~ မင်းချစ်ရသူကို ဘယ်တော့မှ အဝါရောင်နှင်းဆီပန်းမပေးပါနဲ့
romantic အဓိပ္ပါယ်မရှိတဲ့ တခုတည်းသောနှင်းဆီက အဝါရောင်ပဲ
friend zone မှာပဲ နေချင်တယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တာကြောင့် ~"ဒီရက်ပိုင်း တအားပူတယ်နော်"
"ကျနော့ကို ချစ်တယ်လို့ ပြောလိုက်တာလား"
"ဟမ်.."လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ကျမ တဖက်စားပွဲက စကားဝိုင်းထဲ ကြားဖြတ်လိုက်မိတာ
တကယ်တော့ အဲ့လိုပြောဖို့ ရည်ရွယ်ချက်မရှိပါပဲ
နှုတ်ကနေ လွှတ်ခနဲထွက်သွားမိတာပါ
သူမကို သတိလက်လွှတ်ငေးနေမိရင်း ပေါက်ကရလုပ်မိပြီဆိုင်လေးက တောအစပ်က တောင်စောင်းလေးမှာ ရှိတာကြောင့် ကျမ ဒီရက်ပိုင်း အမြဲသွားခဲ့တယ်
တခြားရည်ရွယ်ချက်လည်း ပါတာပေါ့
တောင်ကြားက ချောင်းပေါ်မေးတင်ပြီး ဆောက်ထားတဲ့ဆိုင်ငယ်လေးပါ
ဆိုင်က သိပ်မကြီးပေမယ့် သဘာဝအသီးဖျော်ရည်တွေလည်း ရတာကြောင့်ရော
တောအုပ်ကလည်း ဆိုင်ပေါ်အုပ်မိုးနေတာကြောင့် အမြဲအေးမြနေတဲ့ ပတ်ဝန်းကျင်နဲ့
တောင်လေအေးကလည်း ဒီနေရာမှာ အမြဲတိုက်ခတ်နေတာ
အဓိကရည်ရွယ်ချက်က သူမကို မြင်တွေ့ရဖို့ပါ
သူမဆိုတာက ဒီဆိုင်ပိုင်ရှင်ရဲ့တူမ
အလုပ်ပိတ်ရက်မှာ ခဏ အလည်ပြန်ရောက်လာတာပါ"အိုး.. sorry
ကျနော်က fiction ဖတ်နေရင်း အဲ့လိုပြောလိုက်မိတာ
နှောင့်ယှက်မိသွားတာလား"သူမက မယုံသလို မျက်ခုံးကို ပင့်ပြီး ကြည့်တယ်
ဒါပေမယ့် ရုတ်တရက်ပဲ ကျမကို ရယ်ပြတယ်"ဒီကပဲလား.."
"ကျနော်က ဒီဇာတိပါ"
"ဒါပေမယ့် မမြင်ဖူးသလိုပဲ"
"သူက ဘယ်မှထွက်တာမဟုတ်ဘူး ဟန်နာရဲ့
အဲ့တာကြောင့် မသိကြတာ
ဒါပေမယ့် ဟန်နာသိမှာပါ
သူငယ်ငယ်က ဟန်နာ သွားသွားချီတယ်လေ"
"အဲ့ဒီကလေးလား
ရာလား"ဘာလို့များ ကျမက သူမချီခဲ့ဖူးတဲ့ကလေးတယောက်ဖြစ်ရတာလဲ
အဲ့တာဆို ကျမကို ဘယ်လိုလုပ်ပြီး လေးစားယုံကြည်မှုရှိနိုင်တော့မလဲ
relationship တခုမှာပဲဖြစ်ဖြစ် ဘယ်လိုဆက်ဆံရေးမှာမဆို လေးစားယုံကြည်မှုမရှိရင် ဘာမှမရှိနိုင်တော့ဘူးလေ
ပြီးတော့ ကျမကို ကလေးငယ်တယောက်လို
မြင်နေတော့မှာ
![](https://img.wattpad.com/cover/230560569-288-k136217.jpg)
ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions