*criminal ending*

296 13 0
                                    

"ရာ အိပ်ယာထတော့"
"အွန်.."
"ထပါလို့ဆို"

ကျမနားနားကပ်ကာ လေသံတိုးတိုးနဲ့ လာနှိုးတယ်
ပြီးတော့ သူမနှုတ်ခမ်းတွေက ကျမနားသယ်စမှာ
ဒီလိုပုံစံနဲ့ လာနှိုးမှတော့ ဘယ်သူက ဆက်အိပ်နိုင်မလဲ

"အွန်းပါ ထနေပြီ ဘာလုပ်.မလို့လဲ"
"ဒီနေ့က တောထဲမှာ ရှိနေတဲ့ နောက်ဆုံးရက်မဟုတ်လား ရာ့ကို တနေရာခေါ်သွားချင်တယ်"
"အခုလား.."
"အင်း ဒါပေမယ့် မျက်နှာသစ်လိုက်ဦး ရာက ညစ်ပတ်နေတယ်"
"ညစ်ပတ်တယ်ဆို ဘာလို့လာနမ်းနေသေးလဲ"
"အဲ့တာက နှလုံးသားဆန္ဒလေ သူက ကျန်တာတွေ သိပ်မတွေးဘူး"
"ဟွန့်.."

ကျမနှာခေါင်းရှုံပြတော့ ရီယာက ရယ်ပြီး လာဖက်တယ်လေ

"ညစ်ပတ်တယ်ဆို ဖယ်ပေးကွာ"
"ဟင့်အင်း"
"မျက်နှာသစ်မလို့လေ ရေတွေစိုကုန်တော့မှာပဲ"
"မတတ်နိုင်ဘူးလေ"
"ရီယာ ညီမကို လာပြီးဖြားယောင်းနေတာလား"
"ဘာလို့လဲ"
"အရမ်းနီးကပ်နေတယ်လေ"
"အာ.."

အဲ့လိုပြောလိုက်တော့မှ အနောက်ကို ဆုတ်သွားတယ်
သူမဝတ်ထားတာက ပါးလွှာတဲ့ အပြာရောင်ဝတ်ရုံလွှာ
တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့အခါ သူမနှလုံးခုန်သံကိုပါ ကျမ အတိုင်းသားကြားနေရတယ်
ပြီးတော့ သူမရဲ့နူးညံ့တဲ့အလှတရားတွေ
သူမက လူတယောက်လို နေထိုင်တဲ့အခါ သူမခန္ဓာကိုယ်ကနေ အမွှေးရနံ့တခုပဲ ရနေတယ်
စွဲမက်ယစ်မူးဖွယ်ရနံ့
ဒါပေမယ့် အဲ့ဒီရနံ့ကို ကျမတယောက်ပဲ သိနိုင်ပါတယ်
ထို့အတူပါပဲ ကျမဆီကရနံ့ကိုလည်း သူမသာ
သိနိုင်ပါတယ်
သူမက ပြောတယ် ကျမရဲ့ရနံ့ကလည်း သူမကို
ရုန်းထွက်ဖို့ ခက်ခဲစေပါတယ်တဲ့

"ဘယ်ကို ခေါ်သွားမလို့လဲ"
"ရီယာ့လက်ကို ဆုပ်ကိုင်ထားပါ ပြီးတော့ မျက်လုံးပိတ်လိုက်"

ကျမမျက်ဝန်းတွေကို မှိတ်လိုက်တဲ့အခါ
နှုတ်ခမ်းတွေထက် ကျရောက်လာတဲ့ ချိုမြိန်မှုတခု
နွေးထွေးမှုနဲ့အတူ ယစ်မူးစေတယ်

"ဒါအတွက်လား"
"မဟုတ်ပါဘူး ဆန္ဒတွေကို ထိန်းမရတော့လို့"
"အဲ့တော့.."
"ကိုယ့်လက်ကို ကိုင်ထားနော်"
"အွန်း"

ကျမခန္ဓာကိုယ်က ပေါ့ပါးလွန်းစွာနဲ့ ရွေ့လျားနေခဲ့သလို

🍀soul mate🍀Unde poveștirile trăiesc. Descoperă acum