဲ့မိန်းမပျိုတယောက်
နှင်းတွေလို ဖြူဖွေးတဲ့ဝတ်စုံနဲ့ သူမက
ကျမကို ပြုံးပြနေခဲ့တယ်
နှင်းမှုန်ထုက ကျမအနားမှာ ရှိနေသလိုမျိုး
အေးချမ်းလိုက်တာ

🍀soul mate🍀Waar verhalen tot leven komen. Ontdek het nu