*a love that had passed*

107 7 0
                                    

လူတယောက်အတွက် ဘဝမှာအနည်းဆုံးတခါတော့ အချစ်စစ်နဲ့တွေ့ဖူးကြမယ်မဟုတ်လား
ကျမအတွက်ရော အချစ်စစ်နဲ့တွေ့ခဲ့ပြီလား
ကျမနှလုံးသားက ဘယ်သူ့ကိုမှ
လက်မခံနိုင်သေးတာလား
ဒါမှမဟုတ် ကျော်လွန်သွားတဲ့အချစ်တခုကို
ရင်ထဲမှာသိမ်းဆည်းထားပြီး နှလုံးသားတံခါးကိုများ အသေပိတ်ခဲ့မိတာလား
မသိတော့ပါဘူး

လူတယောက်တော့ရှိခဲ့တယ်
ကျမအနားကို ရောက်လာခဲ့ပြီးမှ တဖြေးဖြေးဝေးကွာသွားတဲ့လူတယောက်
နွေးထွေးတဲ့ဂရုစိုက်ခြင်းတွေနဲ့ ကျမရဲ့နေ့ရက်တချို့ကို ပြည့်စုံစေခဲ့တဲ့သူ
ကျမအတွက် ရှိနေတဲ့ သူမရဲ့အချိန်တွေကို
အခုဘယ်သူများ ရယူနေပြီလဲ
ကျမ မသိချင်ဘူး
တယောက်ယောက်နဲ့ရှိနေမယ့် သူမအကြောင်းကို
တွေးမိရင် ကျမမျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လာတယ်
ရင်တခုလုံးတင်းကျပ်နေသလို ခံစားမှုနဲ့
နာကျင်တယ်
တကယ်ဆို ကျမတို့ကြားမှာ အချစ်မှမရှိခဲ့တာ
ဘယ်သူကမှ မဖွင့်ဟခဲ့ကြတဲ့လူနှစ်ယောက်အတွက် အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်နိုင်မှာလဲ

တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီအချစ်က
ကျမနှလုံးသားမှာသာ ဖြစ်တည်နေတဲ့
တဖက်သက်အချစ်တွေပဲ ဖြစ်မှာပါ
အဲ့လိုလေးပဲ ချစ်နေခွင့်ရရင်တောင်
ကျမအတွက် လုံလောက်ခဲ့ပါတယ်
ဒါပေမယ့်..
ကျမတို့နှစ်ယောက်ရဲ့ ဝေးကွာခြင်းက
သိပ်ကို များလွန်းနေပြီ
ကျမ နောက်ပြန်လှည့်ရင်တောင် မမှီနိုင်တော့တဲ့
အကွာအဝေးတခုမှာများ ရောက်နေခဲ့ပြီလား
သူမဆီပြန်သွားနိုင်ဖို့ ကျမဘယ်လမ်းကို
ရွေးရမလဲ မသိနိုင်တော့ဘူး
ကျမတို့နှစ်ယောက်ရဲ့ ဆုံနိုင်ခွင့်တွေက
လက်လှမ်းမီနိုင်တာထက် ကျော်လွန်နေခဲ့ပြီထင်ပါရဲ့
ကျမ ဘယ်လောက်ပဲကြိုးစားပါစေ
သူမအနားကို ပြန်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး
ကျမ သူမလက်ကို ပြန်ဆုပ်ကိုင်ချင်တယ်
တချိန်ကရခဲ့တဲ့ သူမရဲ့နွေးထွေးမှုတွေ
ပြန်ရချင်တယ်

ကျမတို့နှစ်ယောက်ရဲ့ဝေးကွာခြင်းက
တယောက်နဲ့တယောက် မပွင့်လင်းခဲ့ကြလို့လား
ဒါမှမဟုတ်
သူမမှာ ကျမအတွက် အချစ်မရှိခဲ့တာလား
မဖြစ်နိုင်ပါဘူး
ကျမအတွက်စိတ်ပူပေးတတ်တဲ့ သူမရဲ့နွေးထွေးခြင်းတွေ
အလိုက်တသိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့ သူမရဲ့
ကြင်နာခြင်းတွေ
ကျမကို ပျော်ရွှင်စေချင်တဲ့ သူမရဲ့မေတ္တာတွေ
အဲ့တာတွေက ကျမအပေါ်မှာ ခံစားချက်တစုံတရာ
မရှိပါပဲ ဖြစ်လာနိုင်မှာလား
ကျမဘက်ကပဲ နှလုံးသားတံခါးကို မဖွင့်ခဲ့မိတာလား
သူမရဲ့ချစ်ခြင်းကို မြင်နေရပါရက်နဲ့ လက်ခံယူဖို့
မေ့လျော့ခဲ့တာလား

🍀soul mate🍀Where stories live. Discover now