*my roommate part 2*

118 10 0
                                    

"jiejie ငါတို့က ဘာတွေလဲ"
"သူငယ်ချင်းတွေလေ
အရင်းနှီးဆုံးသူငယ်ချင်း"
"ကျိုးကျိုး ငါ နင့်ကို ကြိုက်တယ်
တကယ်ကို ကြိုက်တာပါ
နင်က ငါ့အတွက် အလင်းရောင်
ရှင်သန်စေတဲ့ အကြောင်းပြချက်ပါ
ငါ နင်နဲ့ အမြဲတမ်းအတူရှိချင်တယ်"

ဝမ်ယိ သူမ မျှော်လင့်တကြီးနဲ့ ကျိုးကျိုးမျက်နှာကို မော့ကြည့်လိုက်တယ်

"ငါတို့ သူငယ်ချင်းအဖြစ်ပဲ ဆက်နေလို့မရဘူးလား အမြဲ အတူရှိကြမယ်လေ"
"မဖြစ်နိုင်ဘူး ကျိုးကျိုး
ငါချစ်နေတဲ့လူတယောက်ကို သူငယ်ချင်းအဖြစ်နဲ့ ဟန်‌မဆောင်နိုင်ဘူး"
"ဒါပေမယ့်.."
"ငါ ထွက်သွားတော့မယ်
နင့်ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး"

ကျိုးကျိုး သူမ ဝမ်ယိကို ပြောစရာစကားရှာမတွေ့ဘူး ဖြစ်နေတယ်
ဝမ်ယိလုပ်နေသမျှကို ငေးကြည့်နေရုံအပြင်
ဘာမှ မတတ်နိုင်ခဲ့ဘူး
ဝမ်ယိ သူ့ပစ္စည်းတွေကို လက်ဆွဲအိတ်ထဲထည့်နေတယ်
သူထွက်သွားတော့မယ့်အချိန်မှာ hao jingyi
ပြန်ရောက်လာတယ်

"ဝမ်ယိ ဒါဘာလုပ်တာလဲ"
"ငါ ထွက်သွားတော့မယ် ဒီနေရာမှာ ဆက်မနေနိုင်တော့ဘူး"
"ဘာလို့လဲ.."

ဝမ်ယိ ပြန်မဖြေခဲ့ပါဘူး
အဲ့ဒီအစား အကုန်လုံးကို ကျောခိုင်းပြီး
ထွက်သွားခဲ့တယ်
လမ်းမှာ yaoyao တို့နဲ့တွေ့ပြီး မေးတော့လည်း
သူမ နောက်ကိုတောင် လှည့်မကြည့်ခဲ့ပါဘူး
yaoyao တို့လည်း room 331 ကို သွားကြည့်တော့ ကျိုးကျိုးရဲ့ငိုသံကို ကြားလိုက်ရတယ်

"ဘာဖြစ်သွားတာလဲ"
"ဝမ်ယိ ငါ့ကို ဖွင့်ပြောခဲ့တယ်
ငါ လက်မခံလိုက်ဘူး
ဒါက ငါသူ့ကို မချစ်လို့မဟုတ်ပါဘူး
သူငယ်ချင်းလိုပဲနေရင် ဘယ်တော့မှ မခွဲရဘူးထင်လို့ ငါ သူနဲ့ မခွဲနိုင်ဘူး
ဒါပေမယ့် အခု ဝမ်ယိ ငါ့ကို မလိုချင်တော့ဘူး"

yaoyao တို့လည်း ကျိုးကျိုးအဖြစ်ကိုကြည့်ပြီး
ဘာလုပ်ပေးရမယ်မှန်း မသိတော့ဘူး
ကျိုးကျိုးအပြစ်လည်း မဟုတ်ပါဘူး
သူက ဝမ်ယိကို ဘယ်လိုမှ လက်လွှတ်မခံနိုင်တာကြောင့် အဲ့လိုတွေးမိတာ
အချစ်ဆိုတာမျိုးက တိကျတဲ့အဖြေမရှိပဲ
လူတိုင်းမှာရှိတဲ့ ခံယူချက်တိုင်းက မှန်နေတာမျိုးမဟုတ်လား
သူမတို့တောင်းဆုပြုမိတာက sqhy နှစ်ယောက်ကို အမြဲအတူရှိစေချင်တာပါပဲ

🍀soul mate🍀Where stories live. Discover now