🍁astilbe လို့ခေါ်တဲ့ gloria ပန်းတွေက ချစ်မြတ်နိုးရတဲ့လူတယောက်အတွက် ရည်ရွယ်ပြီးတော့
စိတ်ရှည်စွာနဲ့စောင့်ဆိုင်းနေမှုကို ရည်ညွှန်းတယ်
နောက်ပြီး လေးနက်တဲ့ချစ်ခြင်းနဲ့ ရမ္မက်ဆန္ဒ🍁
ပုံမှန်ထက်ပိုကျယ်တဲ့နှလုံးခုန်သံတခုက အိပ်ယာကနိုးလာစကျမကို ပိုပြီး ဆာလောင်လာစေတယ်
သွေ့ခြောက်နေတဲ့လည်ချောင်းက သွေးကို လိုအပ်နေကြောင်း အချက်ပေးနေပြန်တယ်လေ
မနေ့က ကျမ တနေ့လုံး ဘာမှမစားခဲ့ရဘူးပဲ
အတွေးမဆုံးခင်မှာ ဘေးအခန်းကနေ
ဒေါသတကြီးအော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်
တဆက်တည်းကြားလိုက်ရတာက သံကြိုးကို လက်သည်းနဲ့ကုတ်ခြစ်နေတဲ့ အသံတွေ
ကျမ အနားမယူနိုင်တဲ့အကြောင်းပြချက်က
သူပါပဲ
လေထက်မြန်တဲ့ပေါ့ပါးမှုနဲ့ ကျမ သူ့အနားကို
ပြေးသွားလိုက်တယ်"ငြိမ်မနေနိုင်တဲ့ အကြောင်းပြချက်က
ငါ့ရဲ့မနက်စာဖြစ်ချင်လို့လား
ဒါမှမဟုတ်
ကြာပွတ်ကို တောင့်တနေတာလား"ကျမ သံတိုင်မှာချိတ်ထားတဲ့ ကြာပွတ်ကို
ယူလိုက်တဲ့အခါ
သူမက အခန်းထောင့်ဆီကို နောက်ဆုတ်ရင်း
တိုးဝင်သွားတယ်"ကြာပွတ်ကိုကြောက်ရင် မင်း လိမ္မာသင့်တယ်"
သူမက အေးစက်တဲ့ သူမရဲ့မျက်ဝန်းနက်တွေနဲ့ ကျမကို မော့ကြည့်နေတယ်
ကျမ လက်ထဲကကြာပွတ်ကို တိုင်မှာပြန်ချိတ်ပြီး
သူမလည်ပင်းက သံကြိုးကို ဆွဲယူလိုက်တယ်
သူမကိုယ်မှာ ကျမပေးထားတဲ့ဒဏ်ရာတွေနဲ့
ဘယ်လောက်ထိ နာကျင်နေမလဲ
ဒါပေမယ့် သူမက တအားအရိုင်းဆန်ပြီး
သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှုလည်း အားနည်းတယ်
သူမက သားရဲတကောင်လေကျမ သူမအနားကို တိုးကပ်လိုက်တဲ့အခါ
မျက်လွှာကို ချပစ်တယ်
အမြဲအဲ့လိုပဲ..
အတတ်နိုင်ဆုံး ကျမရဲ့မျက်ဝန်းတွေနဲ့ မတွေ့အောင် ရှောင်တယ်
သူမကို နာကျင်စေတဲ့အခါမှသာ ကျမကို အေးစက်စက်မျက်ဝန်းတွေနဲ့ မော့ကြည့်တတ်တာ
ကျမ သူမကိုချည်နှောင်ထားတဲ့ သံကြိုးကို ဖြုတ်ပေးလိုက်ပြီး သူမအနား ပိုကပ်လိုက်တယ်
နှာခေါင်းဆီကို ထောင်းကနဲတိုးဝင်လာတဲ့ ညှီနံ့
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions