"ရာ နင် မြောက်ပိုင်းကတောင်တွေဆီ ခရီးသွားမလို့ဆို"
"အင်း ပိတ်ရက်ရှည်ဆိုတော့ အဲ့ဒီဘက်သွားချင်လို့ သွားချင်နေတာ ကြာပြီဆိုပေမယ့် ဘယ်လိုမှမစီစဉ်နိုင်ခဲ့ဘူးလေ အဲ့တာကြောင့် အခုတခါ ရောက်အောင်သွားမလို့"
"နင်တယောက်တည်းမဟုတ်လား"
"အင်းလေ နင်တို့မှ ငါနဲ့မလိုက်နိုင်တာ"
"စိတ်မဆိုးပါနဲ့ ရာရယ်
ငါတို့က ဘယ်လိုမှလိုက်လို့မရလို့ပါ"
"အင်းပါ ငါ စိတ်မဆိုးပါဘူး
ဒီအတိုင်း အတူသွားချင်လို့ပြောပြတာ"
"ဒါနဲ့ ငါ ပို့စ်တခုတွေ့ထားတယ်
နင်နဲ့ အဆင်ပြေလောက်တယ်"
"ဘာမို့လဲ"သိမ့်က ကျမကို fb post တခုပြတယ်
"ဒီမှာ"
👣 ခရီးအတူသွားဖို့ မိန်းကလေးတယောက် ရချင်ပါတယ်
တောင်ပေါ်ခရီးဆိုတော့ ခရီးသွားဖော်တယောက်ရှိမှ အဆင်ပြေနိုင်တာမို့
ခရီးသွားဖို့ ကြိုတင်စီစဉ်ထားပြီး အခုက ရီနာ တယောက်တည်းဖြစ်နေတာကြောင့် 👣"သူကလည်း မိန်းကလေးလား"
"မိန်းကလေးပဲဖြစ်မယ်
ဒါကြောင့် မိန်းကလေးပဲ တောင်းဆိုတာပေါ့ ရာရဲ့ နင် ဆက်သွယ်ကြည့်သင့်တယ်
သူက ကိုယ်ပိုင်ကားနဲ့ သွားမှာဆိုတော့ နင့်အတွက် ခရီးစရိတ်ပိုသက်သာမှာ
အဲ့တာဆို ငါတို့အတွက် လက်ဆောင်တွေ ပိုဝယ်လာလို့ရပြီ"
"ခရီးက မသွားရသေးဘူး
နင်က လက်ဆောင်လိုချင်နေပြီ"
"ဒါပေါ့ လိုချင်တာပေါ့"
"အိုခေ"သိမ့်ပြန်သွားတော့ ကျမ ပို့စ်ပိုင်ရှင်မိန်းကလေးဆီကို ဆက်သွယ်လိုက်တယ်
သူမက ဖုန်းနံပါတ်လည်း ပေးမထားတာကြောင့်
msg chat box ကနေ
အရင်ဆုံး သူမ wall ကိုကြည့်ပြီး follow လုပ်လိုက်တယ်
သူမက ခရီးတွေ မကြာခဏသွားတတ်ပုံပေါ်ပြီး
ရှုခင်းပုံတွေ တင်ထားတာမို့"hello
ရာလည်း မြောက်ပိုင်းကို ခရီးသွားမလို့ပါ"သူမတင်ထားတဲ့ပို့စ်ကို screenshot ရိုက်ပြီး ပို့လိုက်တယ်
"ခရီးသွားဖော်မိန်းကလေးတယောက်ရချင်နေတာ ရပြီလား မသိဘူး"
သူမက ကျမပို့တဲ့စာတွေကို တွေ့တဲ့ပုံပေါ်ပြီး reply တော့ မလာဘူး
ခဏကြာမှ
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions