လေတိုးသံတွေနဲ့ ကမ်းခြေကို လှိုင်းတွေလာရိုက်ခတ်သံ
ကမ်းခြေရဲ့လေထုက ခြောက်သွေ့လား စိုစွတ်လား
ကျမ မခွဲတတ်ဘူး
ဆောင်းရာသီဆိုတော့ လေထုထဲမှာ
ရေငွေ့ကတော့နည်းနေမှာ
အခန်းရှေ့ကို ထွက်ပြီး ပတ်ဝန်းကျင်ကို
ငေးမောကြည့်နေတုန်း
ကျမမျက်ဝန်းထဲဝင်လာတဲ့သူမ
တဖက်ခန်းရဲ့အရှေ့မှာ ထိုင်နေခဲ့တယ်
စားပွဲပေါ်မှာလည်း ကော်ဖီတခွက်
သူမကလည်း ကျမဘက်ကို လှည့်ကြည့်နေခဲ့တယ်လေ
အကြည့်တွေကို လွှဲဖယ်ဖို့တော့ မတွေးမိဘူး"လူတယောက်ကို အဲ့လောက်ထိကြည့်ပြီးရင်
အဖိုးအခပေးရမယ်နော်"
"ဘာလဲ..ဒီအတိုင်းကြည့်လိုက်တာပဲကို
ပြီးတော့ အမဘက်ကပဲ ကြည့်နေတာမဟုတ်ဘူးလေ"သူမက မျက်ခုံးကိုပင့်တင်ပြီး ပြုံးလိုက်တယ်
တကယ်ပါ
အသက်ဝင်နေတဲ့ပန်းချီကားတချပ်လိုပဲ
သူမပုံစံက သဘာဝသိပ်ဆန်နေတာကြောင့်
သတိလက်လွတ် ငေးကြည့်နေမိခဲ့တာ
ပတ်ဝန်းကျင်နဲ့သူမက လိုက်လျောညီထွေ
ဖြစ်လွန်းတယ်"ညီမနဲ့ ခင်ချင်လား"
"မခင်ချင်ပါဘူး ဘာလို့အဲ့လိုတွေးရတာလဲ"
"ညီမကို အကြာကြီးကြည့်နေတယ်လေ
သဘောကျတယ်မဟုတ်လား
ညီမက သိပ်လှတာကြောင့်လေ"self-confidence များလိုက်တာ
ဘယ့်နှယ့်ကြောင့် အဲ့လိုပြောရတာလဲ"လှပမှုတခုကို ငေးကြည့်ရုံသက်သက်ပဲလေ
အဲ့ဒီနောက်မှာ ဘာအကြောင်းတရားတွေ
ရှိရဦးမှာလဲ"
"ညီမက ရှိစေချင်တယ်ဆိုရင်ရော"ဘာကိုလဲ
အပြစ်ကင်းတဲ့ပုံစံနဲ့ စူးရှလွန်းတဲ့သူမရဲ့အကြည့်တွေ
အနည်းငယ်ပွင့်လင်းလွန်းနေတယ်မဟုတ်လား
ဒါပေမယ့် သဘောမကျစရာတော့ မရှိပါဘူး
အဲ့ဒီပုံစံက သူမနဲ့လိုက်ဖက်တယ်"ဘာပြောချင်တာလဲ"
"ညီမနဲ့ကော်ဖီလာသောက်ပါလား
စကားအတူပြောလို့ရတာပေါ့"
"စကားပြောမယ် အဲ့လိုတွေးမထားပါဘူး"
"အနည်းဆုံးတော့ ညီမနဲ့စကားပြောချင်မယ်
ထင်ထားခဲ့တာ မဟုတ်ဘူးပဲ
ဘာပဲဖြစ်ဖြစ် အကြာကြီးကြည့်ထားတယ်မဟုတ်လား အခုချိန်ထိလည်း အကြည့်မလွှဲသေးဘူးလေ
အဲ့တော့ အပြန်အလှန်အနေနဲ့
ညီမနဲ့ကော်ဖီလာသောက်ပါ"
"မသောက်ချင်ပါဘူး"
KAMU SEDANG MEMBACA
🍀soul mate🍀
Romansa🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions